#DailyNews
Published - 13 July 2022
၁။ဓာတုဗေဒအနံ့အသုံးပြုထားသည့် စားသုံးဆီဈေးကွက်ကို ဖယ်ရှားပေးရန်ဆီစက်ပိုင်ရှင်များအသင်းတောင်းဆို
၂။လူစုလူဝေးများသည့်အခမ်းအနားများ၊ ဘုရားများတွင် Mask များ မဖြစ်မနေပြန်တက်ရန်လို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လီဝန်ဒီအမျိုးသားဥယျာဉ်မှ ဆင်အကောင်ရေ (၂၅၀)အား မာလာဝီနိုင်ငံသိုရွှေ့ပြောင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 July 2022
ကိုဗစ် ကူးစက်မှုတွေ အသစ်တစ်ဖန်လှိုင်းတွေပြန်ထလာခြင်းဟာ ကပ်ရောဂါဘေးဟာ ပြီးဆုံးဖို့ နီးကပ်စရာ မရှိသေးဘူးလို့ ပြသနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရော့စ်အက်ဒန်နွမ် ဂီဘရီယက်ဆပ် ကပြောလိုက်ပါတယ်။ ဗိုင်းရပ်စ်ဟာ လွတ်လွတ်လပ်လပ်ကြီး ပြေးလွှားနေတုန်းပဲလို့ သူက သတိပေးလိုက်ပါတယ်။
Source: AFP
#Covid_Fresh_waves
#Covid_Virus_Freely_running
#Covid_19_WHO
#WorldArt
Published 12 July 2022
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရဲ့ မြို့ဟောင်းမှာ လူငယ်လေးတွေဟာ ငွေချည်မျှင်ရွှေချည်မျှင်များဖြင့် ရိုးရာရတနာချည်ထည်များ ရက်လုပ်နေကြပြီး စစ်ပွဲဒဏ်နဲ့အာဏာရှင်စနစ်ကြောင့် ဆယ်စုနှစ်များတလျှောက် ပျောက်ဆုံးနေခဲ့တဲ့ အနုပညာလက်ရာကို ပြန်လည်ရှင်သန်လာအောင်ပြုလုပ်နေကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 12 July 2022
အိမ်နီးချင်းနိုင်ငံတွေမှာ ပြန်ဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပြည်တွင်းမှာ ပြန်လည်မတွေ့ရှိဖို့အရေးကြီးတဲ့အတွက် ကာကွယ်ရေးလုပ်ငန်းစဉ်တွေထဲမှာပါတဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးတာကို ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင်ပြုလုပ်ကြဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_12 July 2022
ဆီထွက်သီးနှံတွေကလွဲလို့ ကျန်တဲ့လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံကို ပို့တဲ့အခါ တရုတ်ယွမ်နဲ့ပဲ ရောင်းချခွင့်ရတာကြောင့် ကုန်သည်တွေ အဆင်ပြေကြတယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_12 July 2022
မြန်မာ့ခရီးသွားဘဏ်အနေနဲ့ ဘဏ်အသိုင်းအဝိုင်းမှာ နောက်ကျမှဖွင့်ခဲ့တဲ့ ဘဏ်ဖြစ်ပေမဲ့လည်း ချေးငွေလျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက် ပြည့်စုံတယ်ဆိုရင် အမြန်ဆုံး ထုတ်ချေးပေးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 July 2022
၁။ဆန်နှင့်ဆန်ကွဲပို့ကုန်ကို တရုတ်ယွမ်ဖြင့်သာ ရောင်းချခွင့်ရကြသောကြောင့်ကုန်သည်များအဆင်ပြေ
၂။ကိုဗစ်ရောဂါ ပြည်တွင်းသို့ပြန်ဝင်ကူးစက်မှုမရှိစေရေး ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေထိုးနှံရန်လိုဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ငွေချည်မျှင်များဖြင့်ရက်လုပ်သည့် လစ်ဗျားရိုးရာရတနာလက်မှုပညာပြန်လည်ပေါ်ထွန်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 812 of 959