#Asia_Industry
Published 16 December 2022
အနောက်တိုင်းနိုင်ငံတွေမှ သုံးစွဲသူများက အသုံးစရိတ်ကိုလျှော့ချလာတာကြောင့် ဗီယက်နမ်စက်ရုံလုပ်သားသောင်းနဲ့ချီပြီး အလုပ်ဆုံးရှုံးလာကြရပါတယ်။
#Yangon_Media_Group
Published 16 December 2022
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဟာ ဇနီးဖြစ်သူ နာရာပွန်ချန်အိုချာနှင့်အတူ ဆေးရုံတက်ကုသခံနေရတဲ့ မင်းသမီး ဗဂျာကီတီရာဗာ မဟီဒေါ အတွက် ဆေးရုံသို့သွားရောက်ကာ ဆုမေတ္တာပန်းစည်းတွေ ပေးပို့ပြီး ဆုတောင်းစာအုပ်မှာ လည်း ကျန်းမာစေကြောင်း ဆုတောင်းမေတ္တာစာလွှာတွေရေးသားခဲ့ပါတယ်။
ထိုင်းဘုရင့် အကြီးဆုံးသမီးတော် မင်းသမီးဟာ ဗုဒ္ဓဟူးနေ့က နှလုံးရောဂါကြောင့် သတိမေ့သွားခဲ့တဲ့အတွက် ဘန်ကောက်ရှိ ချူလာလောင်ကွန်းဆေးရုံသို့ လေယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။
Source AFP
#Princess_Bajrakitiyabha_Mahidol
#Thailand_Princess_hospitalized
#Thailand_PM_Prayut_Chan-O-Cha
#Local_News
Published_16 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၆ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_16 December 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲက ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှု ပြုလုပ်နေတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် အများကြီးတိုးတက်လာပေမယ့် ကိုဗစ်မတိုင်ခင်ကထက် လျော့နည်းနေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 december 2022
လက်ရှိ မွေးမြူရေးငါးဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 16 December 2022
၁။ ဝယ်လက်နည်းပြီး အအေးခန်းလိုအပ်ချက်များကြောင့် မွေးမြူရေးငါးဈေးကွက် ကျဆင်းနေ
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက်တိုးတက်လာသော်လည်း ကိုဗစ်မတိုင်ခင်ကထက် လျော့နည်း
၃။ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ပိုမိုရရှိခဲ့
၄။ အနောက်နိုင်ငံများမှ မှာယူမှုများလျော့နည်းလာခြင်းကြောင့် ဗီယက်နမ်စက်ရုံအလုပ်သမများ အလုပ်အကိုင်ဆုံးရှုံးလာရ
#Yangon_Media_Group
#Local_News
Published_ 16 December 2022
မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းစတဲ့ဒေသတွေမှာ ငလျင်လှုပ်ခတ်နိုင်ခြေတွေရှိတဲ့အတွက် သတိပြုနေထိုင်ကြဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုမင်းထွေးက ပြောပါတယ်၊၊
#Yangon_Media_Group
Page 940 of 1262