စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစား ဈေးနှုန်းအားလုံး အမြင့်တန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 October 2024
#စက်သုံးဆီဈေးမြင့် #စက်သုံးဆီအမျိုးအစား
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာဖြစ်ပေါ်လာမယ့်ဆိုင်ကလုန်းမုန်တိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင်တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Local_News
Published 19 October 2024
#ဆိုင်ကလုန်းမုန်တိုင်း #မိုးသက်လေပြင်းကျနိုင်
#YMG/NN #Yangon_Times
'အာရှဖလားအမျိုးသမီး ဖူဆယ်ခြေစစ်ပွဲ'တွေကိုဇန်နဝါရီ (၁၁)ရက်မှ (၁၉)ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အိမ်ရှင်နိုင်ငံတွေအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဥဇဘက်ကစ္စတန်တိုမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 19 October 2024
#'အာရှဖလား #အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ'
#YMG/tthl #Yangon_Times
ဒီဇယ်ဆီစျေးတိုးမြင့်လာမှုကြောင့် မီးရထားလက်မှတ်ခတွေ ထောင်ဂဏာန်းထပ်ပြီးတိုးမြှင့်လာဖို့ရှိတယ်လို့ မြန်မာ့မီးရထား၊ မော်လမြိုင်ဘူတာကြီးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 19 October 2024
#ဒီဇယ်ဆီစျေးမြင့်လာ #မော်လမြိုင်ဘူတာကြီး
#YMG/tthl #Yangon_Times
သီတင်းကျွတ်ပွဲတော်ကာလ ဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်းသကြား အရောင်းအဝယ်ကောင်းနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 19 October 2024
#သီတင်းကျွတ်ပွဲတော် #သကြား အရောင်းအဝယ်ကောင်း
#YMG/NN #Yangon_Times
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ပါကစ္စတန်တွင်ကျင်းပခဲ့
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒေသဆိုင်ရာတင်းမာမှုတွေကို လျှော့ချပေးတဲ့ ပလက်ဖောင်းတစ်ခု အဖြစ်သာမကဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွေကိုပါ တိုးမြှင့်ပေးနေတယ်လို့ နိုင်ငံတကာလေ့လာရေး ပညာရှင်တွေကပြောကြားလိုက်ပါတယ်။
#World_News
Published 18 October 2024
#ပါကစ္စတန် #နိုင်ငံတကာလေ့လာရေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 October 2024
၁။ ရွှေတိဂုံစေတီတွင် မီးစေတီပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့နဲ့ ဆွမ်းသိမ်းအောင်ပွဲကျင်းပခဲ့
၂။ ပုဂံ၌ မြင်းလှည်းအစီးရေ၁၃၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးနေပြီး ရိုးရာချစ်မြတ်နိုးသူများစီးနင်းနေဆဲဟုဆို
၃။ သုခဒဂုံပြည်သူ့အငှါး အိမ်ရာတတိယအသုတ်အိမ်ခန်း ငှါးရမ်းခွင့်အတွက် ယခုလ နောက်ဆုံးပတ်၌ မဲနှိုက်ရမည်
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ပါကစ္စတန်တွင်ကျင်းပခဲ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 150 of 1060