#Daily_News
Published_ 26 June 2024
၁။ ထိုင်းမှဝယ်လိုအား မရှိတော့သည့်အတွက် ခရမ်းချဉ်သီးဈေးအကျဘက်သို့ရောက်လာ
၂။ မြန်မာလူငယ်ထုကြား ပျံ့နှံ့သုံးစွဲနေသည့်မူးယစ်ဆေးဝါး(၉)မျိုးရှိနေ၊ မှတ်ဉာဏ်ပျက်စေသည့် မူးယစ်ဆေး Happy Water သုံးစွဲမှုအများဆုံးဖြစ်ဟုဆို
၃။ အိမ်ထောင်စုတစ်စု တစ်လစားသုံးရန် ဆန်ကြမ်းနှင့် အချောနှစ်အိတ်စတင်ရောင်းချပေး
၄။ ဂျာမနီရှိအမေရိကန်လေတပ်စခန်းပိတ်သိမ်းပေးရန်နှင့် ရုရှား-ယူကရိန်းအရေးငြိမ်းချမ်းရေးဆွေးနွေးကြရန် ကိုင်ဆာလော့စတန်တွင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မသမာမှု ပြုလုပ်နေတဲ့စားအုန်းဆီတင်သွင်းတဲ့ကုမ္ပဏီ (၈)ခုကို DICAက အမည်ပျက် (Black List)စာရင်းသွင်းခဲ့တယ်လို သိရပါတယ်။ရန်ကုန်မှာ ရည်ညွှန်းလက်ကားဈေး ၅၀၀၀ကျော်သတ်မှတ်ထားရာမှာ ဈေးကွက်အတွင်း တစ်ပိဿာကျပ်၁၀၀၀၀ကျော်၊ ၁၅၀၀၀နဲ့ရောင်းချနေမှုများရှိနေပါတယ်။
#Local_News
Published_ 26 June 2024
#အမည်ပျက်စာရင်း(Black List)သွင်း #ကုမ္ပဏီ (၈)ခု
#tthl #Yangon_Times
ပြည်တွင်းမှာ ဇီဝဇိုးငှက်တွေကို ငှက်အိမ်ဆောက်လုပ်ပေးပြီး ငှက်သိုက်ခွာယူရတဲ့ လုပ်ငန်းလုပ်ကိုင်လာတာ များ လာတာကြောင် အဆိုပါ ငှက်သိုက်တွေကို သန့်စင်ဖို့လုပ်သားလိုအပ်ချက်များလာတယ်လို့ ဇီဝဇိုးငှက်သိုက်မွေးမြူထုတ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 26 June 2024
#ဇီဝဇိုးငှက်သိုက်သန့်စင်လုပ်ငန်း #လုပ်သားလိုအပ်မှုများနေ
#YMG/LW #Yangon_Times
ဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ အိမ်ထောင်စုတစ်စုကို တစ်လစားသုံးရန် ဆန်ကြမ်းနဲ့ အချောနှစ်အိတ်စီ ဒီကနေ့ မှာ စတင်ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published_ 26 June 2024
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဆန်ကြမ်းနှင့်အချောစတင်ရောင်းချ
#YMG NN #Yangon_Times
ပြီးခဲ့တဲ့တစ်ပတ်က ဈေးမြင့်ခဲ့တဲ့ ခရမ်းချဉ်သီးဈေးကွက်မှာ ထိုင်းနိုင်ငံဘက်မှ ဝယ်ယူမှုရပ်နားလိုက်သည့်အတွက် ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးဈေးကွက်မှာ ဈေးအနည်းငယ်ပြန်ကျလာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံ က သိရပါတယ်။
#Local_News
Published_ 26 June 2024
#ခရမ်းချဉ်သီးဈေးထပ်မံကျ #ထိုင်းနိုင်ငံဘက်မှဝယ်ယူမှုရပ်နား
#YMG/LW #Yangon_Times
မြန်မာလူငယ်ထုကြား မူးယစ်ဆေးဝါး(၉) မျိုးပျံ့နှံ သုံးစွဲမှုရှိနေပြီး ကလပ်တွေမှာအကြောစွဲ၊ သူငယ်အိမ်စောင်းပြီးမှတ်ဉာဏ်ပျက်စေတဲ့ မူးယစ်ဆေး Happy Water သုံးစွဲမှုအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
#Local_News
Published_ 26 June 2024
#မူးယစ်ဆေးဝါး(၉)မျိုးပျံ့နှံ့ #Happy_Waterသုံးစွဲမှုအများဆုံး
#tthl #Yangon_Times
မက္ကဆီကိုနိုင်ငံအနှံ အစွန်းရောက်ခြင်းကြောင့် ကောက်ပဲသီးနှံ စိုက်ပျိုးမှုများ ပျက်စီးနေပြီး စားနပ်ရိက္ခာ ပြတ်လပ်ခြင်း ပြဿနာနဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခြင်း ပြဿနာတို ကြုံတွေ့နေရပါတယ်။
#World_Crisis
Published_ 24 June 2024
#မိုးခေါင်ရေရှား #စားသောက်ကုန်ဈေးနှုန်းများမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
Page 282 of 1104