5 October 2025
▪️လေသင်္ဘောလို ပုံစံရှိတဲ့ S1500 ကမ္ဘာ့အကြီးဆုံး ပျံသန်းနိုင်တဲ့ လေအားလျှပ်စစ်ထုတ်တာဘိုင်ဟာ မကြာသေးခင်က စမ်းသပ်ပျံသန်းမှုအတွင်း တစ်မဂ္ဂါဝပ် (1 megawatt) လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
▪️လေအားလျှပ်စစ်တာဘိုင်တွေဟာ တရုတ်နိုင်ငံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပေါ် ကြီးမားစွာ အားထား ရတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နှင့်ပြီးသားပါ။ ဒါပေမယ့် တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်ကို လျှော့ချဖို့နဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ အဲဒီလိုနဲ့ပဲ လျှပ်စစ်ဓာတ်အား အမြောက်အမြား ထုတ်လုပ်နိုင်ပြီး နေရာအနှံ့အပြားကို လျင်မြန်စွာ ရွှေ့ပြောင်း တပ်ဆင်နိုင်ပြီး လေမှုတ်သွင်းပြီးဖောင်းရတဲ့ ဘက်စုံသုံး လေအားတာဘိုင်တစ်မျိုးကို တီထွင် နိုင်ခဲ့ တာပါ။
▪️S1500 ပေါ်လောပေါ် လေအားလျှပ်စစ်စနစ်ဟာ ၁၃ ထပ်အဆောက်အအုံလောက် မြင့်ပြီး ဘက်စကက်ဘောကွင်း လောက် ရှည်လျားပါတယ်။ ပျံသန်းနေတဲ့ ဧရာမ လေယာဉ်အင်ဂျင်ပုံစံနဲ့တူပြီး သမားရိုးကျရဟတ် တိုင်တွေ (မီတာ ၂၀၀ ခန့်) ရဲ့ အမြင့်ထက် လေတိုက်နှုန်းပိုမြန်ပြီး ပိုတည်ငြိမ်တဲ့ မီတာ ၁,၅၀၀ အမြင့်အထိ လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။

▪️ပေကျင်း လင်ရီ ယွင်ချွမ်း စွမ်းအင်နည်းပညာ ကုမ္ပဏီလီမိတက် (Beijing Linyi Yunchuan Energy Technology Co. Ltd.) က တီထွင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ပျံသန်းနိုင်တဲ့ လေအားတာဘိုင်ဟာ ဟီလီယမ်ဓာတ်ငွေ့ဖြည့်ထားတဲ့ ပင်မအိတ်ကြီးတစ်ခုနဲ့ ကွင်းပုံသဏ္ဌာန်အတောင်ပံတစ်ခု ပါရှိပြီး အဲဒီကွင်းပုံသဏ္ဌာန်အတောင်ပံဟာ တည်ငြိမ်တဲ့ အမြင့်ပိုင်းလေတိုက်နှုန်းတွေကို အသုံးပြုပြီး ရဟတ်ကို လည်ပတ်စေတဲ့ ဧရာမပြွန်ကြီးတစ်ခုကို ဖြစ်ပေါ်စေပါတယ်။
▪️ကီလိုဝပ် ၁၀၀ ထုတ်လုပ်ပေးတဲ့ မီးစက် ၁၂ လုံးရဲ့အကူအညီနဲ့ ဖန်တီးမှုအားကောင်းတဲ့ လျှပ်စစ် ထုတ်လုပ်ရေးစနစ်ဟာ ကေဘယ်ကြိုးတွေကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားကို မြေပြင်ကို တည်ငြိမ်စွာ ပေးပို့ပါတယ်။
▪️ပျံသန်းနေတဲ့ တာဘိုင်တွေရဲ့ အဓိကအားသာချက်တွေထဲက တစ်ခုကတော့ ကြီးမားတဲ့ သတ္တု တာဝါတိုင်တွေနဲ့ ရဟတ်တွေ တည်ဆောက်ဖို့ မလိုအပ်တာကြောင့် တစ်ကီလိုဝပ်နာရီ ကုန်ကျစရိတ်ကို ၃၀% လျှော့ချနိုင်ပါတယ်။ လေမှုတ်သွင်းရတဲ့ ဒီဇိုင်းကြောင့် ခရီးဝေးကို ရွှေ့ပြောင်းရလွယ်ကူစေပါတယ်။
▪️ပေကျင်း လင်ရီ ယွင်ချွမ်း စွမ်းအင်နည်းပညာ ကုမ္ပဏီလီမိတက် ဟာ လာမယ့်နှစ်ကစပြီး S1500 လေအားတာဘိုင်တွေကို အများအပြားထုတ်လုပ်ဖို့ စီစဉ်ထားပေမဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်တွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေမှာ တပ်ဆင်မှုရဲ့ တည်ငြိမ်မှုကို သရုပ်ပြနိုင်ဖို့နဲ့ အစိတ်အပိုင်းတွေရဲ့ ခံနိုင်ရည်ရှိမှု စတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရဦးမှာ ဖြစ်ပါတယ်။
▪️ “လေထုထဲမှာရှိတဲ့ လေစွမ်းအင်ကို တန်ဖိုးတင့်သင့်ပြီးသဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ လျှပ်စစ်ဓာတ်အားရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပေကျင်း လင်ရီ ယွင်ချွမ်း စွမ်းအင်နည်းပညာ ကုမ္ပဏီလီမိတက်ရဲ့ အမှုဆောင်အရာရှိချုပ် Dun Tianrui က ပြောကြားခဲ့ပါတယ်။
Source SCMP
NAY PYI TAW, September 20, 2025 - A Myanmar delegation met with senior officials from the International Atomic Energy Agency (IAEA) on September 18 in Vienna, Austria, to discuss nuclear technology assistance programs for Myanmar.
