Published 14 April 2022
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုန်း ပြည်နယ် ဆောင်ကွမ်းမြို့ရှိ မွေးမြူရေးစခန်းတစ်ခုတွင် ရှားပါးစွာမွေးဖွားလာခဲ့တဲ့ ကျား အမြွှာကလေးနှစ်ကောင်ရဲ့ ရက်၁၀၀ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ စနေနေ့က ဆင်နွှဲခဲ့ကြပါတယ်၊
လျင်ဟွားနှင့် ဖူးရုန်းလို့ အဲဒီကျားပေါက်အမြွှာညီအစ်မကို အမည်ပေးထားပါတယ်။ အဲဒီအမည်တွေဟာ ပန်းနာမည်တွေဖြစ်သလို ပြည်တွင်းနာမည်ကြီး တောင်တွေရဲ့အမည်လည်းဖြစ်ပါတယ်။ သူတို့ဟာ အခုတစ်ကောင်ကို ၁၂ ကီလိုဂရမ် ကိုယ်အလေးချိန်ရှိလာပြီး အသားတွေစစားနေပါပြီ။သူတို့ကို အခုသစ်ပင်တက်နည်းစသင်နေကြရပြီး သားရဲတိရစ္ဆာန်တွေဖြစ်လာဖို့ လေ့ကျင့်နေကြပါပြီ
တောင်တရုတ်ကျားမျိုးဟာ ရှားပါးကျားမျိုးဖြစ်ပြီး ပထမတန်းကာကွယ်ရဖို့ မျိုးစိတ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့ကို ကာကွယ်ဖို့အတွက် မွေးမြူရေးစခန်းက ဖန်တီးပြုလုပ်တဲ့ သားဖောက်နည်းနှင့် သားဖောက်ပေးနေတဲ့အတွက် ယခင်က (၂)ကောင်သာရှိခဲ့ရာမှ အခုဆို(၁၃)ကောင်အထိ တိုးပွားလာပြီဖြစ်ပါတယ်။
Source CMG
Published 13 April 2022
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် မြောက်ပိုင်းက မော်တော်ဆိုင်ကယ်ပြင်အလုပ်ရုံတစ်ခုမှာ ဧပြီ၁၂ရက် မနက်စောစောပိုင်းက မီးလောင်မှုဖြစ်ပွားတဲ့အတွက် မိသားစုဝင်(၅)ဦး သေဆုံးခဲ့ရပါတယ်။
မနက်၂နာရီခွဲအချိန်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး အလုပ်ရုံအတွင်းက အော်ဟစ်အကူအညီတောင်းသံတွေကြားရတယ်လို့ မျက်မြင်သက်သေတွေကပြောကြပါတယ်။
ဒါပေမယ့် အတွင်းက သော့ခတ်ထားတဲ့အတွက် ဆိုင်ရဲ့ သတ္တုရှပ်တာတံခါးကို ချိုးဝင်လို့မရဖြစ်ခဲ့ပါတယ်။မီးသတ်သမားတွေရောက်လာပြီး ဆိုင်ကို ဖျက်ဆီးဝင်ရောက်တဲ့အခါ မိသားစုဝင်(၅)ဦးစလုံး သေဆုံးနေတာတွေ့ကြရပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းနှင့်မီးလောင်ရတဲ့ကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
Source CMG
Published 12 April 2022
နယူးယောက်မြို့၊ ဘရွတ်ကလင်းက မြေအောက်ဘူတာရုံတစ်ခုမှာ ရုံးတက်ချိန် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ၁၃ဦး ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ ပေါက်ကွဲပစ္စည်းတွေ များစွာတွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်လူနာတင်ယာဉ်တွေဟာ အခင်းဖြစ်ပွားတဲ့ ၃၆လမ်းဘူတာရုံအပြင်ဘက်လမ်းပေါ်မှာ တန်းစီရပ်နားထားကြပါတယ်။ မနက်၈နာရီ၂၇မိနစ်မှာ အပစ်ခံရသူတစ်ဦးက ၉၁၁ကို ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့တာဖြစ်တယ်လို့ နယူးယောက်ရဲဌာနပြောရေးဆိုခွင့်ရအမျိုးသမီးကပြောပါတယ်။
