#Local_News
Published 03 February 2025
▪️ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုဖွဲ့စည်းပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကပြောသည်။
▪️ ယမာန်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့်
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၁/၂၀၂၆) အစည်းအဝေး၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုဖွဲ့စည်းပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်၏ စတုတ္ထသက်တမ်း ဒုတိယခြောက်လပတ် အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာ(မူကြမ်း)အား အတည်ပြုနိုင်ရေးအတွက် ယခုအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ကြောင်း၊အတည်ပြုပြီးသော အစီရင်ခံစာအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြနိုင်ရေး၊ အစီရင်ခံစာကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာပြန်ဆို၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ ခွင့်ပြုချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဒုတိယခြောက်လ တာကာလပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ အသိပညာပေးခြင်းလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ ခရိုင် ၄၅ ခုတွင် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။
▪️ ယင်းနောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်း ကော်မတီ (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ချက်များကိုတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၅) ဒုတိယခြောက်လပတ် အစီရင်ခံစာ(မူကြမ်း)အပေါ် ပြင်ဆင်လိုသည်များကို ဆွေးနွေးနိုင်ရေးအတွက် အစီရင်ခံစာ(မူကြမ်း)ကို တင်ပြသည်။
▪️ ထို့နောက် ဝန်ကြီးဌာနအသီးသီးက ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ဒုတိယခြောက်ပတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ချက်များအပေါ် အကြံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းတို့ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါအစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 03 February 2026
၁။ ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် တစ်လကျော်အတွင်း ၂၁၀၀ စီးနင်းခဲ့
၂။ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ လုပ်ငန်း ၅၇ ခုအတွက် လုပ်ကိုင်ခွင့်တင်ဒါခေါ်ယူ
၃။ မြန်မာ့လက်ဖက်စို စားသုံးမှုဓလေ့ကို မတ်လအတွင်း ယူနက်စကိုသို့တင်သွင်းမည်
၄။ ဆောင်းမုန်တိုင်းကြောင့် အမေရိကန်တွင် လူ၁၀၀ ကျော်သေဆုံးခဲ့ရ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လာမယ့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်ကာအခြေခံပညာ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားသွားမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 03 February 2026
#စက်မှု_စိုက်ပျိုး_မွေးမြူရေးဘာသာရပ်
#YMG/SW #Yangon_Times
အင်ဒိုနီးရှား အနောက်ဂျာဗာပြည်နယ်မှ ပါဆီယာလန်ဂူရွာမှာ မြေပြိုခြင်းကြောင့် သေဆုံးသူစာရင်း ၅၀ အထိ တိုးမြင့်လာပြီး အယောက် ၃၀ ကိုတော့ သိရှိထားပြီလို့ ဒေသခံရဲတွေဆိုပါတယ်။
#Asia_Disaster
Published 02 February 2026
#အင်ဒိုနီးရှား #အနောက်ဂျာဗာပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) မှ ကြီးမှူးမှုနဲ့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှဦးစီးကာ အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ) သင်တန်းအား မန္တလေးမြို့နဲ့ မန္တလေးမြို့ ဝန်းကျင်မှာ
ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 02 February 2026
#𝐌𝐂𝐄𝐅 #မန္တလေး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရသူများအတွက် ဥရောပသမဂ္ဂ (အီးယူ)က ယူရို ၃၈.၆ သန်း ထောက်ပံ့သွားမယ်လို့ ကြေညာထားပါတယ်။
#Local_News
Published 02 February 2026
#ယူရို #ဥရောပသမဂ္ဂ
#YMG/SW #Yangon_Times
#Local_News
Published 02 February 2026
#မိုးရွာသွန်း
#YMG/NN #Yangon_Times
Page 45 of 1294