According to a press release from the Myanmar Ministry of Foreign Affairs, the meeting took place during the IAEA's 69th General Conference. The Myanmar delegation, led by Ambassador U Min Thein, Permanent Representative of Myanmar to the UN and other international organizations in Vienna, and Dr. Theingi Maung Maung, Director-General of the Department of Atomic Energy under the Ministry of Science and Technology, met with a team led by Mr. Ge Deng, Director of the Division for Asia and the Pacific, Department of Technical Cooperation at the IAEA. The meeting was held at 11:30 AM on September 18, 2025, at the Vienna International Centre.

During the meeting, they discussed the progress of the technical assistance programs for Myanmar under the current 2024-2025 cycle.
In the afternoon of the same day, the Myanmar delegation also met with a team led by Ms. Liliya Dulinets, Head of the Nuclear Infrastructure Development Section, Department of Nuclear Energy at the IAEA. The discussion focused on obtaining regulatory and technical assistance for the development of Myanmar's nuclear energy infrastructure.
These meetings took place as Myanmar is undertaking initial activities to develop its nuclear energy sector.
#knl/ymg
"ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်မှုလုပ်ငန်းများတွင် ဘက်ထရီနည်းပညာများက မည်မျှအကျိုးသက်ရောက် မှုရှိနေကြောင်းနှင့် လက်ရှိနှင့်နောင်လာမည့် ဘက်ထရီနည်းပညာများ အကြောင်းကို လေ့လာရေးသား ထားသည့် သုံးသပ်ချက်ဆောင်းပါး"
ဩဂုတ် ၂၅ (ရိုက်တာ) - ကမ္ဘာတစ်ဝန်းရှိ စွန့်ဦးတီထွင်ကုမ္ပဏီများသည် လျှပ်စစ်ကားများ (EVs) အတွက် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် အချို့သော အရေးကြီးသည့် သတ္တုတွင်းထွက်များအပေါ် မှီခိုမှုကို လျှော့ချရန် ရည်ရွယ်၍ ဆိုဒီယမ်နှင့် ဆာလဖာကဲ့သို့သော ပစ္စည်းများ သို့မဟုတ် အခြားသော ဆန်းသစ်သည့် ဓာတုဗေဒနည်းလမ်းများ အသုံးပြုထားသည့် ဘက်ထရီနည်းပညာသစ်များကို အပြိုင် အဆိုင် တီထွင်ထုတ်လုပ်နေကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဘက်ထရီဆဲလ် ထုတ်လုပ်မှု၏ ၈၅% နှင့် ယနေ့ခေတ် EV ဈေးကွက်ကို လွှမ်းမိုးထားသော လီသီယမ်-အိုင်းယွန်း အမျိုးအစားနှစ်ခုတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ကို ပြုပြင်ခြင်း၏ ၉၀% ကို ထိန်းချုပ်ထားသည်။
ဘက်ထရီနည်းပညာသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော်လည်း အခြေခံနည်းစဉ်မှာမူ မပြောင်းလဲဘဲ - ကက်သုတ် (cathode)၊ အန်နုတ် (anode) နှင့် အီလက်ထရိုလိုက် (electrolyte) ဟူသော အဓိက အစိတ်အပိုင်း သုံးခုဖြင့် ဖွဲ့စည်းထားဆဲ ဖြစ်သည်။
ကားထုတ်လုပ်သူများက ရေရှည်အတွက် ရွေးချယ်စရာများကို ချိန်ဆနေကြသည်နှင့်အညီ၊ လက်ရှိ အသုံးပြုနေသော သို့မဟုတ် တီထွင်နေဆဲဖြစ်သော ဘက်ထရီအမျိုးအစားအမျိုးမျိုးကို အောက်တွင် လေ့လာနိုင်ပါသည်။
လိဒ် LEAD
ကားစက်နှိုးရန်အတွက် လက်ရှိအသုံးပြုနေသော ၆ ဗို့ သို့မဟုတ် ၁၂ ဗို့ ဘက်ထရီများတွင် အသုံးပြုသည်။
