Published 27 January 2023
တရုတ်-မြန်မာ နိုင်ငံတကာရထာလမ်းရဲ့ တရုတ်နိုင်ငံဖက်အခြမ်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒါလီ-ရွှေလီ ရထားလမ်းရဲ့ အဓိက ဥမင်လှိုဏ်ခေါင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်နှစ်သစ်ကူးရက်မှာပင် မနားဘဲ အလုပ်သမားတွေ ကြိုးစားဖောက်လုပ်နေကြပါတယ်။
၃၃၀ကီလိုမီတာရှည်လျားတဲ့ ဒါလီ-ရွှေလီရထားလမ်းဟာ တရုတ်-မြန်မာရထားလမ်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဒါလီမြို့ကနေ ပေါင်ရှန်မြို့အထိ လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပြီးပါပြီ။
ပေါင်ရှန်မှ နယ်စပ်မြို့ရွှေလီအထိ လမ်းပိ,င်းမှာ ကောင်လီကောင်းတောင်ဥမင်လှိုဏ်ခေါင်းဟာ ၃၄.၅ ကီလိုမီတာအထိ ရှည်လျားပြီး တရုတ်နိုင်ငံမှာ အရှည်လျားဆုံး ရထားဥမင်လှိုဏ်ခေါင်းဖြစ်ပါတယ်။ အဲဒီအပြင် အဆိုပါဥမင်လှိုဏ်ခေါင်းဟာ ရထားကြီးတစ်ခုလုံးရဲ့ အဓိကစီမံကိန်းလည်းအပြင် ဟန်တွမ်တောင်တန်းများကိုဖြတ်သန်းတဲ့ ပထမဆုံး လှိုဏ်ခေါင်းလည်း ဖြစ်ပါတယ်။ အဆိုပါဥမင်လှိုဏ်ခေါင်းဟာ အနက်၁၁၀၀ မီတာမှာ တည်ဆောက်ထားပြီး ပြတ်ရွေ့ကြောဇုန် ၁၉ဇုန်ကိုလည်း ဖြတ်သန်းဖောက်လုပ်ထားတာပါ။
Source CCTV+
#China_Myanmar_Railway
#Dali-Ruili_Railway
#Myanmar_China_Relations
#Local_News
Published_ 27 January 2023
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတဲ့ ပျူနဲ့ပုဂံအတွက် အခုနှစ်ထဲမှာ ယူနက်စကိုရဲ့ညွှန်ကြားချက်အသစ်တွေပေါ်လာနိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲ၊ ညွှန်ကြားရေးမှူးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_27 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ၁ ရက်ကနေ ဇန်နဝါရီလ ၁၃ ရက်အထိ ကိုးလကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၈ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_27 January 2023
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျိုက်ထီးရိုးကို ဘုရားဖူးသွားတယ့် ကားတစ်စီးဟာ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 27 January 2023
၁။ နိုင်ငံတွင်းငြိမ်းချမ်းမှု မရှိတာကြောင့် ပြည်ပခရီးသွားဝင်ရောက်မှု ယခုထက်နည်းပါးသွားနိုင်ဟုဆို
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိထား
၃။ ယခုနှစ်အတွင်း ပျူနှင့်ပုဂံအတွက် ယူနက်စကို၏ ညွှန်ကြားချက်အသစ်များပေါ်လာနိုင်
၄။ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် အီရတ်နိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_27 January 2023
ရွှေဆိုင်တွေကနေ ရောင်းချတဲ့ အရောင်းအဝယ်စာရင်းကို သိလိုသည့်အတွက် သတ္တု၊ ရွှေလိုင်စင်ကို ထွေအုပ်ထံလျှောက်ထားရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ဗိုလ်တထောင်စေတီတော်ရဲ့ လိပ်ကန်အတွင်းမှ အသက်(၈၀)ကျော်ရှိတဲ့ရှားပါးလိပ်ဘွားဘွားနဲ့ အခြားလိပ်စုစုပေါင်း(၂၅၆)ကောင်ကို လိပ်ပညာရှင်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 779 of 1146