ရထားတွဲတစ်တွဲထဲမှာ စပစ်ခတ်တာကို သူမြင်တယ်လို့ လူတစ်ဦးက ပြောပါတယ်။
ကျူးလွတ်သူဟာ ယခုထက်ထိလွတ်မြောက်နေဆဲဖြစ်ပါတယ်လို့ မန်ဟန်တန်ခရိုင်ဥက္ကဋ္ဌ မာ့ခ်လီဗိုင်း ကပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ကို ဖြစ်ပျက်တာတွေတင်ပြထားပြီး သမ္မတဟာ နယူးယောက်အရာရှိတွေနှင့်ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
Source AFP
Published 12 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ရုရှားသမ္မတပူတင်နှင့်ရင်ဆိုင်တဲ့အခါ ဒီမိုကရေစီနိုင်ငံတွေ အတူတကွရပ်တည်သင့်တယ်လို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ရန် ဂျန်ရှန်ကာ
နှင့် ဧပြီ ၁၁ ရက်က ဝါရှင်တန်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကလည်း တကယ်တမ်းတော့ အိန္ဒိယထက် ဥရောပကသာ ရုရှားက စွမ်းအင်တွေ ပိုဝယ်နေတာဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
Source AFP
Published 11 April 2022
တောင်အာဖရိကနိုင်ငံရှိ ကျယ်ပြောလှတဲ့သဘာဝဘေးမဲ့တောကြီးထဲက ခရူဂျာအမျိုးသားဥယျာဉ်ထဲမှာ အသုံးမပြုတော့ဘဲစွန့်ပစ်ထားတဲ့ရထားလမ်းပေါ်ရှိ ရထားတွဲတွေကိုဇိမ်ခံဟိုတယ်အဖြစ်ပြောင်းလဲဆောက်လုပ်လိုက်ပါတယ်။
အဆိုပါမီးရထားဟိုတယ်ကြီးဟာ တံတားတစ်ခုပေါ်မှာ ခုတ်မောင်းသွားလာခြင်းမရှိတော့ဘဲအမြဲရပ်တန့်ထားထာဖြစ်ပြီး လာရောက်လည်ပတ်တဲ့ခရီးသည်တွေကတော့ ရထားပေါ်ကနေ တောရိုင်းထဲရှိတိရိစ္ဆာန်ဥယျာဉ်ကမ္ဘာကို ငေးမောကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
တံတားတစ်နေရာမှာ ရေကန်ငယ်လေးတစ်ခုကိုတည်ဆောက်ထားပြီး ညနေဆည်းဆာချိန်မှာ ကော်ဖီလက်ဖက်ရည်သောက်ရင်း လေညင်းခံအနားယူနိုင်မှာဖြစ်ပါတယ်။
တံတားပေါ်ကကြည့်ရှုရတဲ့မြင်ကွင်းတွေထဲမှာ မျောက်လွှဲကျော်၊ ရေမြင်း၊ ကျားသစ်၊ တောဆိတ်စတဲ့ သတ္တဝါတွေ သူတို့သဘာဝအတိုင်းသွားလာလှုပ်ရှားနေကြတာကို တွေ့မြင်ရပါတယ်။
Source AFP
Published 11 April 2022
“ပဋိပက္ခ အမြင့်ဆုံးအချိန်ဖြစ်သွားပြီးရင်လည်း အဆုံးမှာတော့ နိုင်ငံရေးဆွေးနွေးမှုနှင့်ပဲ အဆုံးသတ်ရတာပဲ။ ပြောကြစို့ဆိုရင် နိုင်ငံအလိုက်ဖြစ်တဲ့ စစ်ပွဲတွေပဲဖြစ်ဖြစ် ကမ္ဘာ့စစ်ကြီးတွေမှာတောင်မှ နောက်ဆုံးစာပွဲဝိုင်းနှင့်ပဲအဆုံးသတ်ရတာပဲ”
ဦးကိုကိုကြီး-ဥက္ကဋ္ဌ-ပြည်သူ့ပါတီ
ရုပ်သံကြည့်ရှုရန်..
