#LocalNews
Published -21 May 2022
မိုးရွာလို့၊ မိုးကြီးလို့ လူတွေသိပ်မထွက်တာကတစ်ကြောင်း၊ အင်တာနက်ကနေပဲ သတင်းတွေဖတ်ကြတာကတစ်ကြောင်းကြောင့် ရန်ကုန်မှာ ဂျာနယ်နဲ့သတင်းစာရောင်းအားတွေ ထက်ဝက်လောက်ထပ်မံကျဆင်းလာတယ်လို့ ဂျာနယ်၊ သတင်းစာရောင်းချသူတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 21 May 2022
၁။ ရန်ကုန်တွင်ဂျာနယ်၊ သတင်းစာများ ရောင်းအားထက်ဝက်လောက်ထပ်မံကျဆင်း။
၂။ ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင် ၃ မြို့နယ်အား ဆိုင်ကယ်မစီးရ မြို့နယ်များအဖြစ်သတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြောင်းလဲဖန်တီးလာသည့်ဂျပန်တို့၏ တိုင်ကိုဒရမ်တီးခတ်ခြင်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 20 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေ၂၀ရက်သောကြာနေ့မှာ တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ သူ့ရဲ့တောင်ကိုးရီးယားခရီးစဉ်ဟာ သူ့အတွက် အမေရိကန်ခေါင်းဆောင်တစ်ဦးအနေနှင့် အာရှရဲ့ပထမဆုံးခရီးဖြစ်ပြီး မြောက်ကိုးရီးယား နျူကလီးယားစမ်းသပ်မှု ကြီးထွားလာနေတဲ့အပေါ် ဒေသဆိုင်ရာ လုံခြုံရေးမဟာမိတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးချည်နှောင်ဖို့ဖြစ်ပါတယ်။
သူဟာ တောင်ကိုးရီးယားသမ္မတ ယွန်ဆောက်ယိုနှင့် ဆိုးလ်မြို့အပြင်ဘက် ဆမ်ဆောင်းအဆောက်အအုံမှာ တွေ့ဆုံပါတယ်။
ဘိုင်ဒင်ဟာသူ့ခရီးစဉ်မှာ တစ်နှစ်ရှည်ကြာပြီဖြစ်တဲ့ အမေရိကန်ရဲ့ အာရှမဏ္ဍိုင်ပြုမှုကို ထပ်မံအရှိန်မြှင့်လိုနေပါတယ်။အာရှဒေသမှာ တရုတ်ရဲ့စီးပွားရေးရဲ့စစ်ရေးပါဝါတွေမြင့်တက်မှုတွေက ဝါရှင်တန်ရဲ့ကြီးစိုးမှုတွေကို လျှော့ချနေတာဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့အပတ်ကမှ သမ္မတတာဝန်ယူလာတဲ့ အမေရိကန်လိုလားတဲ့ သမ္မတသစ်ယွန်ဆောက်ယိုက နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ မြောက်ကိုးရီးယားရဲ့ ခန့်မှန်းရခက်တဲ့ ခေါင်းဆောင်ဟာ ဘိုင်ဒင်ရဲ့အာရှခရီးစဉ်အတွင်း နျူကလီးယားစမ်းသပ်မှုတွေလုပ်မှာကိုလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ကျွန်တော်တို့ဒေသထဲမှာရှိတုန်း ရန်လိုတဲ့ပုံစံတစ်ခုခုလုပ်မယ့် အန္တရာယ်က တစ်ကယ်ရှိနေတာပါ လို့ အမေရိကန်လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်ကပြောထားပါတယ်။
ဘိုင်ဒင်က တောင်ကိုးရီးယားကနေ ဂျပန်ကိုဆက်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဩစတြေလျ၊အိန္ဒိယ၊ဂျပန်နှင့်အမေရိကန်တို့ပါဝင်တဲ့ Quad လေးပြည်ထောင်အဖွဲ့ထိပ်သီးအစည်းအဝေးတက်ရောက်မှာ ဖြစ်ပါတယ်။
Source AFP
#WorldCampaign
Published 20 May 2022
လူသားတွေ လစဉ်လတိုင်းစွန့်ပစ်လိုက်တဲ့ အမှိက်သရိုက်တွေဘယ်လောက်များလဲဆိုတာပြသဖိုအတွက် အမေရိကန်မှ’ရော့ဘ်ဂရင်းဖီးလ်’ဆိုသူဟာ အမှိုက်တွေကိုချိတ်ဆွဲပြီး တစ်လလုံးလျှောက်သွားနေခဲ့ပါတယ်။
#Yangon_Media_Group
Published 20 May 2022
