#Local_News
Published _ 2 September 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ တစ်ကျပ်သား ငါးမူးသားနဲ့ တစ်မတ်သား ရွှေဒင်္ဂါးပြားတွေကို ဒီကနေ့ စက်တင်ဘာလ ၂ရက်နေ့ကစပြီး ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ကျောက်မြတ်ရတနာခမ်းမတွင် စတင်ရောင်းချပေးနေပြီပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-2 Setember 2022
ဒီနေ့ (စက်တင်ဘာလ ၂ ရက်) မှာလည်း စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေး ထပ်မံကျဆင်းလာတယ်လို ဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 2 September 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၂၄၅ သန်းကျော် လျော့ကျ နေတယ်လို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 September 2022
လတ်တလောမှာ ပြည်တွင်းမှာ ကိုဗစ်ပိုးတွေ့ရှိမှုတွေများပြားနေပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်သံသယရှိသူတွေကို မြို့နယ်တိုင်းမှာ အခမဲ့စစ်ဆေးပေးတာ၊ ကုသပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#World_Art
Published 1 Sept 2022
အထည်ဒီဇိုင်နာ'ဘရစ်ဂျစ်ဆင်း'က အနီရောင်ပေါ်ပီဘိန်းပန်းဖောင်းကြွပုံပါတဲ့ အဝတ်စကြီးကို ဖြန့်ပြနေခဲ့ပါတယ်။
#Yangon_Media_Group
Published 1 Sept 2022
နက်ဖလစ်မှာ လူကြိုက်များနေတဲ့ အော်တဇင်ဖြစ်နေတဲ့ ရှေ့နေတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ကေ-ဒရာမာစီးရီးကြောင့် တောင်ကိုးရီးယားမှာ ကိုယ့်ကိုကိုယ်ဆန်းစစ်သုံးသပ်မှုတွေဖြစ်လာနေကြပါတယ်။
ချစ်စဖွယ် အဲဒီ “ မတူထူးခြားတဲ့ရှေ့နေမလေးဝူး”(Extraordinary Attorney Woo)ဆိုတဲ့ ဒရာမားစီးရီးဟာ အာရုံကြော ကွဲလွဲမှုဖြစ်နေတဲ ရှေ့နေတစ်ဦးအကြောင်း ရိုက်ကူးထားပါတယ်။ ဒီစီးရီးဟာ နာမည်ကြီး စကွစ်ဂိမ်း စီးရီးပြီးလျှင် တစ်လအတွင်း လူကြည့်အများဆုံး အင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ စီရီးဖြစ်လာပါတယ်။
ကေပေါ့ အဖွဲ့ BTS တို့ကလည်း အဲဒီစီးရီးရဲ့ ပရိဿတ်တွေဖြစ်နေပြီး ဝူးနှင့် သူမရဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ဦးအကြား တွေဆုံနှုတ်ဆက်တဲ့ပုံစံကို သူတို့အဖွဲ့က ဗွီဒီယိုရိုက်ကူးတင်ဆက်ခဲ့ပြီး ပို့စ်တင်တာကြောင့် ဆိုရှယ်မီဒီယာတစ်လွှား ကြည့်ရသူတွေ မျက်ရည်စို့ခဲ့ကြပါတယ်။
ဒါပေမယ့် အပိုင်း ၁၆ ပိုင်းပါတဲ့ အဲဒီစီးရီးထဲမှာ ဦးနှောက်စားစရာကောင်းလှတဲ့ ဥပဒေပြသနာတွေအပေါ် သူမအတွက် ထူးခြားကောင်းမွန်တဲ့ အဖြေတွေ ရှာဖို့ ဝိုင်းကူညီပေးနေတဲ့ ရှေ့နေပေါက်စကလေးတစ်ဦး၊ပြီးတော့ မကြာခဏဆိုသလိုပဲ သူမကို လူမှုအသိုင်းအဝန်းမှ ဖယ်ထုတ်ခံရသလိုဖြစ်ခဲ့ရတာတွေကိုလည်း ရိုက်ကူးတင်ဆက်ထားတဲ့အတွက် အော်တဇင်နှင့် ပတ်သက်ပြီး တောင်ကိုးရီးယားမှာ အရေးကြီးတဲ့ ငြင်းခုံဆွေးနွေးမှုတွေလည်း ဖြစ်လာစေပါတယ်။