အားသာချက်များ- ဈေးသက်သာပြီး အစွန်းရောက် ရာသီဥတုအခြေအနေများတွင် အလုပ်လုပ်နိုင်သည်။
အားနည်းချက်များ- လေးလံပြီး စွမ်းအင်နည်းပါးသည်။
နီကယ်-ကက်မီယမ် (NI-CD)
အားပြန်သွင်းနိုင်သော ဘက်ထရီများ ဖြစ်သည်။
နီကယ်-မက်တယ် ဟိုက်ဒရိုက် (NI-MH)
၁၉၉၇ ခုနှစ်တွင် Toyota ၏ ပထမဆုံး Prius တွင် အသုံးပြုခဲ့သော နည်းပညာဖြစ်ပြီး ဟိုက်ဘရစ် ကားများ၏ ရှေ့ပြေးဘက်ထရီဖြစ်သည်။
ဆိုဒီယမ် နီကယ် ကလိုရိုက်
ပြင်သစ်စာတိုက်လုပ်ငန်း၏ Venturi ကားများတွင် အသုံးပြုခဲ့သည်။
အားသာချက်များ- ပိုမိုသေးငယ်ပြီး လက်ရှိကားများကို ပြောင်းလဲရန်မလိုဘဲ တပ်ဆင်နိုင်သည်။
အားနည်းချက်များ- အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ နှင့် သွားနိုင်သည့် အကွာအဝေး ကီလိုမီတာ ၁၀၀ သာ ကန့်သတ်ထားသည်။
လီသီယမ် မက်တယ် ပိုလီမာ (LMP)
ယခု ရပ်ဆိုင်းသွားပြီဖြစ်သော Bolloré Pininfarina BlueCar မော်ဒယ်နှင့် ပါရီမြို့၏ ကားအငှား ဝန်ဆောင်မှုလုပ်ငန်း Autolib တွင် အသုံးပြုခဲ့သည်။ ယခုအခါတွင် ယင်းနည်းပညာကို အများအားဖြင့် စွမ်းအင်သိုလှောင်မှု၊ ဘတ်စ်ကားများနှင့် ဓာတ်ရထားများတွင် အဓိကအသုံးပြုသည်။
အားသာချက်များ- ကက်ပစီတာ (capacitor) နိယာမပေါ် အခြေခံထားသော "ခြောက်သွေ့သည့်" နည်း ပညာဖြစ်ပြီး စက်မှုလုပ်ငန်းစဉ် ပိုမိုလွယ်ကူသည်။
အားနည်းချက်များ-ဘက်ထရီကို ကြိုတင်အပူပေးရန်နှင့် သတ်မှတ်အပူချိန်တစ်ခုတွင် ယင်းကိုထိန်းသိမ်း ထားရန် လိုအပ်သည်။
လီသီယမ်-အိုင်းယွန်း (LITHIUM-ION)
ယနေ့ခေတ်တွင် အတွင်ကျယ်ဆုံး နည်းပညာဖြစ်ပြီး ဖုန်းနှင့် လက်ပ်တော့ဘက်ထရီများ၊ လျှပ်စစ် ကားများနှင့် အခြားကိရိယာများတွင် အသုံးပြုသည်။ ၁၉၉၁ ခုနှစ်တွင် Sony မှ ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့သည်။
အားသာချက်များ- လီသီယမ်သည် ယူရေနီယမ်ပြီးလျှင် ဒုတိယမြောက် စွမ်းအင်အပြည့်ဝဆုံး သတ္တု ဖြစ်သည်။ အမြင့်ဆုံးအမြန်နှုန်းနှင့် သွားနိုင်သည့် အကွာအဝေး တိုးတက်လာခြင်း၊ အားသွင်းမှတ်ဉာဏ် (charge memory) မရှိဘဲ အားအမြန်သွင်းခြင်းနှင့် အနှေးသွင်းခြင်း နှစ်မျိုးလုံး ပြုလုပ်နိုင်သည်။
အားနည်းချက်များ-အလေးချိန်နှင့် ပြင်ပအခြေအနေများ (အအေး၊ တုန်ခါမှု) ကို ခံနိုင်ရည်နည်းပါးခြင်း၊ အပူလွန်ကဲမှုအန္တရာယ်ကို အနီးကပ် ထိန်းချုပ်ရန် လိုအပ်သော "အရည်" ဘက်ထရီများဟု ခေါ်ဆိုနေ ကြသည့် အမျိုးအစားဖြစ်သည်။
EV ဈေးကွက်ကို လွှမ်းမိုးထားသော LI-ION နည်းပညာ မိသားစု နှစ်ခု
NMC (နီကယ် မန်းဂနိစ် ကိုဘော့)
စွမ်းအင်သိပ်သည်းဆ မြင့်မားသော်လည်း ဈေးနှုန်းမှာ ကြီးမားသော ယာဉ်ကြီးများအတွက် ပိုမို သင့်တော်သည်။ ကိုဘော့ကို အဓိကအားဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ရရှိပြီး အဆိုပါသတ္တုကို ထုတ်ယူသည့် အခြေအနေများမှာ မဟာဗျူဟာမြောက်နှင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ရှိနေသည်။
LFP (လီသီယမ် အိုင်ယွန်း ဖော့စဖိတ်)
အားသာချက်များ- ကိုဘော့ကို အသုံးပြုရန်မလိုအပ်ဘဲ၊ ဈေးနှုန်းပိုမိုသက်သာသောကြောင့် ယာဉ်ငယ်များ အတွက် သင့်တော်သည်။
အားနည်းချက်များ-NMC ထက် စွမ်းအင်သိပ်သည်းဆ နည်းပါးသည်။
ဆိုဒီယမ်-အိုင်းယွန်း (SODIUM-ION)
