အကြိမ်(၃၀)မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေးတွင် Golden Gate ကြေညာချက်ကျင့်သုံးရန်သဘောတူညီခဲ့ကြ
ဆန်ဖရန်ဆစ္စကိုမှာ ကျင်းပတဲ့ အကြိမ် ၃၀ မြောက် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC)ရဲ့ ခေါင်းဆောင်များ အစည်းအဝေးပွဲဟာ သောကြာနေ့မှာ နိဂုံးချုပ်လိုက်ပြီး အားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ကြံ့ခိုင်တဲ့အနာဂတ် ပုံဖော်ရေးခေါင်းစဥ်ဖြင့် Golden Gate ကြေညာချက်ကို ကျင့်သုံးရန် သဘောတူညီခဲ့ကြပါတယ်။
#World_Economic
Published 21 November 2023
#ဆန်ဖရန်ဆစ္စကို #Golden Gate
#Daily_News
Published_ 21 November 2023
၁။ မြန်မာ့လက်မှုပညာရှင်ကို ထိုင်းမှပေ ၅၀ ရှိသည့် ဘီလူးရုပ်တုကြီးများထုလုပ်ပေးရန် စတင်အပ်နှံလာ
၂။ PNLO အခြေပြုဒေသသို့ ကယားပြည်နယ်မှ စစ်ဘေးရှောင်လာသူ ၈၀၀၀ကျော်ရှိပြီဟုဆို
၃။ နောင်ချို-ဂုတ်တွင်းလမ်းပိုင်းပြန်လည်ဖွင့်လှစ်ပြီး တိုက်ပွဲရှောင်အများစု နေရပ်ပြန်လည်ထွက်ခွာ
၄။ အကြိမ်(၃၀)မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များ အစည်းအဝေးတွင် Golden Gate ကြေညာချက်ကျင့်သုံးရန်သဘောတူညီခဲ့ကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
ကိုဗစ် ၁၉ရောဂါကြောင့် သုံးနှစ်ကြာမှပြန်လည် ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို သက်ဆိုင်ရာကလုံခြုံရေးအတွက် သေချာစွာဆောင်ရွက်ပေးထားပြီး နေ့လွှတ်ညလွှတ် မီးပုံးပျံတွေနဲ့ ဒီကနေ့ညနေမှာစည်ကားစွာစတင် ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက သိရပါတယ်။
#Local_News
Published 21 November 2023
#တောင်ကြီးတန်ဆောင်တိုင်ပွဲတော် #ရိုးရာမီးပုံးပျံ
#YMG/NN #Yangon_Times
'စစ်ရှောင်တစ်ချို့ကျတော့ရွာတွေကို မပြန်ရဲသေးတဲ့သူတွေလေး၊ ငါး၊ ၁၀ဦးလောက်ကျန်သေးတယ်၊ ပြန်တဲ့သူလည်းပြန်ကြပြီ၊ တစ်ချို့ကျတော့လည်းမြို့ထဲမှာ ငှားနေကြတယ်၊နည်းနည်းပဲကျန်တော့တယ် 'ပရဟိတအသင်းတာဝန်ရှိသူတစ်ဦး
#Local_News
Published 21 November 2023
#စစ်ရှောင်တစ်ချို့ #နောင်ချို-ဂုတ်တွင်းလမ်းပိုင်း
#YMG/ NN #Yangon_Times
‘မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ မြောက်ကိုရီးယားနဲ့တွေ့တဲ့အခါတိုင်းသရေတောင် မကစားနိုင်ခဲ့ပေမယ့်လည်း အခုပွဲမှာတော့အမှတ်ရအောင် ကစားသွားမှာဖြစ်ပါတယ်၊ မြန်မာဘောလုံးပရိတ်သတ်တွေ အနေနဲ့ မကာအိုနဲ့ကစားခဲ့တဲ့ပွဲကလိုမျိုးကွင်းအတွင်းလာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်’
မြန်မာ့လက်ရွေးစင်နည်းပြချုပ်
#Local_News
Published 21 November 2023
#မြန်မာ-မြောက်ကိုးရီးယား
#tthl #Yangon_Times
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အခြေပြုဒေသသို့ကယားပြည်နယ်မှ စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၈၀၀၀ကျော်ရှိပြီဖြစ်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆီဆိုင်မြို့ရှိ ဆက်ဆံရေးရုံးမှ သိရပါတယ်။
#Local_News
Published 21 November 2023
#ကယားပြည်နယ် #PNLO
#YMG/LW #Yangon_Times
"ဆီလီကွန်ရုပ်တု၆၀လက်ခံထားပါတယ်။ ထိုင်းကမှာယူတဲ့ ဗမာဘီလူးစတိုင် ရုပ်တုကြီးတွေ ပြုလုပ်နိုင်ဖို့ ပုံစံငယ်နမူနာထုလုပ်မှုတွေပြီးသွားပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပေ ၅၀ လောက်ရှိတဲ့ မတ်ရပ်ဘီလူးရုပ်ကြီး နှစ်ခုကိုဦးစွာ သွားရောက်ထုလုပ်ဖန်တီးပေးဖို့ရှိတယ်" မြန်မာ့လက်မှုပညာရှင် Artist ကိုအောင်ကျော်ထွန်း
#Local_News
Published 21 November 2023
#tthl #Yangon_Times
Page 697 of 1334