#World_Discovery
Published 1 August 2022
ပနားမားအတ္တလန်တိတ် ဆိပ်ကမ်းတစ်ခုက အလုပ်သမားတွေက စပိန်ကနေ သင်္ဘောနဲ့ပြန်ပါလာတဲ့ ကွန်တိန်နာအလွတ်တစ်ခုကို ဖွင့်ကြည့်လိုက်ရာမှာ အသက်ရှင်နေသေးတဲ့ ခွေးလေးတစ်ကောင်ကို အံ့အားသင့်စရာတွေ့ရှိခဲ့ကြပါတယ်။
#Yangon_Media_Group
Published 1 August 2022
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC (အိုင်စီစီ)ကို ဖိလစ်ပိုင်အနေနှင့် ပြန်ဆက်သွယ်ဖို့ အစီအစဉ် မရှိဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျုနီယာက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ ကြောက်မက်ဖွယ် မူးယစ်စစ်ပွဲအတွက် သမ္မတဟောင်းအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုကို တရားလိုရှေ့နေတွေက ပြန်လည်စတင်ဖို့ ကြံဆနေကြချိန်မှာ သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ ဖိလစ်ပိုင်အနေနှင့် အိုင်စီစီကို ပြန်ဆက်သွယ်ဖို့ ရည်ရွယ်ချက်မရှိဘူး” လို့ စုံစမ်းစစ်ဆေးမှုတွေကို သူပူးပေါင်းမှာ မဟုတ်တဲ့အကြောင်း ယခင်ကတည်းက အရိပ်အယောင်ပြပြောဆိုခဲ့ဖူးတဲ့ သမ္မတမားကို့စ်ဂျူနီယာ က သတင်းထောက်တွေကို ပြောခဲ့တာပါ။
Source AFP
#Philippines_ICC_Probe
#Drug_War_Philippines
#Ferdinand_Marcos_Jr
#Local_News
Published -1 August 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအချို့မှာ ယာဉ်စီးခနှုန်းထားတွေကို ခရီးစဉ်အကွာအဝေးပေါ်မူတည်ပြီး ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်အထိ ပြောင်းလဲကောက်ခံနေ ကာ ၅၀၀၊ ၁၀၀၀ ကောက်ခံပါကအရေးယူဆောင်ရွက်သွားမယ်လို့ YRTC ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published -1 August 2022
ရှားရှားပါးပါးဆေးဝါးကလွဲရင် အခြားဈေးကြီးတဲ့ဆေးဝါးတွေကအစ အခမဲ့ထုတ်ပေးနေပြီး HIV ဆေး၊ ဆေးယဉ်ပါးတီဗွီဆေး၊ ငှက်ဖျားဆေးတွေကို ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အခမဲ့ဆေးပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
Published 1 August 2022
ငြိမ်းချမ်းရေးအတွက် တံခါးကျယ်ကျယ်ဖွင့်ထားတယ်လို့ နစက ဥက္ကဋ္ဌလည်းဖြစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်လိုက်ပါတယ်။
နစက ၁၈လတာကာလ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ မိန့်ခွန်းတစ်ရပ်ကို ဒီကနေ့ ဩဂုတ်(၁)ရက်နေ့က ပြောကြားရာမှာ ဗိုလ်ချူပ်မှူးကြီးက အဲသလိုပြောကြားခဲ့တာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို သူကိုယ်တိုင် ဖိတ်ခေါ်ဆွေးနွေးခဲ့ရာမှာ ဆွေးနွေးပြီးသမျှတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လက်ခံကြတယ်လို့လည်း သူကပြောပါတယ်။
အခြေခံဥပဒေကိုပြင်ဆင်ရာမှာ လွှတ်တော်ကသာ ပြင်ဆင်နိုင်တဲ့အတွက် တိုင်းရင်းသားပါတီတွေ ဒေသပါတီတွေ လွှတ်တော်ထဲရောက်လာဖို့လိုအပ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံမှာကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ FPTP စနစ်အပြင် အချိုးကျ ကိုယ်စားပြုစနစ် PR ကိုပါ ထည့်သွင်းဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
#Senior_generl_Min_Aung_Hlaing
#Myanmar_Politics
#Myanmar_Peace_Process
#Local_News
Published _ 1 August 2022
ပြည်တွင်းစားအုန်းဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် စားအုန်းဆီဈေးနဲ့ ဈေးသိပ်မကွာတော့တဲ့ မြေပဲဆီကို ပြောင်းလဲစားသုံးလာကြတာကြောင့် လက်ရှိဈေးကွက်ထဲမှာ စားအုန်းဆီကို မြေပဲဆီအနံ့ရောပြီး မြေပဲဆီအဖြစ် ရောင်းချတာတွေများလာတယ်လို့ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 1 August 2022
၁။ စားအုန်းဆီကို အနံ့ရောနှော၍ မြေပဲဆီအဖြစ် ရောင်းချခြင်းအား အရေးယူပေးရန် တင်ပြထား
၂။ ရှားရှားပါးပါးဆေးဝါးကလွဲ၍ အခြားဈေးကြီးသည့်ဆေးများကို အခမဲ့ထုတ်ပေးနေဟုဆို
၃။ ခရီးစဉ်အကွာအဝေးလိုက် ၄၀၀ ကောက်ခံခြင်းဖြစ်ပြီး ၅၀၀ ၊ ၁၀၀၀ ကောက်ခံပါက အရေးယူမည်
၄။ ကွန်တိန်နာထဲတွင် ရက်ပေါင်း(၄၀)ပိတ်မိနေခဲ့သည့် ခွေးမလေး ပနားမားလေဆိပ်တွင် အမှုထမ်းဆောင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 935 of 1100