အားသာချက်များ- လက်ရှိတွင် ဝယ်လိုအားမြင့်မားနေသော လီသီယမ်၊ နီကယ် သို့မဟုတ် ကိုဘော့တို့ကို အသုံးပြုရန်မလိုအပ်ဘဲ အလူမီနီယမ်၊ သံနှင့် မန်းဂနိစ် manganese တို့ဖြင့် အစားထိုးထားသည်။ ဆိုဒီယမ်သည် လီသီယမ်ထက် ပိုမိုပေါများသောကြောင့် ထုတ်ယူခြင်းနှင့် ထောက်ပံ့ခြင်းတို့မှာ ပိုမို လွယ်ကူပြီး ကုန်ကျစရိတ်သက်သာသည်။
မီးမလောင်ကျွမ်းနိုင်၊ အားပြန်သွင်းသည့် အကြိမ်ရေ ၅၀,၀၀၀ အထိ ခံနိုင်ရည်ရှိပြီး လီသီယမ်-အိုင်းယွန်း ထက် ၅ ဆ မှ ၁၀ ဆ အထိ ပိုမိုခံနိုင်ရည်ရှိသည်။
LNMO (လီသီယမ် နီကယ် မန်းဂနိစ် အောက်ဆိုဒ်)
အားနည်းချက်များ- စွမ်းအင်သိပ်သည်းဆ နည်းပါးခြင်း၊ လက်ရှိတွင် ဤဘက်ထရီအမျိုးအစားကို ထောက်ပံ့မှု မရှိနီးပါးဖြစ်နေသည်။ လီသီယမ်ဈေးနှုန်းကို စိတ်ဝင်စားမှုရှိနေသည်။
အားသာချက်များ- ကိုဘော့ လိုအပ်မှုကို ဖယ်ရှားပေးသည်။ Renault ကုမ္ပဏီက ၂၀၂၈ ခုနှစ်တွင် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားသော ဤနည်းပညာသည် NMC ၏ စွမ်းအင်သိပ်သည်းဆ၊ LFP ၏ ဈေးနှုန်းသက်သာမှုနှင့် ဘေးကင်းလုံခြုံမှု၊ နှင့် ၁၅ မိနစ်အောက် အားပြန်သွင်းနိုင်သည့်အချိန်တို့ကို ပေါင်းစပ်ထားသည်ဟု ဆိုသည်။
အားနည်းချက်များ- ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးသည်။
လီသီယမ်-ဆာလဖာ (LITHIUM-SULFUR)
အားသာချက်များ- ဒေဝါလီခံသွားသော ဆွီဒင်ဘက်ထရီထုတ်လုပ်သူ Northvolt ၏ ပိုင်ဆိုင်မှုအများစုကို ဝယ်ယူခဲ့သည့် Stellantis ၏ ကျောထောက်နောက်ခံပြုထားသော အမေရိကန် စွန့်ဦးတီထွင်ကုမ္ပဏီ Lyten က ဤနည်းပညာသည် လီသီယမ်-အိုင်းယွန်းထက် စွမ်းအင်သိပ်သည်းဆ နှစ်ဆကျော် ပိုမိုများပြားသည်ဟု ဆိုသည်။ ၎င်းသည် နီကယ်၊ ကိုဘော့နှင့် မန်းဂနိစ်တို့ကို အသုံးပြုရန် မလိုအပ်ဘဲ ကုန်ကြမ်းပစ္စည်းအချို့ကို မြောက်အမေရိကနှင့် ဥရောပတွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သောကြောင့် ပိုမိုအမှီအခိုကင်းစွာ ရပ်တည်နိုင်မည် ဖြစ်သည်။
အားနည်းချက်များ- ၂၀၂၈ ခုနှစ်မတိုင်မီ အသုံးပြုနိုင်ဦးမည် မဟုတ်သေးပါ။
SOLID-STATE ဘက်ထရီများ
အစိုင်အခဲ အီလက်ထရိုလိုက် (ပိုလီမာ၊ ကြွေ)သည် လီသီယမ်-အိုင်းယွန်းနည်းပညာ၏ အရည် အီလက် ထရိုလိုက်နေရာတွင် အစားထိုးဝင်ရောက်သည့်နည်းပညာဖြစ်သည်။
အားသာချက်များ- စွမ်းအင်သိပ်သည်းဆ ပိုမိုမြင့်မားခြင်း၊ ပိုမိုပေါ့ပါးခြင်း၊ မီးမလောင်ကျွမ်းနိုင်ခြင်း။
အားနည်းချက်များ: ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးပြီး အကြီးစားထုတ်လုပ်နိုင်မှု မရှိသေးပါ။
Sources: Reuters with futura-sciences.com, Plastec , Saft (TotalEnergies), Renault, Arkema, other companies.
ဟန်ဆာလ်ပူရ်၊ အိန္ဒိယ (Reuters) – ဂျပန် ဆူဇူကီး ကားကုမ္ပဏီ Suzuki Motor သည် လာမည့် ငါးနှစ်မှ ခြောက်နှစ်အတွင်း အိန္ဒိယတွင် ၇၀၀ ဘီလီယံ ရူပီး (အမေရိကန် ဒေါ်လာ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု မန်နေဂျင်းဘုတ်ဥက္ကဌက အင်္ဂါနေ့က ကြေညာခဲ့ပြီးထိုနေ့တွင်ပင် ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ်ကား ထုတ်လုပ်မှုကို ပထမဆုံး စတင်ခဲ့သည်။
ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံးကားဈေးကွက်ရရှိထားသည့် ဆူဇူကီး သည် အိန္ဒိယတွင် ယင်း၏ ဈေးကွက်ဦးဆောင်ထားမှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေပြီး၊ Maruti Suzuki (MRTI.NS) တွင် ရှယ်ယာ အများစုပိုင်ဆိုင်ထားသည့် ဆူဇူကီးသည် အိန္ဒိယတွင် အရောင်းနှင့်ဝင်ငွေ အများဆုံးရရှိထားသည်။
