ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်းဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
' လောက်ကိုင်တို့ လားရှိးတို့ ပွင့်တယ်ဆိုရင် သရက်သီးအကင်းက ခုဈေးတွေထက် ကျပ် ၃၀၀၀ လောက်ပိုရတယ်၊ ခုအဲ့ဘက်ကို မပိုကြတော့လို့ အရင်နှစ်ထက်ဈေးရတာနည်းတယ် '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာသံရုံး၊ တိုကျိုမြို့အနေ နဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ပေးလျက်ရှိရာ သံရုံးကို လစဉ်လာရောက်သူ နိုင်ငံသားဦးရေဟာ ထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို့သက်တမ်းတိုး လျှောက်ထားမှုတွေလည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး အချို့ရက်တွေမှာ သံရုံးကို လာရောက်သူအရေအတွက်ဟာ ကောင်စစ်အဆောက်အဦးအတွင်း လက်ခံနိုင်တဲ့ လူဦးရေထက်များစွာကျော်လွန်နေတဲ့အတွက် တန်းစီစောင့်ဆိုင်းရတာတွေရှိပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေး လိုက်တက်နိုင်ပေမယ့်လည်း ဝယ်နိုင်တဲ့သူတွေနဲ့ ဝယ်လိုအားသိပ်မရှိတာက တစ်ကြောင်း၊ မတ်လမှာ ရွှေတွင်းတွေကနေ ရွှေပေါပေါများများ ထွက်လာမှာကတစ်ကြောင်း ဈေးသိပ်တက်နိုင်ဘူး။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်နှင့်ထိုင်းနိုင်ငံတို့ ကြားအပြန်အလှန်ဗီဇာကင်းလွတ်ခွင့် စတင်အသက်ဝင်ကာ ဧည့်ခရီးသွားအရေအတွက်သိသိသာသာများပြားလာ
တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံတို့ကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ဟာ သောကြာနေ့မှာ တရားဝင် စတင်သက်ရောက်နေပြီ ဖြစ်ပါတယ်။
#Asia_Economic
Published_ 4 March 2024
#အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် #တရုတ်ပြည်နဲ့ထိုင်းနိုင်ငံ
#Yangon_Times #YMG_News #Yangon_Media_Group
၄ မတ် ၂၀၂၄
မြန်မာနိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ရှင်းလင်းပြောကြားရာမှာ ယင်းအချက်ကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အနှစ်ချုပ်မှာ
၁။နိုင်ငံတော်၏နယ်နိမိတ်နှင့်အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်
၂။ဒေသခံပြည်သူလူထုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေ
၃။နယ်စပ်ဒေသတည်ငြိမ်ရေး တရားဥပဓေစိုမိုးရေးနှင့် နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု ကုန်သွယ်မှုတို့ နှစ်နိုင်ငံအစိုးရများရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိမှာဖြစ်
၄။တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနှင့် ဆက်လက် အလေးထားကာကွယ်မည်
၅။နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ဆိုက်ဘာမှုခင်း နှစ်နိုင်ငံအစိုးရပူးပေါင်း ပြတ်ပြတ်သားသားနှိမ်နှင်းသွားမည်
၆။မြန်မာနိုင်ငံ၏ပိုင်နယ်နယ်မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆာင်မှုကိုမှ မြန်မာနိုင်ငံကလက်မခံ
၇။ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဖြစ်မြောက်အာင် လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံအစိုးရနှင့်သက်ဆိုင် သူအားလုံးကို နစက ကျေးဇူးတင်ကြောင်း ဟူ၍ဖြစ်ပါတယ်။
အသေးစိတ်ကို ဖော်ပြပါရုပ်သံတွင်ကြည့်ရှုနိုင်ကြပါတယ်။
@ymg/knl
#Daily_News
Published_ 4 March 2024
၁။ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမည့်သူများ စာမေးပွဲကျရှုံးမည့်သူမရှိ၍ မစိုးရိမ်ကြရန်ပြော
၂။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ငွေညှစ်မှုများရှိပါက ဆက်သွယ်အကူညီတောင်းနိုင်ဟု ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးပြော
၃။ မန်းရွှေစက်တော်ဘုရားဖူးများ သင်္ကြန်ကာလမှာ mini water park များဖြင့် မန်းချောင်းအတွင်းအပန်းဖြေနိုင်ပြီ
၄။ တရုတ်နှင့်ထိုင်းနိုင်ငံတို့ကြားအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်စတင်အသက်ဝင်ကာ ဧည့်ခရီးသွားအရေအတွက်သိသိသာသာများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မလေးရှား အစိုးရ အနေဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြည်ဝင်ခွင့် လာမယ့် မေလ ၃၁ရက်အထိသာ လက်ခံတော့မယ်လို့ ကြေညာလိုက်ပြီး အလုပ်သွားရောက်လုပ်မယ့် လုပ်သားတွေရဲ့ Calling Visa ဗီဇာလျှောက်ထားမှုကိုလည်း ယခုမတ်လ ၃၁မှာ စတင်ပိတ်မှာဖြစ်ပါတယ်။ Calling visa ကျထားတဲ့ သူတွေအနေနဲ့ မေလ ၃၁ရက်အမှီ မလေးရှားသို့ ဝင်ရောက်ရမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက လက်ခံတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
#Local_News
Published_ 4 March 2024
#Calling visa #နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား
#YMG/LW #Yangon_Times
Page 487 of 1220