မိုးလေဝသပညာရှင်တွေက ရေလွှမ်းမိုးမှုတွေဖြစ်မယ်လို့သတိပေးထားတဲ့အတိုင်း အိန္ဒိယနိုင်ငံ နေရာအတော်များများမှာ ဗုဒ္ဓဟူးနေ့က ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးပြီးမြေပြိုမှုတွေဖြစ်ခဲ့လို့ အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံးလူ(၁၀)ဦး သေဆုံးခဲ့ရပါတယ်။
ကမ္ဘာ တစ်လွှားမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ရာသီဥတုတွေဟာ ရေကာတာတည်ဆောက်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် အလွန်အကျွံဖြစ်နေတဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတွေကြောင့် တောင်အာရှမှာပိုဆိုးမယ်လို့ ပညာရှင်တွေက သတိပေးထားတာပါ။
အာသံနှင့် အခြား အရှေ့မြောက်ပြည်နယ်တွေ၊တောင်ပိုင်းက တမီနာဒူး၊ကာနက်တာကာနှင့် ကာရာလာပြည်နယ်တွေမှာ မိုးသည်ထန်လိမ့်မယ်လို့ မိုးဇလဌာနက ဆက်တိုက် သတိပေးထားပါတယ်။
မုတ်သုန်ရာသီမရောက်ခင်မှာ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ဗုဒ္ဓဟူးနေ့က အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ အနည်းဆုံးလူရှစ်ဦးသေဆုံးခဲ့ရပြီး လူပေါင်း ရှစ်သန်းကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီမာဟာဆောင်ခရိုင်က အစွန်အဖျားရွာကလေးတစ်ရွာမှာ မြေပြိုမှုဖြစ်တဲ့အတွက် အိမ်တစ်အိမ်ဟာမြေကြီးအောက် ရောက်သွားပြီး လူလေးဦးသေဆုံးခဲ့ရပါတယ်။ မြေပြိုမှုကြောင့် ရထားလမ်းကိုလည်းပိတ်ဆို့မှုဖြစ်ပြီး အဲဒီဒေသကို ကယ်ဆယ်ရေးပစ္စည်းတွေပိုဆောင်ပေးဖို့ ခက်ခဲနေပါတယ်။
ပတ်ဝန်းကျင်တောင်တန်းတွေက ကျလာတဲ့ ရွံ့နွံတွေကြောင့် ရထားတစ်စီး လမ်းချော်ခဲ့ရပါတယ်။
ရွာသား ၃၀၀ခန့်ကို ကယ်ထုတ်ခဲ့ရတယ်လို့လည်း အိန္ဒိယစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
တောင်ပိုင်း ကာနာတာကာပြည်နယ်မှာ အင်္ဂါ်နေ့က အနည်းဆုံးလူနှစ်ဦးသေဆုံးခဲ့ရတယ်လို့ မီဒီယာတွေကပြောပါတယ်။
မိုးစရွာနေချိန်မှာ ဘင်ဂါလာရုမှာရှိတဲ့ ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုထဲ ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရေတွေမြင့်တက်လာတာကို လွတ်အောင် မရှောင်နိုင်ခဲ့ကြဘူး လို့ အိန္ဒိယ အိတ်စ်ပရက်စ်က ရေးသားခဲ့တာဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 20 May 2022
ရန်ကုန်-ပဲခူး ယာဥ်လိုင်းသစ်တွင် ယာဥ်အစီးရေတိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပဲခူး (ကလိ)အထိ ရောက်ရှိမှာဖြစ်တယ်လို့ အဆိုပါ ယာဥ်လိုင်းကုမ္ပဏီထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 May 2022
ရန်ကုန်မြစ်ဝနဲ့မော်လမြိုင်အနီး မုတ္တမပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်နဲ့မော်လမြိုင်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကြီးတာ၊ လေပြင်းတိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက သတိပေးပြောကြားထားပါတယ်၊၊
#Yangon_Media_Group
Page 960 of 1059