လျှပ်စစ်ကားများ အရောင်းကျဆင်းနေသော်လည်း အိန္ဒိယသည် ဆူဇူကီးကား၏ လျှပ်စစ်ကားများ ထုတ် လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပင်မဗဟိုဖြစ်လာမှာဖြစ်ပြီး အဆိုပါကားများကို ဂျပန်သို့ပါ ပြန်လည် တင်ပို့မည့်အပြင် ဥရောပနှင့် အခြားနိုင်ငံ ၁၀၀ခန့်သို့ တင်ပို့ရန်လည်း စီစဉ်ထားသည်။
Maruti က အင်္ဂါနေ့တွင် ဂူဂျာရတ် စက်ရုံ၌ အလယ်အလတ်အရွယ် SUV မော်ဒယ် "e Vitara" ကို စတင် ထုတ်လုပ်ခဲ့ပြီး၊ ထိုကားသည် Hyundai၏ Creta နှင့် Mahindra ၏ XEV 9e တို့နှင့် အပြိုင်အဆိုင်ဖြစ်လာ လိမ့်မည်။
ဆူဇူကီးကားကုမ္ပဏီဥက္ကဋ္ဌ တိုရှီဟိရိုဇူဆူကီးက ယခုစက်ရုံကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ထုတ်လုပ်ရေးပင်မဗဟိုဖြစ်လာပြီး တစ်နှစ်လျှင် ကားအစီး တစ်သန်းထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ပြောဆိုသည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ကလည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ ထိုစက်ရုံကို "Make in India" ပန်းတိုင်အတွက် ကြီးမားသော ခုန်ကျော်လွှားမှုအဆင့်တစ်ခုဟု သုံးနှုံးခေါ်ဆိုခဲ့သည်။
မိုဒီသည် ဂျပန်နိုင်ငံသိုု့ မကြာမီ သွားမည့်အစီအစဉ်ရှိပြီး၊ Maruti သည် အိန္ဒိယ-ဂျပန် စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေး ချည်နှောင်မှုများ အတွက် ဥပမာကောင်းကြီးတစ်ခုဖြစ်ကြောင်း သူက ပြောသည်။
ထို့အပြင်သူက အိန္ဒိယပြည်တွင်းထုတ်ကုန်များကို ပြည်သူများ အားပေးဝယ်ယူရန် တိုက်တွန်းခဲ့ပြီး မည်သည့်နေရာက ရင်းနှီးမြှပ်နှံမှုများလာပါစေ ယင်းသည် အမှုထားးစရာမလိုဘဲ အိန္ဒိယမြေပေါ်တွင် ထုတ်လုပ်သည့် မည်သည့်ပစ္စည်းမဆိုပါဝင်ကြောင်းလည်း သူကဆက်လက်ပြောဆိုသည်။
(အမေရိကန် ၁ ဒေါ်လာ = ၈၇.၅၀၆၀ အိန္ဒိယ ရူပီး)

၁၉ ဩဂုတ် ၂၀၂၅
၂၀၂၅ မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ လှုပ်ရှားခဲ့သော မဂ္ဂနီကျုဒ်(ပြင်းအား) ၇.၇ ရှိ ငလျင်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ၁,၀၀၀ ကီလိုမီတာကျော် ဝေးကွာသည့် ဘန်ကောက်မြို့တွင်လည်း ပြင်းထန်စွာ လှုပ်ရှားမှုများ ဖြစ်ပေါ်ပြီး အဆောက်အဦးတစ်ခု ပြိုကျသွားခဲ့သည်။
ဤငလျင် ဖြစ်ပွားပြီးနောက် အစောပိုင်း ကနဦးခန့်မှန်းချက်များအရ ငလျင်သည် ပြတ်ရွေ့ကြော တစ်လျောက် ပုံမှန်မဟုတ်သော မြန်ဆန်လှသည့် အက်ကွဲအလျင်ဖြင့် လှုပ်ရှားခဲ့ကြောင်း ညွှန်ပြနေခဲ့ပြီး ၎င်းကို မြန်ဆန်လွန်းသော ပြတ်ရွေ့ (အသံထက်မြန်သော ငလျင်ကွဲပြတ်မှု) supershear rupture ဟု ခေါ်ဆိုကြသည်။
ယခုအခါတွင် GFZ Helmholtz ဘူမိသိပ္ပံဌာနမှ Felipe Vera နှင့် မိတ်ဖက် သုတေသီများ၏ သုတေသနအသစ်က ဤအချက်ကို အတည်ပြုပြီး ငလျင်ကွဲပြတ်လှုပ်ရှားသည့် လုပ်ငန်းစဉ်ကို ပိုမိုရှင်း လင်းစွာ နားလည်နိုင်ရန် နည်းလမ်းများစွာ ပေါင်းစပ် လေ့လာထားသည်။
ထိုသုတေသနအရ မြန်မာငလျင်သည် တစ်ကမ္ဘာလုံးတွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်များထဲ၌ အမြန်ဆုံး အက်ကွဲအလျင်ဖြင့် လှုပ်ရှားခဲ့သည့် ငလျင်ဖြစ်ကြောင်း ထုတ်ဖော် ပြသထား သည်။ ဤသုတေသနကို The Seismic Record သုတေသနဂျာနယ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
