၂၆ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်အခြေအနေနှင့်ပတ်သက်လို့တုန့်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCT
ဘေဂျင်းတွင်ပြုလုပ်သည့် ပါလက်စ်တိုင်းအဖွဲ့ခွဲများ ပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှုများရရှိ
ဇူလိုင် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဘေကျင်းမှာပြုလုပ်တဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲမှာ ပါလက်စ်တိုင်းအဖွဲ့ခွဲ ၁၄ ဖွဲ့ဟာ ဂိုဏ်းကဏကွဲပြားမှု အဆုံးသတ်ရေးနဲ့ စည်းလုံးညီညွတ်မှု အားကောင်းရေးတို့အတွက် လက်တွေ့ကျပြီး အသေးစိတ်ကျတဲ့ သဘောတူညီချက်တစ်ခုရရှိခဲ့ကြောင်း ပါလက်စ်တိုင်းအမျိုးသားအဖွဲ့အစည်း (PNI)မှ အထွေထွေအတွင်းရေးမှူး မူစတာဖာဘာဂေါ်တီက ပြောပြခဲ့ပါတယ်။
#World_News
Published 25 July 2024
#ပါလက်စ်တိုင်းအဖွဲ့ခွဲ #မူစတာဖာဘာဂေါ်တီ
#YMG #Yangon_Times #Yangon_Media_Group
၂၅ ဇူလိုင် ၂၀၂၄
မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင်သံသယရှိနေတဲ့ တရုတ်နိုင်ငံသား (၃)ဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်သို့ ဇူလိုင် ၂၄ရက်က လွှဲပြောင်းပေးလိုက်တယ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံထဲ မြောက်ပိုင်းမှာ နှစ်ကာလရှည်ကြာ အခြေချနေထိုင်ခဲ့တဲ့ အဲဒီတရုတ်နိုင်ငံသား (၃)ဦးဟာ တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါး နှစ်ထောင် ကီလိုဂရမ်ကျော် မှောင်ခိုတင်ပို့ခဲ့တယ်လို့ ပြောပါတယ်။
Source CCTV+
#Daily_News
Published 25 July 2024
၁။ အပျော်စီးသင်္ဘောပေါ်၌ အသုံးပြုနိုင်မည့်လုပ်ငန်းသုံး အင်္ဂလိပ်စာအခမဲ့သင်တန်းဩဂုတ်လ၌ထပ်ဖွင့်မည်
၂။ စစ်ကိုင်းတိုင်းအတွင်းရှိ ယဉ်ကျေးမှုအခြေခံသည့် ဒေသများသို့ တစ်လတာအတွင်းပြည်တွင်း၊ပြည်ပခရီးသွားတစ်သောင်းကျော်ဝင်ရောက်ထား
၃။ သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေတက်နေ၍ ဘားအံနှင့်ဘီးလင်းမြို့သူမြို့သားများ သတိထားရန်လို
၄။ ဘေဂျင်းတွင်ပြုလုပ်သည့် ပါလက်စ်တိုင်းအဖွဲ့ခွဲများ ပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှုများရရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပနိုင်ငံတွေကို စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ထက်ဝက်ခန့်ရှိနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။ အလုပ်သမားတွေရဲ့အချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကိုလုပ်ငန်းဆိုင်းငံ့မယ့်အပြင် ဒဏ်ကြေးပါ ကောက်မယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#ကိုယ်ရေးအချက်အလက်မပေး #အေဂျင်စီတွေကိုလုပ်ငန်း
#YMG/NN #Yangon_Times
မိုးရွာသွန်းမှုသည်းထန်ပြီး ရေတိုက်စားတာကြောင့် ကရင်ပြည်နယ်၊ ဘားအံ-ထီလုံ-သရက်တော-နဘူး-ထိုကော်ကိုး-မြဝတီလမ်းပေါ်ရှိ နောင်ခွီးချဉ်ကပ်တံတားကျိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 25 July 2024
#ဘားအံ-မြဝတီလမ်း #နောင်ခွီးတံတားကျိုးကျ
#YMG/NN #Yangon_Times
သံလွင်မြစ်ရေနဲ့ဘီးလင်းမြစ်ရေတက်နေလို့ ဘားအံနဲ့ မော်လမြိုင်၊ ဘီးလင်းမြို့သူမြို့သားများသတိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#သံလွင်မြစ်ရေ #ဘီးလင်းမြစ်ရေတက်
#YMG/tthl #Yangon_Times
Page 448 of 1295