တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များဝင်ရောက်ခြင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာခြင်းတွေကြောင့် တိုင်းနှင့်ပြည်နယ်ခုနှစ်မှာ ၂၄ နာရီ မှ ၄၈ နာရီအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
#Local_News
Published 09 September 2025
#တိုင်ဖွန်းမုန်တိုင်း #ပင်လယ်အော်တောင်ပိုင်း
#YMG/SW #Yangon_Times
ပြည်တွင်းမှာ ဆန်စက်ပေါင်း ၈,၀၀၀ ကျော်ကနေပြည်ပတင်ပို့ဖို့နဲ့ပြည်တွင်းစားသုံးဖို့ပါ ကြိတ်ခွဲထုတ်လုပ်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 09 September 2025
#ဆန်စက် #မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
လတ်တလော ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ ကန်ထရိုက်တိုက်ခန်း တွေအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Local_News
Published 09 September 2025
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #ကန်ထရိုက်တိုက်ခန်း
#YMG/SW #Yangon_Times
ပေကျင်းမြို့မှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ V-Day စစ်ရေးပြအခမ်းအနားမှာ ပျံသန်းပြခဲ့တဲ့ တရုတ်ပြည်ထုတ် တိုက်လေယာဉ်တွေဟာ တရုတ်လေတပ်ရဲ့ တိုက်ခိုက်စွမ်းရည်တွေကို ထင်ထင်ရှားရှားမြင်စေပါတယ်။
#Asia_Military
Published 08 September 2025
#ပေကျင်းမြို့ #တရုတ်လေတပ်_တိုက်လေယာဉ်
#YMG #Yangon_Times #Yangon_Media_Group
ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာကို ကျပ်(၁၁၀)နှုန်း ထပ်မံမြင့်တက်လာတာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဥ်ထုတ်ပြန်ပေးနေတဲ့စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 08 September 2025
#စားအုန်းဆီ
#YMG/SW #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့ အတူပြည်တွင်းဈေးပါ အတက်အကျကြမ်းနေပြီး ဒီကနေ့မှာ အခေါက်ရွှေပြင်ပပေါက်ဈေး တစ်ကျပ်သားကို ကျပ်၇၈သိန်း ၆သောင်း အထိမြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 08 September 2025
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကွက်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ရေတင်လုပ်ငန်းများမှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးနဲ့ အခြားသီးနှံစုစုပေါင်း ဧက၂၀၁၀၀ စိုက်ပျိုးရေပေးဝေဖို့ လျာထားဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 08 September 2025
#ဆိုလာသုံးမြစ်ရေတင်လုပ်ငန်း #နွေစပါး
#YMG/NN #Yangon_Times
Page 40 of 1185