ငလျင် မဖြစ်ပွားမီနှင့် ဖြစ်ပြီးနောက် အလင်းရောင်သုံးဂြိုဟ်တုဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မြေပြင်သည် ပြတ်ရွေ့ကြော တစ်ဘက်တစ်ချက်တွင် မည်မျှအထိ အပြိုင်ရွေ့လျားခဲ့သည်ကို ပြန်လည် တွက်ချက်နိုင်ခဲ့သည်။ ထိုအတူပင် ငလျင်မတိုင်မီနှင့် ဖြစ်ပြီးနောက် ဂြိုဟ်တုရေဒါဓာတ်ပုံများကို နှိုင်းယှဉ် ခြင်းဖြင့် မြေပြင် ထောင်လိုက်အရွေ့ပြောင်းမှုများကိုလည်း ပြန် လည်တွက်ချက်နိုင်ခဲ့သည်။
ဤဓာတ်ပုံများအရ ငလျင်ကြောင့်ကွဲပြတ်မှုသည် စစ်ကိုင်း ပြတ်ရွေ့ကြောအတိုင်း ကီလိုမီတာ ၅၀၀ အထိ ဖြစ်ပွားခဲ့ပြီး ပြတ်ရွေ့ကြော၏အနောက်ဘက်အခြမ်းသည် မြောက်ဘက်သို့ ရွေ့သွားခဲ့ပြီး အရှေ့ဘက် အခြမ်းသည် တောင်ဘက်သို့ ရွေ့သွားခဲ့သည်ကိုတွေ့ရပြီး မန္တလေးမြို့အနီး ငလျင်ဗဟိုချက်အနီး၌ အများဆုံး မီတာ ၅ မီတာအထိ ရွေ့သွားခဲ့သည်။
ဤသုတေသန၏ သူတေသီများထဲမှ တစ်ဦးလည်းဖြစ်ပြီး GFZ ၏ မြေငလျင်ပညာဌာနမှူးဖြစ်သူ Frederik Tilmann က “ဂြိုဟ်တုပုံရိပ်များကို သုံးသပ်ဆန်းစစ်ကြည့်သည့်အခါ ငလျင်ကြောင့် မြေပြင် ပေါ်တွင် အကျိုးသက်ရောက်မှုများကို ပုံသေအနေအထားအဖြစ်တွေ့မြင်ရသည်ဟုပြောသည်။ အဖွဲ့သည် ဥရောပ၊ ဂျပန်၊ ဩစတြေးလျနှင့် အလာစကာရှိ မြေငလျင်အခြေစိုက်စခန်းများကို မြေငလျင် အင်တင်နာ များအဖြစ် အသုံးပြုပြီး လျှောပြတ်မှု ပျံ့နှံ့သည့် လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။ အင်တင်နာလှိုင်းများက လျှောပြတ်ထိပ် tip of the rupture ဘယ်နေရာမှာရှိသည်ကို အချိန်တိုင်း အတိ အကျ ခြေရာခံနိုင် စေခဲ့သည်” ဟု သူကဆက်ပြောသည်။
အများစုသော ငလျင်များတွင် လျှောပြတ်မှုသည် တစ်စက္ကန့်လျှင် ၃.၅ ကီလိုမီတာ (အကြမ်းဖျင်း တစ်နာရီလျှင် ၁၂,၅၀၀ ကီလိုမီတာ) ထက် နည်းသော အလျင်ဖြင့် ပျံ့နှံ့လေ့ရှိပြီး၊ ၎င်းသည် မြေငလျင် shear ပြတ်ရွေ့လှိုင်းများ၏ အရလျင်ထက် အနည်းငယ် ပိုနည်းလေ့ရှိသည်။ အမှန်တကယ်အားဖြင့်လည်း ငလျင်စလှုပ်သည့်အဆင့်တွင် လျှောပြတ်မှုများသည် ငလျင်ဗဟိုချက်မှ မြောက်ဘက်နှင့် တောင်ဘက်သို့ တပြိုင်နက်တည်း ပျံ့နှံ့သည်။
သို့သော် စက္ကန့် ၃၀ ခန့်ကြာပြီးနောက် မြောက်ဘက်သို့ လျှောပြတ်မှု ရပ်သွားပြီး တောင်ဘက်သို့ လျှောပြတ်မှုက အရှိန်မြှင့်တက်ကာ တစ်စက္ကန့်လျှင် အနည်းဆုံး ၅.၃ ကီလိုမီတာ (တစ်နာရီလျှင် မီတာ ၂၀,၀၀၀ ခန့်)သို့ ရောက်ရှိခဲ့သည်။ ဤသည်ကို မြေငလျင်ပညာရှင်များက အသံထက်မြန်သော ငလျင်ကွဲပြတ်မှု supershear rupture ဟု ခေါ်ကြပြီး၊ ၎င်းကို ငလျင်ပညာဆိုင်ရာတွင် အသံထက် မြန်သော ရွေ့လျားမှု (supersonic motion) နှင့် အလားတူဖြစ်သည်ဟုဆိုသည်။ယင်းကြောင့် အလားတူ အရှိန်များကို ရောက်ခဲ့သည့် ၂၀၀၂ ခုနှစ်၊ အလာစကာ ငလျင်အပြီးတွင် ဖြစ်ပွားခဲ့သည့် အရှိန်အမြန်ဆုံး ငလျင်အဖြစ် မှတ်တမ်းတင်ထားနိုင်ဖွယ်ရှိနေသည်။ လျှောပြတ်မှု အစအဆုံးသည် စုစုပေါင်း စက္ကန့် ၈၀ ခန့်သာ ရှိခဲ့သည်။
Supershear ပျံ့နှံ့မှုကြောင့် Mach cone မက်ချ်ကွန်း ဟု ခေါ်သည့် သဘာဝဖြစ်စဉ် တစ်ခု ပေါ်ပေါက် လာသည်။ ယင်း၏တြိဂံပုံ အစွန်းလိုင်း triangular outline ကို မြေပြင်ပေါ်တွင် တည်ဆောက် ထားသည့် ငလျင်စခန်းများတွင် လျှောပြတ်မှု၏ super shear အဆင့် ငလျင်လှိုင်းများသည် စက္ကန့် ၄၀ မှ ၅၀ အတွင်း ထိုအစွန်းလိုင်းသို့ တစ်ပြိုင်နက်ရောက်လာကြသည်ကိုတွေ့ရသည်။ ဤသုတေသနက Mach cone ရှိနေ မှုကို အတည်ပြုဖော်ပြနိုင်ခဲ့ပြီး supershear ပျံ့နှံ့မှုကို ထပ်မံသက်သေပြနိုင်ခဲ့သည်။ ဤသဘာဝ ဖြစ်စဉ်ကြောင့် ဘန်ကောက်မြို့တွင် အချိန်ကြာ မြေပြင်လှုပ်ရှားမှု တိုးမြင့်စေခဲ့ခြင်း ဖြစ်နိုင်သည်။
