#LocalNews
Published_4 January 2023
မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတာ ၁၂ ရက်ကျော်ရှိပြီဖြစ်တာကြောင့် ကုန်ကားတွေအနေနဲ့ တောလမ်းပိုင်းကနေ သွားနေရတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 4 January 2023
၁။ မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပြန်မဖွင့်သေးသည့်အတွက် ကုန်ကားများတောလမ်းပိုင်းကသွားနေရ
၂။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၃။ ပြည်တွင်းစားသုံးမှုများပြားသည့်အတွက် ပြည်ပသို့သကြားတင်ပို့မှု လျော့နည်းခြင်းဖြစ်
၄။ တရုတ်-ရုရှားအရှေ့ဘက်လမ်းကြောင်းဓာတ်ငွေ့ပိုက်လိုင်းမှ နှစ်စဉ်ဓာတ်ငွေ့ပေးပို့မှုတိုးမြှင့်ရန်ရည်ရွယ်ထား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ၁ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ဇန်နဝါရီလထဲမှာ ရန်ကုန်တိုင်းအပါအဝင်ဒေသအချို့မှာ ရာသီဥတုအေးရာမှ အအေးပေါ့ပြီး ရာသီဥတုပြန်နွေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Sport_Legend
Published 3 January 2023
ဘရာဇီးလ်ဂန္တဝင်ဘောလုံးသမားကြီး'ပီလီ'ကို နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် ဆံပင်ညှပ်ပေးခဲ့တဲ့ ဘရာဇီးလ်ဆံသဆရာအတွက်တော့ ဖောက်သည်အဖြစ်ရော မိတ်ဆွေအဖြစ်ပါ ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 January 2023
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ပုံမှန်အတိုင်းပဲအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published: 2 January 2023
ဩစတြေလျနိုင်ငံမှာ တနင်္လာနေ့က ရဟတ်ယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားအကြိုက်နေရာတစ်ခုရဲ့ သဲသောင်ခုံပေါ် ရုပ်ပျက်ဆင်းပျက် ပျက်ကျခဲ့တာကြောင့် လူ ဗြိတိန်စုံတွဲတစ်တွဲ အပါအဝင် လူလေးဦးသေဆုံးခဲ့ရပါတယ်။
ကွင်းစ်လန်းရဲ့ ရှုမငြီးဖွယ် ရွှေရောင်ကမ်းခြေတစ်လျောက် ရှုခင်းကြည့်ရှုဖို့ ရဟတ်ယာဉ်တစ်စီးက စတင်ပျံတက်စဉ်မှာ ယင်းရဲ့ ဒလက်တွေဟာ ဆင်းသက်တော့မယ် အခြားရဟတ်ယာဉ်တစ်စီးရဲ့ လေယာဉ်မှူးအခန်းကို ဝင်တိုက်မိခဲ့ရာကနေ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးကော်မရှင်နာ အန်ဂတ်စ်မစ်ချဲလ်က ပြောပါတယ်။
“ တိုက်မိတဲ့အတွက် ပျံတက်နေတဲ့ရဟတ်ယာဉ်ရဲ့ ပန်ကာဒလက်တွေနှင့် ဂီယာအုံဟာ တစ်စစီပြုတ်ထွက်ပြီး သောင်ပြင် ပေါ် ကြေကွဲစရာကောင်းအောင် ပျက်ကျခဲ့ရပါတယ်”လို့ သူကဆက်ပြောပါတယ်။
ရဟတ်ယာဉ်နှစ်စီးစလုံးဟာ Sea World လို့ခေါ်တဲ့ နာမည်ကြီးအပန်းဖြေဥယျဉ်နှင့်ငါးပြတိုက်ရဲ့ ပြင်ပမှာ လုပ်ငန်း ဆောင်ရွက်နေတာဖြစ်ကြပြီး ပျံတက်နေတဲ့ရဟတ်ယာဉ်မှာ လေယာဉ်မှူးနှင့် ခရီးသည် (၆)ဦးစုစုပေါင်း (၇)ဦး စီးနင်းလိုက်ပါခဲ့ပါတယ်။
လေယာဉ်မှူး အက်ရှ်လေ ဂျင်ကင်ဆန်နှင့်အတူ ခရီးသည်လူကြီး(၃)ဦးသေဆုံးခဲ့ရပြီး ကျန်(၃)ဦးမှာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်။
သေဆုံးသွားတဲ့သူတွေထဲမှာ လင်မယားလို့ယူဆရတဲ့ ဗြိတိန်နိုင်ငံသား စုံတွဲတစ်တွဲလည်းပါဝင်တယ်လို့ ကွင်းစ်လန်း ရဲအရာရှိ မိုက်ကမ်ဘဲလ်က ပြောပါတယ်။
ဂျင်ကင်ဆန်ဟာ အတွေ့အကြု့ရှိတဲ့ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ဩစတြေလျရဲ့ မကြာသေးခင်က ရေဘေးကယ်ဆယ် ရေးလုပ်ငန်းတွေမှာ ပါဝင်ပျံသန်းပေးခဲ့သူဖြစ်တယ်လို့ သူ့ရဲ့သူငယ်ချင်း အင်ဒရူးတေလာက ပြောပါတယ်။
ဒုတိယရဟတ်ယာဉ်က ခရီးသည် (၆)ဦးစလုံး အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ယင်းရဲ့လေယာဉ်မှူးအခန်း ပျက်စီးသွားတဲ့ကြားထဲက အနီးအနားမှာ ထူးထူးခြားခြားပဲ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
လူလေးဦးသေဆုံးပြီး တော်တော်များများ ကြေကွဲဝမ်းနည်းကြရဲ့ ဒီအဖြစ်အပျက်လိုဆိုးရွားတာမျိုးမရှိနိုင်ဘူး” လို့ မစ်ချဲလ်က ပြောပါတယ်။
ဒေသခံလှေပိုင်ရှင်တွေဟာ ပျက်ကျရာနေရာရောက်လာပြီး အကီူအညီပေးကြတယ်လို့ ရဲကပြောပါတယ်။
“အဲဒီသူတွေဟာ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင် သူတို့ဟာ အသက်ကယ်စောင့်ရှောက်ရေး စီပီအာရ်တွေ အစွမ်းကုန်လုပ်ပေးခဲ့ကြပါတယ်” လို့ ကမ်ဘဲလ်က ပြောပါတယ်။
ယခုမတော်တဆမှုနှင့်ပတ်သက်လို့ ကနဦးအစီရင်ခံစာကို ခြောက်ပတ်မှ ရှစ်ပတ်အတွင်း ထွက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။
Source: AFP
#Australian_chopper_crash
#Choppers_ mid-air_collision
#Australia_Gold_Coast
Page 757 of 1099