Published 26 February 2022
ရုရှားနှင့်ယူကရိန်းနိုင်ငံအကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ အလျူမီနီယမ်ရဲ့ဈေးဟာ စံချိန်တင် မြင့်တက်သွားရပါတယ်။ သတ္တုတွေထုတ်လုပ်ဖို့ အဓိက စွမ်းအင်ထုတ်လုပ်နေတဲ့ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စွမ်းအင်ပြတ်တောက်မှုတွေဖြစ်လာမှာကို စိုးရိမ်ပူပန်လာကြတာဖြစ်ပါတယ်။
လန်ဒန်သတ္တုဈေးကွက်မှာ အလျူမီနီယမ်ရဲ့ဈေးနှုန်းဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၄၄၉ဒေါ်လာအထိ ၄.၈ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ ဒီဈေးနှုန်းဟာ ၂၀၀၈ခုနှစ်တုန်းက စံချိန်တင်ခဲ့တဲ့ ဈေးနှုန်းကိုကျော်ဖြတ်မြင့်တက်သွားတာပါ။
Source CMG
#HealthMatter
Published - 26 Feb 2022
၁။ မြန်မာနိုင်ငံမှာ ယခုဖြတ်သန်းနေတဲ့ ကိုဗစ်စတုတ္ထလှိုင်းရဲ့ အဓိကကျနေတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ ??
၂။ ယခင်လှိုင်းတွေရဲ့ အတွေ့အကြုံတွေက ယခုစတုတ္ထလှိုင်းဖြတ်သန်းတဲ့အခါ ဘယ်လောက်အသုံးတည့်မလဲ ??
၃။ ထိခိုက်ခံစားရမှုအနည်းဆုံးနှင့် ကျော်ဖြတ်နိုင်အောင် ဘာတွေဆောင်ရွက်ကြဖို့လိုမလဲ?? ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ပညာပေးပညာရှင် ဆရာကြီး ဒေါက်တာခင်မောင်လွင်က ဆွေးနွေးပြောဆိုထားပါတယ်။
#Yangon_Media_Group
Published 26 February 2022
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီ(၂၅)ရက်နေ့က ဆီဇာ ရုပ်ရှင် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဆီဇာဆုပေးပွဲဆိုတာ ပြင်သစ်နိုင်ငံရဲ့ အမျိုးသားရုပ်ရှင်ဆုပေးပွဲ ဖြစ်ပြီး ၁၉၇၆ခုနှစ်က စတင်ပြီးနှစ်စဉ်ကျင်းပခဲ့တာပါ။
ဆီဇာမှာ ဂုဏ်ထူးဆောင်ဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုအမျိုးအစားများစွာနှစ်စဉ်ချီးမြှင့်ပေးပါတယ်။
Source AFP
#LocalNews
Published -26 Feb 2022
လတ်တလော မြင့်တက်နေတဲ့စက်သုံးဆီဈေးနှုန်းနဲ့ အခြားစက်အပိုပစ္စည်းဈေးနှုန်းများ မြင့်တက်နေတာကြောင့် ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ သမ္ဗာန်စီးနှင်းခနှုန်းထားတွေကိုပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီးတာကြောင့် မတ်လ ၁ ရက်နေ့ကစတင်ပြီး သမ္ဗာန်စီးနှင်းခကို ငွေကျပ် ၃၀၀ ပြောင်းလဲကောက်ခံမှာဖြစ်တယ်လို့ ဒလမြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ငြိမ်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 Feb 2022
ပူတာအိုဒေသတိုက်ပွဲများကြောင့် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ကားလမ်းကို ပိတ်ထားရသည့်အတွက် ကုန်စည်စီးဆင်းမှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေတယ်လို့ ပူတာအိုမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 26 Feb 2022
၁။ ရန်ကုန်-ဒလ သမ္ဗာန်စီးနှင်းခ မတ်လ ၁ ရက်နေ့တွင် ငွေကျပ် ၃၀၀ ပြောင်းလဲကောက်ခံမည်။
၂။ ပူတာအိုဒေသတိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေဟုဆို။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကွန်ဂိုနိုင်ငံအရှေ့ဘက်မှ စစ်ဘေးဒဏ်ခံခဲ့ရသည့်မျောက်ဝံများကို တိရိစ္ဆာန်ကယ်ဆယ်ရေးစင်တာတစ်ခုက စောင့်ရှောက်ကုသပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 25 February 2022
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတဗလက်ဒီမီယာပူတင်တို့ဟာ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်လို့ ဖေဖော်ဝါရီ(၂၅)ရက် သောကြာနေ့မွန်းလွဲပိုင်းမှာ တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြပါတယ်။
ရုရှားရဲ့သမ္မတပူတင်က အမေရိကန်နှင့်နေတိုးအဖွဲ့ဟာ ရုရှားရဲ့ တရားဝင် လုံခြုံရေးရာစိတ်ပူပန်မှုကိုမျက်ကွက်ပြုပြီး ရုရှားရဲ့ မဟာဗျူဟာမျဉ်းနီကို စိန်ခေါ်ခဲ့တယ်လို့ပြောလိုက်ပြီး ယူကရိန်းနှင့်အဆင့်မြင့်အပိုင်းဆွေးနွေးဖို့ဆန္ဒရှိတယ်လို့ပြောပါတယ်။ တရုတ်သမ္မတရှီကလည်း ရုရှားရဲ့ စေ့စပ်ဆွေးနွေးမှုက တစ်ဆင့်ဖြေရှင်းမယ်ဆိုတာကို ထောက်ခံတယ်လို့ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
Source CMG
Page 933 of 959