GFZ သည် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနှင့် ပူးပေါင်း၍ ငလျင်ပြတ်ရွေ့ကြောနှင့် နှစ်ကီလိုမီတာသာဝေးကွာသည့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ မြေငလျင်စခန်းတစ်ခုကို လည်ပတ်နေသည်။ ဤစခန်းသည် မြန်မာငလျင်ဖြစ်စဉ်အတွင်းအလုပ်လုပ်နေခဲ့ပြီး supershear လျှောပြတ်မှုကို အလွန်ထူးခြားရှားပါးစွာ နီးနီးကပ်ကပ် မှတ်တမ်းတင်ပေးနိုင်ခဲ့သည်။ ဤမှတ်တမ်းများ ကို Ssung-Ting Lai နှင့် လက်ထောက်များ မကြာသေးမီကရေးသားပြုစုသော သုတေသန စာတမ်း တစ်ခုတွင်ဖော်ပြထားသည်။ လျှောပြတ်မှု အနီးမှ ဖြတ်သွားစဉ် စခန်းသည် မြောက်ဘက်သို့ စင်တီမီတာ ၁၆၀ ခန့် ခုန်ကျော်သွားခဲ့ပြီး ဤ ဖြစ်ရပ်သည် နှစ် စက္ကန့်ပင် မကြာလိုက်ပါ။
ခပ်စောစော သုတေသနများတွင် စစ်ကိုင်းပြတ်ရွေ့ကြောသည် အရှည်ဆုံးသော အလျားလိုက် ဘေးတိုက် ရွေ့လျားသည့် strike-slip ပြတ်ရွေ့ကြောဖြစ်ခြင်းကြောင့် supershear အသံထက်မြန် လျှောပြတ်မှု ဖြစ်ပေါ်နိုင်သည့်နေရာအဖြစ် သတ်မှတ်ထားနိုင်ခဲ့၍ ယင်းကမှတ်သားစရာကောင်းသည်။ Strike-slip ပြတ်ရွေ့ ကြောတွင် ပြန်ရွေ့ကြောနှစ်ဖက်စလုံးရှိ မြေပြင်များသည် တစ်ခုနှင့်တစ်ခု အပြိုင်အလျားလိုက် ရွေ့လျားကြပြီး supershear လျှောပြတ်မှုကို ဖြစ်စေနိုင်သည့် တစ်ခုတည်းသော ပြတ်ရွေ့ကြော အမျိုးအစားလည်း ဖြစ်သည်။
ထို့အပြင် ပြတ်ရွေ့ကြော အပိုင်းတစ်ပိုင်းတစ်လျောက် အစောပိုင်း အလျင်နည်းသည့် လျှောပြတ်မှုတစ်ခု ကြောင့် ၁၉၄၆ နှင့် ၁၉၅၆ ခုနှစ်များတွင် ငလျင်ကြီးများ ပေါ်ပေါက်ခဲ့သည်။ စစ်ကိုင်း အဟ Sagaing gap ဟုခေါ်ကြသည့် အဆိုပါနေရာတွင် နှစ်တစ်ရာကျော်အထိ အလွန်ကြီးမားသည့် ငလျင်ကြီးများ မလှုပ်ရှား ခဲ့ခြင်းကြောင့် အလွန်ကြီးမားသည့်ဒဏ် Stress များဖြစ်တည်နေခဲ့ပြီးနောက် ယင်းက supershear လျောပြတ်မှုကြီးဖြစ်အောင် အရှိန်တင်ပေးခဲ့သည်ဟူသည့် အချက်ကလည်း မှတ်သားစရာတစ်ခုဖြစ် သည်။
Source : Reconstruction of record-breaking Myanmar earthquake confirms supershear event by phys.org
မြန်မာ့ ထိပ်တန်း ဒစ်ဂျစ်တယ် ဖျော်ဖြေရေးပလက်ဖောင်းဖြစ်သော TV360 by Mytel ကို ၂၀၂၅ခုနှစ် ဩဂုတ်လတွင် သုံးစွဲသူများထံသို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
TV360 ဆိုသည်မှာ မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် ကဏ္ဍစုံလင် ရသစုံလင်သော ဖျော်ဖြေမှုပေါင်းမျိုးစုံကို တစ်နေရာတည်းမှာတင် ကြည့်ရှုခံစားနိုင်မည့် OTT TV Application တစ်ခုဖြစ်ပြီး ဖုန်းနံပါတ်တစ်လုံးရှိရုံဖြင့် အကောင့်တစ်ခုကို လွယ်ကူရိုးရှင်းစွာ ဖြည့်သွင်းအကောင့်ဖွင့်ပြီးနောက် များစွာသော ရုပ်သံဖျော်ဖြေရေး ပေါင်းစုံကို တစ်နေရာတည်းတွင် စိတ်ကြိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။
