#LocalNews
Published_14 March 2022
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်၊ တောနော် ရေတံခွန်အနီးမှာရှိတဲ့ တံတားကိုပြုပြင်ဖို့အတွက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ၃ ရက်ပိတ်မယ်လို့ ဒေသခံလူမှုကယ် ဆယ်ရေးအသင်းတွေက သိရပါတယ်။
#Yangon_Media_Group
Published 14 March 2022
ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါဘေးနှင့် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် လူနေမှုစရိတ်တွေမြင့်တက်လာပြီး ငွေကြေး ဖောင်းပွမှုတွေမြင့်တက်လာနေတာကို ဒီလပိုင်းအတွင်းမှာ ပြည်သူတွေ ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလှုပ်ရှားဆောင်ရွက်မှုတွေဟာ နိမ့်ကျနေဦးမယ်လို့ ဇန်နဝါရီလတုန်းက ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၆ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုနှစ်မှာ ၉ရာခိုင်နှုန်းအထိမြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်ရဲ့ဈေးတစ်ဈေးမှာ အစားအသောက်နှင့် လောင်စာဆီအပါအဝင် ကုန်ပစ္စည်းမျိုးစုံဈေးနှုန်းဟာ မြင့်တက်လာနေတာကို တွေ့ရှိခဲ့ပါတယ်။
Source: CMG
#LocalNews
Published -14 Mar 2022
ရန်ကုန်တိုင်းဒေသကြီး မြိုနယ်အသီးသီးမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေတာကြောင့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ ဟိုတယ်နှင့် တည်းခိုခန်းတွေအနေနဲ့ လုပ်ငန်းရပ်တည်ရေး အခက်အခဲဖြစ်လာနေတယ်လို သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_14 March 2022
လျှပ်စစ် သုံးစွဲသူတွေအနေနဲ့ မီးပြတ်ချိန် ၊ မီးလာချိန်ကို တိတိကျကျ မသိရတာကြောင့် အခက်အခဲ ဖြစ်နေကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 14 Mar 2022
၁။ မီးစက်အသုံးပြုဝန်ဆောင်မှုပေးနေရခြင်းကြောင့် ဟိုတယ်နှင့်တည်းခိုခန်းများ အခန်းခတိုးမြှင့်
၂။ လျှပ်စစ်မီးပေးချိန်ကို တိတိကျကျ အချိန်ဇယားရေးဆွဲထုတ်ပြန်ပေးမည်
၃။ မိုးလေဝသ သတင်း
၄။ တရုတ်နိုင်ငံတွင် စေ့စပ်လက်ထပ်ပွဲရာသီအတွင်း စိန်လက်ဝတ်ရတနာများအရောင်းသွက်.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 14 March 2022
တရုတ်နိုင်ငံ အကြီးတန်းအရာရှိ ယန်ဂျေချီဟာ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်နှင့် ဒီကနေ့ တနင်္လာနေ့မှာ အီတလီနိုင်ငံ ရောမမြို့တော်မှာ တွေ့ဖို့ရှိနေပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးရေးရာကော်မရှင်ညွှန်ကြားရေးမှူး ယန်ဟာ ဆူလီဗန်နှင့် တရုတ်အမေရိကန်ဆက်ဆံရေး၊နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ပြဿနာတွေကို အမြင်ချင်းဖလှယ်ကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တရုတ်နှင့်အမေရိကန်သမ္မတနှစ်ဦးတို့ အွန်လိုင်းဖြင့် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့စဉ်က ရရှိခဲ့ကြတဲ့ အရေးကြီးတဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့က ယခုအစည်းအဝေးရဲ့ အဓိကအချက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ယန်နှင့်ဆူလီဗန်တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တရုတ်- အမေရိကန်ဆက်ဆံရေးပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်ရေး အတူလုပ်ဆောင်ကြဖို့သဘောတူခဲ့ကြပါတယ်
Source CMG
Published 13 March 2022
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာဆာနာမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ရိုးရာ ဘာသာရေးပွဲတော် ဟိုလီရောင်စုံပွဲတော်ကို စတင်ကျင်းပနေပါတယ်။ အဲဒီပွဲဟာ ဟိန္ဒူတို့ရဲ့ ဒဏ္ဍာရီတွေကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပွဲတော်မှာ တစ်ဦးနှင့်တစ်ဦး ရောင်စုံအမှုန့်တွေ၊ရေတွေနှင့်ပက်ဖျန်းကြပြီး ပွဲကိုဆင်နွှဲကြပါတယ်။ အဲဒီအပြင် ဒိုင်းကာထားတဲ့ အမျိုးသားတစ်ဦးကို အမျိုးသမီးတွေက တုတ်ချောင်းတွေနှင့် ဝိုင်းရိုက်ကြတာတွေလည်းပါဝင်ပါတယ်။ တစ်နိုင်ငံလုံးအနေနှင့် မတ်၁၈ရက်နေ့မှာ ပွဲတော်ကျင်းပမှာဖြစ်ပါတယ်။
Source AFP
Page 1251 of 1295