အရှေ့အလယ်ပိုင်း ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆိုမှုတွေကြောင့် ကမ္ဘာ့စီးပွားရေး ရေရှည်သက်ရောက်မှုဖြစ်လာလိမ့်မယ်လို့ ယူကေ စီးပွားရေးနဲ့လူမှုသုတေသနဌာနမှ စီးပွားရေးခန့်မှန်းသုံးသပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး စတီဖင်မီလတ်ကပြောပါတယ်။
#World_News
Published 17 July 2026
#ဟော်မုဇ်ရေလက်ကြား
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးရဲ့ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို အောက်တိုဘာလ(၇)ရက်နေ့ကနေ(၁၁)ရက်နေ့အထိ ဆိုင်ခန်းပေါင်း ၁၁၁ ခန်း နဲ့စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ ပွဲကျင်းပရေးကော်မတီ ကသိရပါတယ်။
#Local_News
Published 17 July 2026
#ဗိုလ်ချုပ်အောင်ဆန်း
#YMG/NN #Yangon_Times
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) ရန်ပုံငွေမှတဆင့် ဝါလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တာကြောင့် စိတ်ဝင်စားသူများအနေဖြင့် ချေးငွေအဆိုပြုလွှာများ ပေးပို့လျှောက်ထားနိုင်တယ်လို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများမှတဆင့်ယနေ့အသိပေးထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 17 July 2026
#ဝါ #ချေးငွေ
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အခု၂၀၂၆ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လတာအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ၃ ဒသမ ၈ သန်းကျော်လာရောက်ဖူးမြော်ခဲ့ရာ အရင်နှစ်ကာလတူထက်လာ ရောက်ဖူးမျှော်သူ ပိုမိုများပြားလာတယ်လို့ စေတီတော်ကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 17 July 2026
#ရွှေတိဂုံစေတီတော်မြတ်ကြီး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆိုလာစနစ်အသုံးပြုမှုများ တိုးပွားလာသည်နှင့်အမျှ ဆိုလာစနစ်ဆိုင်ရာ မီးဘေးလုံခြုံရေးအသိပညာနှင့်လက်တွေ့ဆောင်ရွက်နိုင်မှုများ မြှင့်တင်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 17 July 2026
#ဆိုလာစနစ် #
#YMG/SW #Yangon_Times
#Daily_News
Published 17 July 2026
၁။ ဝါလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမည်
၂။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး ၃ ဒဿမ ၈သန်းကျော်လာရောက်ဖူးမြော်ပြီး ယခင်နှစ်ကာလတူထက်ပိုမိုများပြား
၃။ ဆိုလာစနစ်မီးဘေးလုံခြုံရေးသင်တန်းကို မီးသတ်ဦးစီးဌာနဖွင့်လှစ်သင်ကြား
၄။ အရှေ့အလယ်ပိုင်းပဋိပက္ခများနှင့်ဟော်မုဇ်ရေလက်ကြားအခြေအနေတို့ကြောင့် ကမ္ဘာ့စီးပွားရေးရေရှည်သက်ရောက်နိုင်မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၉ မှာ ပြည်တွင်းဖြစ် 6G နည်းပညာဆိုင်ရာကိစ္စများ ဖန်တီးမယ့် တရုတ်အစီအစဉ်က လျင်မြန်စွာတိုးတက်နေတဲ့ အနိမ့်ပျံစီးပွားရေးနဲ့ကုန်စည်ပို့ဆောင်ရေးလိုမျိုး ကဏ္ဍတွေကို အားကောင်းစေမှာဖြစ်ပြီး ဉာဏ်ရည်တု AI အတွက် ဆက်သွယ်ကွန်ရက်များ ဖြန့်ကျက်မှုကိုလည်း အရှိန်အဟုန် တင်ပေးလိမ့်မယ်လို့ စက်မှုသုတေသီတစ်ဦးက ပြောပါတယ်။
#Asia_Technology
Published 16 July 2026
#6G #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
Page 57 of 1410