TV360 အက်ပလီကေးရှင်းတွင် ကလေးများအတွက် ပညာရေးဆိုင်ရာ သင်ကြားပိုချမှုများ၊ အပန်းဖြေရန် ကာတွန်းကားပေါင်းများစွာကို ကြည့်ရှုနိုင်သလို လူငယ်တွေအကြိုက် LiveTV၊ အားကစားမျိုးစုံ၊ Esports၊ အလှအပဆိုင်ရာ၊ ဂီတ၊ Karaoke၊ အစားအသောက်များ၊ Discovery ၊ နာမည်ကြီး ကိုရီးယားဒရာမာများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းစုံ နှင့် စိတ်ဝင်စားဖွယ်ရာ ရုပ်သံလိုင်းများအပြင် လူကြီးများအတွက် တရားဓမ္မများ၊ လွမ်းမောတသဖွယ် ခေတ်ဟောင်းရုပ်ရှင်ကောင်းများ အစရှိသဖြင့် အစုံလင်တကာ့အစုံလင်ဆုံး ချန်နယ်လိုင်းပေါင်းများစွာ တစ်နေရာတည်းတွင် ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံပေါင်းစုံမှ အမျိုးအစားစုံလင်သည့် ရုပ်ရှင်အများအပြားကို စာတန်းထိုးဖြင့် တဝကြီး စိတ်ကြိုက် ကြည့်ရှုခံစားရမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီလွှင့်နေသည့် ကိုရီးယားဇာတ်လမ်းတွဲများကိုလည်း TV360 တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
TV360 တွင် ထုတ် လွှင့်ပြီးသား TV Show များကိုပြန်လည်ကြည့်ရှုနိုင်သကဲ့သို မိမိ ကြည့်ရှုလိုသည့်ဇာတ်ကားများကိုလဲ နောက်မှ ကြည့်ရှုရန် Save Later လုပ်ထားနိုင်ခြင်း၊သိုမဟုတ် ကြည့်လိုသည့်ဇာတ်ကား၊ ဗီဒီယိုများကို Download လုပ်ထားကာ Offline Mode တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ဖုန်း အမျိုးအစားအစုံအလင် အပြင် Tablet, Laptop, TV အစရှိသည့် Device ပေါင်းစုံမှလည်း ဝင်ရောက်ထားနိုင်ပြီး
Fortune TV, Mahar, MRTV, MRTV-4 နှင့် Channel7 အစရှိသည့် ချန်နယ်များကို တစ်နေရာတည်းတွင် အချိန်မရွေး ဖုန်းထဲမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။
အဆိုပါ Appကို Google Play Store နှင့် Apple App Store နှစ်မျိုးလုံးတွင် Download ရယူနိုင်မည်ဖြစ်သည်။



၄ ဩဂုတ် ၂၀၂၅ -တရုတ်အင်ဂျင်နီယာများသည် ဒါဝင်မျောက်(Darwin Monkey) ဟုအမည်ပေးထားသော မျောက်ဝံ၏ ဦးနှောက်လုပ်ဆောင်ချက်ကို အတုယူနိုင်သည့် ဦးနှောက်နှင့်တူသော ကွန်ပျူတာမျိုးဆက်အသစ်ကို စနေနေ့တွင် မိတ်ဆက်ခဲ့သည်။
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ကျဲ့ကျန်းတက္ကသိုလ်၏ အမျိုးသား ဦးနှောက်ဉာဏ်ရည် ပင်မဓာတ်ခွဲခန်းမှ ဖန်တီးပြုလုပ်ထားသည့် အဆိုပါကွန်ပျူတာတွင် ဓာတ်ခွဲခန်းမှ ကိုယ်ပိုင် ဖန်တီး တီထွင်ထားသည့် တတိယမျိုးဆက် ဦးနှောက်နှင့်တူသော အာရုံခံချစ်ပ် (Darwin 3 chips) ၉၆၀ ကို တပ်ဆင်ထားသည်။
အဆိုပါချစ်ပ် အခင်းသည် pulsed အာရုံခံဆဲလ်သန်းပေါင်း ၂,၀၀၀ ကျော်နှင့် အာရုံကြောဆက် synapses ပေါင်း ၁၀၀ ဘီလီယံကျော်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဒါဝင်မျောက်ကို အမြင်၊ အကြား၊ ဘာသာ စကားနှင့် သင်ယူနိုင်စွမ်းတို့ဖြင့် ပေါင်းစပ်ထားသည့် အဆင့်မြင့်တွေးခေါ်နိုင်စွမ်းများပေါင်းစပ်ထားသော ကမ္ဘာ့ပထမဆုံး ဦးနှောက်နှင့်တူသော ကွန်ပျူတာဖြစ်လာသည်။
ပုံမှန်အလုပ်လုပ်ချိန်တွင် ယင်းသည် ၂,၀၀၀ ဝပ်ခန့် စွမ်းအင်သုံးစွဲသည်။ သုတေသနအဖွဲ့သည် အဆိုပါကွန်ပျူတာပေါ်တွင် အသိဉာဏ်အပလီကေးရှင်းများစွာကို အောင်မြင် စွာ တပ်ဆင်ထားသည်။ ယင်းသည် DeepSeek ဦးနှောက်နှင့်တူသော အကြီးစားမော်ဒယ်ကို အသုံးပြု၍ ယုတ္တိ ဆန်သောတွေးဆချက်၊ အကြောင်းအရာထုတ်လုပ်ခြင်းနှင့် သင်္ချာပြဿနာဖြေရှင်းခြင်းစသည့် အလုပ် များကို လုပ်ဆောင်နိုင်သည်။
ယင်း၏ အာရုံခံဆဲလ်နှင့် ဆိုင်နပ်စ်အရင်းအမြစ်များကို အသုံးပြု၍ ယခုစနစ်သည် elegans၊ ငါးမြင်းကျား၊ ကြွက်နှင့် မျောက်ဝံတို့အပါအဝင် အရွယ်အစားအမျိုးမျိုးရှိ တိရစ္ဆာန်ဦးနှောက်များကို အခြေခံအားဖြင့် လှုံဆော်ပေးနိုင်ပြီး ယင်းကဦးနှောက်သိပ္ပံသုတေသနအတွက် အလားအလာအသစ်များ ကို ဖန်တီးပေးနိုင်သည်။
Page 3 of 24