စီးရီးထဲမှာ ဝူယောင်ဝူးဟာ အိုင်ကျူ ၁၆၄ အဆင့်အထိရှိတဲ့ ဉာဏ်ရည်မြင့်မားသူကလေးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ အဆက်အစပ်မရှိတဲ့ စကာလုံးတွေ စာကြောင်းတွေကို ထပ်ခါထပ်ခါရွတ်တတ်တဲ့ အက်ကိုလာလီယာလို့ခေါ်တဲ့ အော်တဇင်ရဲ့ လက္ခဏာတွေပြတတ်တာမျိုးတော့ရှိနေပါတယ်။
ဝူးအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး ပတ်အန်ဘင်ဟာ အသက် ၂၉နှစ်ရှိပါပြီ။ ဒီစရိုက်မျိုး သရုပ်ဆောင်တာကို လက်ခံဖို့အတွက် သူမအနေနှင့် အစပထမမှာ အတော်ကလေးချီတုံချတုံဖြစ်ခဲ့တယ်လို့ သူမကပြောပါတယ်။ သူမဟာ ဒီဇတ်လမ်းရဲ့ စွမ်းပကားက တောင်ကိုးရီးယားနှင့် အခြားနေရာတွေက အော်တဇင်ဖြစ်နေတဲ့သူတွေအပေါ် ရိုက်ခတ်မှုရှိမှာကို တွေးမိလို့ ဖြစ်ပါတယ်။
“ ကျွန်မဟာ သရုပ်ဆောင်တစ်ဦးအနေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်” လို့ သူမက အေအက်ဖ်ပီကို ပြောပါတယ်။
“ ဒီဇာတ်ကားက အော်တဇင်ဖြစ်နေတဲ့သူတွေနှင့် သူတို့မိသားစုတွေအပေါ် သေချာပေါက် ရိုက်ခတ်မှုရှိလိမ့်မယ်လို့ ကျွန်မသိခဲ့ တယ်” လို့ သူမကပြောပါတယ်။
“ ဒါ ပထမဆုံးအကြိမ် ကျွန်မဘာလုပ်ရမှန်း မသိဖြစ်ခဲ့ရတာပဲ။ ဇာတ်ညွှန်းကိုဖတ်ကြည့်တဲ့အခါ ကျွန်မဘယ်လိုသရုပ်ဆောင် ဖော်ကျူးရမလဲ ပေါ့” လို့ သူမက ဖြည့်စွက်ပြောကြားပါတယ်။
ဒါပေမယ့် တောင်ကိုးရီးယားမက အော်တဇင်ဖြစ်နေတဲ့သူတွေရဲ့ မိသားစုတွေကတော့ “ဒီဇာတ်လမ်းဟာ တကယ့်ကို စိတ်ကူးယဉ်ပဲ ပြီးတော့ သူမသရုပ်ဆောင်တာ သဘာဝမကျဘူး” လို့ပြောနေကြပါတယ်။
လမ်းတောင်မလျှောက်နိုင်တဲ့ကလေးငယ်တစ်ဦးက စက်ဘီးစီးပြိုင်ပွဲမှာ ရွှေတံဆိပ်ရ သလိုမျိုးဖြစ်နေတယ်လို့လည်း အော်တဇင်ကလေးငယ်တစ်ဦးရဲ့ မိခင် လီဒွန်ဂျူးက ပြည်တွင်းရုပ်သံတစ်ခုကိုပြောပါတယ်။
ဒရာမာ အမြင့်ဆုံးဖြစ်ဖို့ ဝူးကို စိတ်ကူးယာဉ်ဇာတ်ကောင်အဖြစ် ဖန်တီးခဲ့တယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒါဟာ တောင်ကိုးရီးယားကသူတော်တော်များများ သဘောပေါက်ထားသလိုမဟုတ်တဲ့ အမှန်တရားပဲလို့ စိတ်ပညာရှင် ကင်အီ ဂျွန်းက ပြောပါတယ်။
အော်တဇင်ဖြစ်နေတဲ့သူတွေရဲ့ သုံးပုံတစ်ပုံဟာ သာမာန်ဉာဏ်ရည်ထက်မြင့်မားကြပြီး အော်တဇင်လက္ခဏာတွေ သိသိသာသာ ပြတာလည်းမရှိဘူး၊ သူတို့ အော်တဇင်ဖြစ်လို့ဖြစ်နေမှန်းတောင်မသိကြဘူး လို့လည်း သူမကဖြည့်စွက်ပြောပါတယ်။
Source AFP
#Autism
#Extraordinary_Attorney_Woo
#Netflix_most_popular_K_Drama
Page 897 of 1099