ရန်ကုန်နှင့် နေ့ပူညချမ်းသည့် ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် လေမဖြတ်အောင် နေရန်လို
‘ရန်ကုန်အပါအဝင် ဒေသအချို့မှာ ညဦးပိုင်းပူချိန်မှာ ပန်ကာ၊ အဲကွန်းတွေဖွင့်မိပြီး ပြန်မပိတ်မိတဲ့အတွက် ညအပူချိန် ကျဆင်းလာပြီး အေးလာချိန်မှာ အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေနဲ့ အဆိုးဆုံး လေဖြတ်တာတွေဖြစ်နိုင်တဲ့အတွက် သတိထားဖို့လိုတယ်။နေ့ရောညပါအေးသည့်ဒေသများ နွေးနွေးထွေးထွေးနေဖို့နဲ့ ကိုဗစ်၊ ရာသီတုပ်ကွေးမကူးအောင် နှာခေါင်းစည်းတပ်ဖို့လိုပါတယ်’ ကျန်းမာရေးဝန်ကြီးဌာန၊ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၉ နိုဝင်ဘာ ၂၀၂၃
၁၉-၁၁-၂၀၂၃ ရက်နေ့ နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများအား မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
-ymg.knl
မူဆယ်မှလားရှိးသို့ သွားရောက်နိုင်သည့် တောလမ်း မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးပြီး သွားလာရ ခက်ခဲနေဟုဆို
မူဆယ်မှလားရှိးကို သွားရောက်နိုင်တဲ့ နမ့်ခမ်း-မိုင်းဝီး-နမ်မတူ လမ်းပိုင်းဟာ အခုရက်ပိုင်း ရွာသွန်းတဲ့မိုးကြောင့် လမ်းပျက်စီးမှု ဖြစ်ပေါ်နေတဲ့အတွက် သွားလာရ ခက်ခဲနေတယ်လို့ မူဆယ်ဒေသခံတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၉ နိုဝင်ဘာ ၂၀၂၃
အမေရိကန်ပြည်ထောင်စုမှာ ပြသနေတဲ့ “ အယ်လ်အေ ကားပြပွဲÓမှာ လျှပ်စစ်ကားတွေဟာ ရေပန်းစားနေပြီး လူတွေအပြောအများဆုံးဖြစ်နေပါတယ်။ ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီတွေက လာရောက်ပြသတဲ့ အဲဒီကားပြပွဲမှာ သူတို့ရဲ့ စွမ်းအင်အသစ်သုံးတဲ့ ကားတွေကို နောက်ဆုံးပေါ်ဒီဇိုင်းအသစ်တွေ နည်းပညာအသစ်တွေနှင့် ပရိသတ်ကို စွဲဆောင်ထားကြပါတယ်။
Source CCTV+
တိုက်ပွဲရှောင် မသန်စွမ်းများကို စားနပ်ရိက္ခာနှင့် မသန်စွမ်းအထောက်အကူပြုပစ္စည်းများ လှူရန်ရှိ
‘ရှမ်း၊ရခိုင်၊ကချင်နဲ့အညာဒေသမှာ ပိတ်မိနေတဲ့ မသန်စွမ်းတွေများစွာရှိတယ်။ ရှမ်းမြောက်ပိုင်းက မသန်စွမ်းတွေအနေနဲ့ အိမ်သာသွားဖို့ ခက်ခဲနေတဲ့အတွက် မသန်စွမ်းတွေအသုံးပြုတဲ့ ကမုတ်အိမ်သာလေးတွေ ထောက်ပံ့ပေးရသလို ပြင်းထန်မသန်စွမ်းတွေကို စားဝတ်နေရေး ကူညီပံ့ပိုးပေးနေတာတွေရှိတယ်’ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဌ ဦးမြတ်သူဝင်း
#Yangon_Times/tthl
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ဥရောပကော်မရှင် စီးပွားရေး ခန့်မှန်းချက်အရ ဥရောပသမဂ္ဂရဲ့ စီးပွားရေးဟာ ၂၀၂၃ ခုနှစ်မှာ အရှိန်ရပ်တန့်သွားတယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂနဲ့ ဥရောပဇုန်တို့မှာ ယခုနှစ်အတွင်း ယခင်စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းချက် ၀.၈ ရာခိုင်နှုန်းကနေ ၀.၆ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းလိုက်ပါတယ်။ ဥရောပသမဂ္ဂရဲ့ GDP က ၂၀၂၃ ပထမ ၉ လအတွင်းမှာ တိုးတက်မှုမရှိသလောက် ဖြစ်ခဲ့ကြောင်း ကော်မရှင်က ပြောကြားလိုက်ပါတယ်။
#World_Economy
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၈ နိုဝင်ဘာ ၂၀၂၃
ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟလသတင်းများ၊ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခံသွားသည့် တံတားများပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများ
၁၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်လွိုင်ကော်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် ချောင်းနှစ်ခွ တို့တွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ် ရှင်းလင်းပြောကြားချက်ကို YMG ကရရှိခဲ့ပါတယ်။ အဆိုပါရှင်းလင်းပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေး အပ်ပါတယ်။
-ymg/knl
Page 699 of 1334