#World_Film
Published 25 November 2022
တောင်ကိုရီးယားမှာရိုက်ကူးတဲ့ နောက်ထပ်အော်စ်ကာတန်းဝင် 'Return to Seoul' ဇာတ်ကားကို ပြင်သစ်-ကမ္ဘောဒီးယားလူမျိုးဒါရိုက်တာ 'ဒေဗီချောင်'မှရိုက်ကူးခဲ့ကြောင်း AFP သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Published 25 November 2022
ဖလော်စီလို့အမည်ပေးထားတဲ့ အသက် ၂၆နှစ်သမီး လန်ဒန်ကြောင်မကြီးဟာ ယခုဆို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိကြောင်အဖြစ် ဂင်းနက်ကမ္ဘာ့စံချိန်နှင့် ကြောင်များ ကာကွယ်စောင့်ရှောက်ရေးတို့က အသိအမှတ်ပြုခံထားရပါတယ်။ဖလော်စီဟာ ယခုဆို ၂၇နှစ်ပြည့်မွေးနေ့ကျင်းပဖို့ ရက်သတ္တပတ်အနည်းငယ်သာလိုပါတော့တယ်။
အသက်ကြီးရင့်လာတဲ့ ဖလော်စီကို ပိုင်ရှင်က ဆက်လက်မကျွေးမွေးနိုင်တော့လို့ သူမကို ကင့်မှာရှိတဲ့ ကြောင်ကာကွယ်စောင့်ရှောက်ရေးဂေဟာက ခေါ်ယူထားရပါတယ်။ သူမဟာ မသေချာမရေရာတဲ့ အနာဂတ်တစ်ခုနှင့် ရင်ဆိုင်နေခဲ့ရရှာပါတယ်။
အဲဒီနောက် လန်ဒန်မြို့ အော်ပင်တန်မှာနေထိုင်တဲ့ ၂၇နှစ်အရွယ် ဗစ်ကီဂရင်းက သူမကို ခေါ်ယူမွေးစားခဲ့ပါတယ်။ ဗစ်ကီဂရင်းဟာ ကြောင်ကြီးကြောင်အိုတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အတွေ့အကြုံတွေရှိပြီးသူတစ်ဦးလည်းဖြစ်ပါတယ်။ဗစ်ကီမသိလိုက်နိုင်တာတစ်ခုကတော့ အဲဒီအချိန်တုန်းက သူမဟာ စံချိန်ချိုးထားတဲ့ ကြောင်တစ်ကောင်အတွက် အိမ်ကလေးတစ်အိမ်ပေးလိုက်တယ်ဆိုတာပါ။
Source AFP
#Guinness_World_Record_for_Oldest_Cat
#Flossie_26-years_old_London_cat
#Vicki_Green
#Local_News
Published_ 25 November 2022
ဆေးကုသမှုခံယူခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေထဲက ပြင်ပမှာ ဆေးဖိုးဝါးခတွေ အပိုကုန်ကျခဲ့တဲ့ဝန်ထမ်းတွေကို ဆေးကုသမှုစရိတ်အဖြစ်ထောက်ပံ့ကြေးတွေ စတင်ပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_25 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 25 November 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ စပါးတင်း ၁၀၀ ကို ငွေကျပ် ၆သိန်း၃သောင်းနဲ့ အရောင်းအဝယ်ပြုလုပ်ရမယ်လို့ သတ်မှတ်လိုက်တဲ့အပေါ် စပါးစိုက်တောင်သူတွေအနေနဲ့ အဆင်ပြေတဲ့ဈေးမဟုတ်ပဲ တွက်ချေမကိုက်တဲ့ဈေးဖြစ်နေတယ်လို့ ဆိုပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 25 November 2022
၁။ စပါးတင်း ၁၀၀ လျှင် ၆သိန်း ၃ သောင်းကျပ် သတ်မှတ်ချက်ဟာ တောင်သူများအတွက် အရင်းတောင်မရှိသည့်ဈေးဖြစ်နေ
၂။ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးရရှိထား
၃။ ပြင်ပတွင်အပိုဆေးဖိုးဝါးခကုန်ကျခဲ့သည့်ဝန်ထမ်းများအတွက် ဆေးကုသစရိတ်ထောက်ပံ့ကြေး စတင်ပေးမည်
၄။ သာမန်ရုပ်ရှင်များနှင့်မတူကွဲပြားနေသည့် Return to Seoul ရုပ်ရှင် ဘူဆန်ပွဲတော်တွင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 November 2022
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်လက်မြင့်တက်နေပေမယ့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကတော့ အကျဘက်ကိုဦးတည်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
Page 761 of 1061