#LocalNews
Published_10 October 2022
လာမယ့် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ရောင်းချမည့် မီးလင်းရွှေအတုံးအခဲ (၁၀) ပိဿာကျော်ရောင်းဈေးမှာ ပေါက်ဈေးထက် အနည်းငယ်လျှော့ရောင်းပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 October 2022
အင်ဒိုနီးရှားထုတ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲတွေမှာ ခွင့်မပြုတဲ့ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရလို့ ဘေးမကင်းကြောင်း နိုင်ငံရပ်ခြားကသတင်းတွေကို မြန်မာFDA ရရှိထားပြီဖြစ်လို့ မြန်မာနိုင်ငံက ဈေးကွက်အတွင်းတွေ့ရှိပါက ပြန်သိမ်းခိုင်းဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_10 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ ပြည်ပကို ပဲတန်ချိန် ၈ သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၃၇ ဒသမ ၁၄ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 10 October 2022
၁။ ၆ လတာကာလအတွင်း ပြည်ပသို့ပဲတန်ချိန် ၈ သိန်းကျော်တင်ပို့ထား
၂။ Mie Sedaap တံဆိပ်ခေါက်ဆွဲများဘေးမကင်းသည့်နိုင်ငံရပ်ခြားသတင်းများ မြန်မာFDAရရှိထား၍ မြန်မာ့ဈေးကွက်အတွင်းတွေ့ရှိပါကပြန်သိမ်းခိုင်းမည်
၃။ ရောင်းချမည့် မီးလင်းရွှေအတုံးအခဲ (၁၀) ပိဿာကျော်ရောင်းဈေးမှာ ပေါက်ဈေးထက် အနည်းငယ်လျော့မည်ဟု YGEA ပြော
၄။ ၂၀၂၉ အာရှဆောင်းရာသီပြိုင်ပွဲကြီးအား ဆော်ဒီကန္တာရမြို့တော်ကြီးမှ လက်ခံကျင်းပသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 October 2022
ယာဉ်မတော်တဆမှုကြောင့်'ပွင့်နေခြည်'ဇာတ်အဖွဲ့သား သေဆုံးသူ(၁၁)ဦး၊ထိခိုက်ဒဏ်ရာရရှိသူယာဉ်မောင်းအပါအဝင်(၁၇)ဦးရှိခဲ့တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Published 10 October 2022
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ်အပါအဝင် မြို့တော်တော်များများ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်လို့ ယူကရိန်းသမ္မတရုံးက ကြေညာပါတယ်။
ခရိုင်းမီးယားကို ဆက်သွယ်တဲ့ တံတားပေါ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် ရုရှားက အပြစ်တင်အပြီး နောက်တစ်ရက်မှာ ဒုံးကျည်တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့တာပါ။
ယူကရိန်းဟာ ဒုံးကျည်တိုက်ခိုက်မှုတွေခံရတယ်။ နိုင်ငံရဲ့ မြို့တော်တော်များများ အတိုက်ခိုက်ခံရတာဖြစ်တယ်။ အမိုးအောက်မှာနေကြပါ လို့ သမ္မတရုံးဒုတိယအကြီးအကဲ ကိုင်လိုတိုင်မိုရှန်ကိုက ဆိုရှယ်မီဒီယာမှာပြောပါတယ်။
ကိဗ်ကို ရုရှား နောက်ဆုံးတိုက်ခိုက်ခဲ့တာက ဇွန်လ ၂၆ ရက်နေ့ကဖြစ်ပါတယ်။
မြို့တော်ဟာ ရုရှားအကြမ်းဖက်တိုက်ခိုက်မှုခံနေရတယ်လို့ ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြို့တော်မှာ ကားတွေ ပျက်စီးထိခိုက်ခဲ့တာကိုတွေ့ရပြီး လုံခြုံရေးနှင့် အရေးပေါ်တပ်ဖွဲ့တွေဟာ ဒုံးကျည်ထိမှန်တဲ့နေရာတွေမှာ ရောက်ရှိအလုပ်လုပ်နေကြပါတယ်။
Source AFP
#Kyiv_Missiles_Strike
#Ukraine
#Russia
Published 9 Oct 2022
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ခက်ခဲတဲ့ လမ်းခွဆုံကို ရောက်နေပြီလို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ က သတိပေးလိုက်ပါတယ်။ ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်ခြင်း၊အတိုးနှုန်းများတက်နေခြင်းနှင့် ကျယ်ပြန့်လာနေတဲ့ အကြွေးအကျပ်အတည်းတွေအပါအဝင် များလှစွာသော ဆိုးရွားမှုတွေရိုက်ခတ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတစ်ခုရောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော့ဂီဗာ က ပြောပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းကို ခံနိုင်ရည်ရှိစေဖို့ အဖွဲ့အစည်းတွေဟာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားနေတယ်လို့လည်း သူမက ပြောပါတယ်။
Source AFP
#IMF
#Global_Economy
#Global_Economy_Crisis
Page 1047 of 1294