#Local_News
Published - 29 July 2022
အိမ်ထောင်စုများ၏ နေ့စဉ်ဝယ်ယူစားသောက်နေရသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ရာခိုင်နှုန်း ၃၀မှ ရာခိုင်နှုန်း ၇၀ အထိ သိသာစွာမြင့်တက်ခဲ့ကြောင်း Save The Children ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
#Yangon_Media_Group
#Local_News
Published_29 July 2022
ရန်ကုန်တွင်အသက်ရှူမွန်းကြပ်လူနာတွေ အောက်ဆီဂျင်လိုအပ်တဲ့အတွက် အောက်ဆီဂျင်အကူအညီတောင်းခံလာတာတွေရှိနေတယ်လို့ ရွှေလောင်းလှေပရဟိတ ဖောင်ဒေးရှင်းဥက္ကဌဦးသော်တာထွေးကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 July 2022
လက်ရှိ ဆန်၊ ဆန်ကွဲတွေကို ပြည်ပတင်ပို့နေတဲ့ အခြေအနေတစ်ခု ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ သတင်းတွေထွက်ရှိနေတဲ့အပေါ် ကောလဟာလများသာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 July 2022
၁။ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု ရပ်ဆိုင်းနေသည့်သတင်းထွက်ပေါ်နေမှုဟာ ကောလဟာလများသာဖြစ်ဟုဆို
၂။ ရန်ကုန်တွင် အောက်ဆီဂျင်လိုအပ်၍ အကူအညီတောင်းခံသည့် လူနာများရှိနေ
၃။ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းရာခိုင်နှုန်း ၇၀ အထိ မြင့်တက်
၄။ ပြင်သစ်တွင် အပူချိန်စံချိန်တင်မြင့်တက်၍ အဆိုးရွားဆုံးမိုးခေါင်ရေရှားခြင်းနှင့် ရင်ဆိုင်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 July 2022
တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရက်ကွက်၊ မြို့ပတ်လမ်းပေါ်မှာရှိတဲ့ ပီဇာဆိုင်အခန်းတခုအတွင်းမှာရှိတဲ့ အောက်ခင်းကြွေပြားတွေနဲ့ နံရံတွေရုတ်တရတ် အပူချိန်ပြင်းလာတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 29 July 2022
သောကြာနေ့မှာ ဖွင့်မဲ့ အမေရိကန်ထီဆုငွေဟာ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလျံအထိရှိလာလို့ ကံကောင်းတဲ့ စတိုးဆိုင်လို့ နာမည်ကြီးနေတဲ့ ကာလီဖိုနီးယားက 7-ELEVEN စတိုးဆိုင်တစ်ဆိုင်မှာ ထီထိုးမယ့်လူအုပ်ကြီးနှင့် ပြည့်နေပါတယ်။
အဲဒီဆိုင်မှာ ကာလီဖိုနီးယား ချီနိုဟေးလ် Chino Hills က ဖြစ်ပြီး လွန်ခဲ့တဲ့ (၆)နှစ်က အဲဒီဆိုင်မှာ ဒေါ်လာ ၁,၆ ဘီလျံဆုငွေရှိတဲ့ ထီဆုကြီး ပေါက်ခဲ့ပါတယ်။ အဲဒီနောက် လူတွေက အဲဒီဆိုင်ကို တစ်ကမ္ဘာလုံးမှာ ကံအကောင်းဆုံး 7-ELEVEN ဆိုင်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၆ခုနှစ် ဇန်နဝါရီလတုန်းက အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံခန့် ရှိတဲ့ ထီဆုငွေကို အဲဒီဆိုင်မှာ ထိုးတဲ့လူတစ်ယောက်ဟာ အခြား လူနှစ်ဦးနှင့်အတူ ဂဏန်းခြောက်လုံး မှန်ပြီး ထီပေါက်ခဲ့ကြကာ ဆုငွေကို ခွဲဝေယူခဲ့ကြပါတယ်။
အဲဒါကြောင့် ကာလီဖိုနီးယားက 7-ELEVEN ဆိုင်ကို အဝေး အနီးက လူတွေဟာ အပင်ပန်းခံလာရောက်ကြပြီး ကံနှစ်ခါကောင်းနိုင်တယ် ယုံကြည်ကြပြီး ကြာသပတေးနေ့က တန်းစီပြီး ထီလာထိုးနေကြပါတယ်။
“ ဒီဆိုင်က ကံကောင်းတဲ့ဆိုင်ဗျ။ ကျွန်တော့်အတွက်လည်း ကံကောင်းမယ်လို့ မျှော်လင့်တာပြ”လို့ ထီလာထိုးသူတစ်ဦးဖြစ်တဲ့ ဗစ်ဂျိုဆိုင်းက ပြောပါတယ်။
အဲဒီဆိုင်ပိုင်ရှင် ဘာဘီယာအက်ဝဲလ်ဟာ ဒီဆိုင်ကို ဆယ်စုနှစ်သုံးစုကျော်ကြာ ပိုင်ဆိုင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဆိုင်မှာလာထိုးသူ ထီဆုကြီးပေါက်ပြီးနောက် ၂၀၁၆ ကစပြီး ဆိုင်ဟာ တစ်ချိုးတစ်ကွေ့ပြောင်းခဲ့ပါတယ်။
“ ဂျက်ပေါ့က တန်ဖိုးကြီးလာတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကလူတွေ အများကြီးလာပြီး ထီထိုးကြတာပဲ” လို့ သူကပြောပါတယ်။
“အခြားမြို့ကလူတွေတောင်လာပြီးထီထိုးကြတယ်။ လာ့စ်ဗီဂက်စ်လိုနေရာမျိုးကတောင် ဒီကိုလာကြတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒစ်စနေလန်းကိုလာတဲ့သူတွေကလည်း သူ့ဆိုင်ကို လာလာကြည့်တတ်ကြတယ်လို့လည်း သူကပြောပါတယ်။ သူ့ဆိုင်နှင့် နာမည်ကျော် အပန်းဖြေဥယျဉ်ကြီးဟာ မိုင် ၂၀ပဲဝေးတာဖြစ်ပါတယ်။
ဒီကိုလာသူတွေဟာ အထူးသဖြင့် ထီလာထိုးကြသူတွေဖြစ်ပေမယ့် ထီလာထိုးရင် အခြားပစ္စည်းပစ္စယတွေလည်း ဝယ်တတ်ကြလို့ သူအတွက်ကအတော့်အတော်စီးပွားဖြစ်နေတယ်လို့ သိရပါတယ်။
#Source_AFP
#US_Lotttery
#LUCKIEST_7-ELEVEN_IN_THE_WORLD
#Jackpot_1.02_Billion
#Local_News
Published - 28 July 2022
လက်ရှိအခြေအနေမှာတော့တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးက ပုံမှန်နီးပါးအတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်တယ်လို မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 896 of 1058