Published 11 April 2022
တောင်ကိုးရီးယားနိုင်ငံမှာ အသက်(၉)နှစ်နှင့်အောက် ကလေးသူငယ်တွေအားလုံးရဲ့ တစ်ဝက်ခန့်ဟာ ကိုဗစ် ကူးစက်ခံခဲ့ကြရတယ်လို့ တောင်ကိုးရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးဌာနKDCAက ပြောပါတယ်။
အဆိုပါဌာနရဲ့ ပြီးခဲ့တဲ့ စနေနေ့က သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်ခံရတဲ့ အသက်(၉)နှစ်နှင့်အောက် ကလေးသူငယ်တွေစုစုပေါင်းဟာ ၁,၈၈၇,၃၃၇ ဦး( ၁.၈၉ သန်းနီးပါး)ရှိတယ်လို့ သိရပါတယ်။ ဆိုလိုတာက အဲဒီ အသက်အရွယ်အုပ်စု တစ်သိန်းမှာ ၅၀,၁၉၀ ဦးကူးစက်ခံနေရတာဖြစ်ပါတယ်။ အခြားအသက်အုပ်စုတွေနှင့် ယှဉ်ရင် ဒီအသက်အုပ်စုဟာ ကူးစက်မှုအမြင့်ဆုံးဖြစ်နေပါတယ်။
အခြားအသက်အုပ်စုတွေထဲမှာ အသက်၁၀နှစ်နှင့် ၁၉နှစ်အကြားဟာ ဒုတိယမြောက် ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး လူတစ်သိန်းမှာ ၄၃,၂၈၉ ဦးကူးစက်ခံနေရတာဖြစ်ပါတယ်။
ဖေဖော်ဝါရီနှင့် မတ်လတွေမှာ အိုမီခရွန်မျိုးကွဲ နိုင်ငံအနှံ့ပျံ့နှံ့ကူးစက်မှုတွေကြောင့် ကိုဗစ်ကပ်ရောဂါဟာ တောင်ကိုးရီးယားမှာ ခပ်မြန်မြန်မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် နေ့စဉ်ကူးစက်မှုတွေဟာ မြင့်တက်လာနေပြီး မတ်၁၇ရက်တစ်ရက်တည်းမှာ လူပေါင်း ခြောက်သိန်းနှစ်သောင်းကျော် ကူးစက်ခံခဲ့ရပါတယ်။ အဲဒီအရေအတွက်ဟာ တောင်ကိုးရီးယားမှာ ကိုဗစ် စတင်ကူးစက်ကတည်းက အမြင့်ဆုံးဖြစ်ပါတယ်။
တောင်ကိုးရီးယားဟာ မတ်လလယ်တုန်းက အသက်၁၂နှစ်နှင့် ၁၇နှစ်အကြား ကလေးသူယ်တွေကို အားမြှင့်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပါတယ်။ မတ်လအကုန်မှာတော့ အသက် ၅နှစ်နှင့် ၁၁နှစ်အကြားကလေးတွေကို ကာကွယ်ဆေး စတင်ထိုးပေးခဲ့တယ်လို့ ယွန်ဟပ် သတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။
ဆယ်ကျော်သက်တွေ ကိုဗစ်ကူးစက်ခံနေရတဲ့အတွက် အများပြည်သူတွေ အထူးသဖြင့် မိဘတွေဟာ စိတ်ပူပန်မှုတွေ ရှိလာနေပါတယ်။ မိဘတော်တော်များများက သူတို့ကလေးတွေ ကျောင်းပျက်မှာကို မလိုလားကြပါဘူး။
တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မတ်၂၉ရက်နှင့် ဧပြီ ၄ ရက်အကြားမှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ တစ်သိန်းကျော် ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ အဲဒီအချက်အလက်တွေအရ တစ်ရက် တစ်ရက်ကို အလယ်တန်းကျောင်းသား တစ်သောင်းလေးထောင်ကျော် ကူးစက်ခံနေရတဲ့ သဘောပဲဖြစ်ပါတယ်။
ဒီလအကုန်ပိုင်းမှာ မူလတန်းနှင့် အလယ်တန်းတွေ နှစ်ဝက်စာမေးပွဲတွေ စစ်ဖို့ရှိနေပါတယ်။ ကိုဗစ်ကူးစက်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေဆိုခွင့်မပေးဘူးလို့ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့တယ်။ ဒါပေမယ့် သူတို့ အရင်ရခဲ့တဲ့ အမှတ်တွေအပေါ် အခြေခံပြီး အမှတ်သတ်မှတ်ပေးမယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုတွေဖြစ်လာခဲ့ပါတယ်။ မိဘတော်တော်များများက အဲသလိုဆိုရင် သူတို့သားသမီးတွေ အမှတ်လျှော့ခံကြရမှာနှင့် အဲဒါက အနာဂတ်မှာ ကောလိပ်ကျောင်းလျှောက်တဲ့အခါ အခက်ဖြစ်စေနိုင်မှာကို စိတ်ပူပန်နေကြပါတယ်။
မိဘတွေနှင့် ကျောင်းသူကျောင်းသားတွေဆီက အသနားခံမှုတွေအများအပြားရရှိပြီးနောက် ကိုဗစ်ကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသားတွေ နှစ်ဝက်စာမေးပွဲဖြေနိုင်မယ့် အခြေအနေကို ပြန်သုံးသပ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ စနေနေ့ညက ကိုဗစ် ကူးစက်မှုအသစ် ၁၆၄,၄၈၁ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူပေါင်း ၁၅,၃၃၃,၆၇၀ရှိပြီဖြစ်ပါတယ်။
Source CMG
Page 1237 of 1304