#Local_News
Published _ 19 December 2022
လက်ရှိတွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုပိုများလာပြီး ပြည်တွင်း စားသုံးမှုဈေးကွက်ထဲမှာလည်း ဈေးကောင်းရနေတယ်လို့ မှိုစိုက်ပျိုးထုတ်လုပ်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_19 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၉ ရက်အထိ ၈ လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် လျော့ကျလာတယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 December 2022
အခုနှစ်ကျင်းပမယ့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊သာကေတမြို့နယ်ရှိ တိုင်းရင်း သားကျေးရွာမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားဖို့ရှိတယ်လို့ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 19 December 2022
၁။ ခရစ္စမတ်နားနီးလာလေ အေးလာလေဖြစ်ပြီး ဇန်နဝါရီလတွင် အအေးဆုံးဖြစ်လာနိုင်ဟုဆို
၂။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၂၁ သန်းကျော်လျော့ကျ
၃။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုပိုများလာပြီး ဈေးကွက်ရနေသည့် ငွေနှင်းမှို
၄။ အလုပ်ချိန်များလွန်းသည့် ဂျပန်ကျောင်းဆရာများအတွက် အလုပ်ချိန်စနစ်ပြုပြင်ပြောင်းလဲရန်လိုအပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_19 December 2022
ခရီးသည်တွေနဲ့ ပတ်သက်ပြီး သီးသန့်လုံခြုံရေးစီမံချက်ကို ကောင်းမွန်စွာပေးနိုင်ပါက လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည်တွေဟာ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်ဟန်က ပြောပါတယ်။
#Yangon_Media_Group
Published 19 December 2022
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူဟာ စစ်ဝတ်စုံဝတ်ဆင်လျက် စစ်ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါကာ ယူကရိန်းမှာရှိတဲ့ ရုရှားတပ်တွေကို စစ်ဆေးခဲ့ရာ အဲဒီ ဗွီဒီယိုကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးပါတယ်။
အထူးစစ်ဆင်ရေးဇုန်အတွင်းက ရုရှားတပ်ဖွဲ့တွေ ရှေ့သို့နေရာယူထားတဲ့အခြေအနေတွေနှင့် တပ်ဖြန့်ထားရှိမှုတွေကို ရုရှားစစ်ဝန်ကြီးဌာနအကြီးအကဲဟာ ပျံသန်းပြီးကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီခရီးစဉ်ဘယ်တုန်းကလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ ဒါပေမယ့် အဲဒီခရီးစဉ်ဟာ သမ္မတပူတင်နှင့် ရှိုအီဂူအပါအဝင်ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအကြီးအကဲတွေ တွေ့ဆုံကြအပြီး နှစ်ရက်အကြာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russia_Defense_Minsiter_Inspection
#Sergei_Shoigu
#Russia_Ukraine_Crisis
Published 18 Dec 2022
ဂျပန်နိုင်ငံရဲ့ မကြာသေးခင်က အမျိုးသား ကာကွယ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင်လိုက်တာဟာ အင်မတန်အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပြီး ကာကွယ်မှုမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းလဲ လိုက်တဲ့ သင်္ကေတဖြစ်တယ်လို့ ဂျပန်ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
ဂျပန်အစိုးရဟာ သောကြနေ့က အမျိုးသားလုံခြုံရေးမဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်တွေကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြန်လည်ရေးဆွဲခဲ့ပါတယ်။
အဲဒီပြောင်းလဲမှုအရ ပြန်လည်တိုက်ခိုက်ခြင်းစွမ်းရည်လို့ အမည်တပ်ထားတဲ့ ဒုံးကျည်ပစ်လွှတ်စခန်းတွေကို အခြား နိုင်ငံတွေမှာ ဂျပန်ဟာ တပ်ဆင်ခွင့်ရှိလာမှာဖြစ်ပါတယ်။
ဒါဟာ ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေ အခန်း(၉)မှာပါရှိတဲ့ အထူး သီးသန့်ကာကွယ်ရေး ဗဟိုပြုမှု အခြေခံမူကို ချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်ဝေဖန်သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် ဂျပန်ဟာ ကာကွယ်ရေးအသုံးစရိတ်တွေ သိသိသာသာတိုးမြှင့်တော့မှာလည်းဖြစ်ပါတယ်။ ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်မှာ ဂျပန်ဟာ ၂၀၂၃မှ ၂၀၂၇ အထိ(၅)နှစ်တာကလာအတွင်း အမေရိကန်ဒေါ်လာ ၃၁၄.၅ ဘီလျံနှင့်ညီမျှတဲ့ ဂျပန်ယမ်း ၄၃ ထရီလီယံကို သုံးစွဲပါလိမ့်မယ်။ဒီ ပမာဏဟာ လာမယ့်နှစ်မှာပြီးဆုံးမယ့် ဂျပန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ထက်တောင် ၁ဆခွဲများနေပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့က ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေကနေသွေဖည်ဆောင်ရွက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာကာ လက်နက်ပြိုင်ဆိုင်မှုကို ပိုပြင်းထန်လာစေလိမ့်မှာမို့ အန္တရာယ်များတဲ့အလုပ်လို့ ပြည်သူတွေက ထင်မြင်နေကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဂျပန်အနေနှင့် ကာကွယ်ရေးမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းရွှေ့လိုက် တဲ့သဘောဖြစ်တယ်လို့ ယိုကိုဟားမား အမျိုးသားတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ရှင်ဂျီယို ဟာဂီဝါယာက ပြောပါတယ်။
“ သိပ်အန္တရာယ်များတယ်လို့ ကျွန်တော်ထင်တယ်။ သုံးထားတဲ့ အထူးသီးသန့် ကာကွယ်ရေးဆိုတဲ့အသုံးအနှုံးက ဗန်းပြ သက်သက်ဖြစ်နေတယ်။ ဂျပန်ဟာ ကာကွယ်ရေးကိုပဲဆက်လုပ်မှာပါလို့ ပါးစပ်ကပြောနေပေမယ့် လက်တွေက အခြား နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်းတွေကို စတင် တိုက်ခိုက်ဖို့ စဉ်းစားတာပဲဖြစ်တယ်။ ဂျပန်ဟာ သမိုင်းသင်ခန်းစာမယူသေးဘူး” လို့ သူကဆက်ပြောပါတယ်။
ဂျပန်ဟာ တရုတ်နှင့် တစ်ခါက စစ်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးပြီ။အဲဒီမှာ တရုတ်တွေအများကြီးသေသလို ဂျပန်တွေလည်း သေကြတာပဲ။အနာဂတ် မျိုးဆက်သစ်တွေကို ဒီလမ်းကြောင်းအတိုင်း ဆက်လိုက်ခိုင်းခွင့်မပေးနိုင်ဘူး” လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။
ကာလရှည်ကြာထိန်းသိမ်းထားတဲ့ ဂျပန်ရဲ့ကာကွယ်ရေးမူဝါဒဟာ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံဖြစ်လာစေဖို့မဟုတ်ဘူး။ဒီလိုပြောင်းလဲလိုက်တာဟာ ဒေသအတွင်း မတည်မငြိမ်ပိုဖြစ်စေလိမ့်မယ် လို့ ဂျပန်ကျိုဒိုသတင်းဌာနက ဝေဖန်ရေးသားခဲ့ပါတယ်။
Source CCTV+
#Japan’s_national defense policy
#Japan_change_defense_strategy
#Geo_politics
Page 774 of 1099