#Health_Matters
Published - 8 Oct 2022
- ဆင်တုပ်ကွေးလို့ ဘာဖြစ်လို့ခေါ်ကြတာလဲ။ အခြားတုပ်ကွေးတွေနှင့်ဘာကွာသလဲ??
#Yangon_Media_Group
#Local_News
Published_ 7 October 2022
အောက်တိုဘာလ(၈)ရက်မှ (၁၂)ရက်အတွင်း မြန်မာနိုင်ငံမှ မုတ်သုန်လေအပြီးဆုတ်ခွာသွားဖို့ ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_Industry
Published 7 October 2022
ကုန်ကြမ်းပစ္စည်းများဈေးတက်ပြီး ဆက်သွယ်ရေးမကောင်းပေမယ့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ အရုပ်စက်ရုံလုပ်ငန်းကတော့ အဆင့်မြှင့်တင်ခြင်းနဲ့ ဆန်းသစ်တီထွင်မှုများမှတဆင့် ပုံမှန်တိုးတက်လျက်ရှိပါတယ်။
#Yangon_Media_Group
Published 7 Oct 2022
ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာဟာ အနည်းဆုံး လူ၃၆ ဦးသေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက် နောင်ဘွာလမ်ဖူးပြည်နယ်မှာရှိတဲ့ ကလေးထိန်းဌာနနေရာကို သွားရောက်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ အရာရှိတွေခြံရံလျက် ထိုင်းနိုင်ငံရဲ့ အဆိုးရွားဆုံး အစုလိုက်သတ်မှုတွေထဲကတစ်ခုမှာ သေဆုံးခဲ့ကြရသူတွေအတွက် လွမ်းသူ့ပန်းစည်းချခဲ့ပါတယ်။
ဒီမနက်စောစောပိုင်းမှာ ထိုင်းဘုရင်မင်းမြတ်ကိုယ်စား အဖြူရောင်ယူနီဖောင်းဝတ်ဆင်ထားတဲ့ အရာရှိငယ်တစ်ဦးကလည်း ကြီးမားတဲ့ လွမ်းသူ့ပန်းခွေလာရောက်ချခဲ့ပါတယ်။
နှလုံးကြေကွဲနေကြတဲ့ မိဘတွေဟာ နေဝင်တော့မယ့်အလင်းရောင်အောက်က ကလေးထိန်းဌာနရဲ့ လှေကားထစ်တွေပေါ် အဖြူရောင်နှင်းဆီပွင့်တွေ လာရောက်ချခဲ့ကြပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး၂၄ ဦးပါဝင်ပြီး ယောကျ်ားလေး ၂၁ ဦးနှင့် မိန်းကလေး၃ ဦးတို့ဖြစ်ပါတယ်။ ကျန်၂၁ ဦးကလူကြီးတွေဖြစ်ပါတယ်။
အလုပ်ထုတ်ခံရတဲ့ ရဲကြပ်ပြီးပန်ယာခါရက်ဟာ တရားဝင်ဝယ်ထားတဲ့ ၉ မမပစ္စတိုနှင့် ဓားတစ်လက်ကိုင်ဆိုင်ပြီး အဲဒီ ကလေးထိန်းဌာနကို ကြာသပတေးနေ့ မွန်းလွဲ ၁၂နာရီခွဲမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အီဲဒနောက် အိမ်ကိုပြန်ပြီး ဇနီးနှင့်သားကိုပါပစ်သတ်ကာ ကိုယ့်ကိုကိုယ်ပါ သေနတ်နှင်ပစ်ပြီး အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။
Source AFP
#Thailand
#Thailand_Nursery_Mass_Shooting
#Prayut_Chan-O-Cha
#Local_News
Published_7 October 2022
နစက အစိုးရကနေ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေတာကြောင့် ရွှေဈေးနှုန်းဟာ ငြိမ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ဒီနှစ်ပွင့်လင်းရာသီအစမှာ ပြည်တွင်းခရီးသွားလုပ်ငန်းဟာ သိသာစွာတိုးတက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 7 October 2022
၁။ ငါး ပုစွန် ဖမ်းဆီးမှုအား ရုရှားနိုင်ငံမှနည်းပညာဖြင့် လုပ်ဆောင်သွားမည်
၂။ ပြည်တွင်းခရီးသွားလုပ်ငန်း နှစ်လအတွင်း သိသာစွာတိုးတက်လာမည်ဟု UMTA ဥက္ကဋ္ဌပြော
၃။ အစိုးရမှ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေခြင်းကြောင့် ရွှေဈေးငြိမ်နေခြင်းဖြစ်သည်ဟုဆို
၄။ တရုတ်ပြည်ရှိ အရုပ်စက်ရုံလုပ်ငန်းများ တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1050 of 1294