၂၈ နိုဝင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်ရဲ့မြေပြင်တပ်တွေဟာ တရုတ်-မြန်မာနယ်စပ်တလျောက်မှာ နိုဝင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိ တကယ့်စစ်မြေပြင်လက်တွေ့လေ့ကျင့်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
Source CCTV+
Published 28 November 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များခေါင်းဆောင်နှင့်အဖွဲ့ ရန်ကုန်မြို့ ၏အထင် ကရနေရာများကို လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ သီလဝါ ဆိပ် ကမ်းသို့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ ကျင့် ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ် ၃ စင်း ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ယင်းသင်္ဘောများမှာ ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့ဖြစ်ပြီး အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် လိုက်ပါလာကြကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။
စစ်ရေယာဉ်များဖြင့် လိုက်ပါလာကြသော Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် ကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံ ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာ သာအသင်းတို့မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
#Local_News
Published_ 26 November 2023
၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ပြုလုပ်ကျင်းပခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမင်းမင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဒုဝန်ကြီးက ဖိုရမ်တွင် ဆွေးနွေးမှုများသည် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး နောင်အနာဂတ်တွင် ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်းမှုများကို လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ချုံချင့်ဒေသအပါအဝင် မဲခေါင်ဒေသခွဲ နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော ကုန်စည်များကို ဖော်ထုတ်တင်ပို့ရန်လိုကြောင်း၊ သက်ဆိုင်ရာ ပို့ကုန် လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးပါကြောင်းနှင့် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုအရှိန်မြှင့်တင်ရန် တိုက်တွန်းခဲ့ပါတယ်။
၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်အတူ ချုံချင့် ဒုတိယမြို့တော်ဝန်၊ စစ်ချွမ်းပြည်နယ် လွှတ်တော်အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ Bang ပြည်နယ် ဒုတိယအတွင်းရေးမှူးတို့နှင့် တရုတ်နိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံတို့မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#Local_News #စစ်ချွမ်း-ချုံချင့်ဒေသ #မဲခေါင်ဒေသခွဲနိုင်ငံ
#ymg_mnn #Yangon_Media_Group
‘မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံမတည်ငြိမ်ရင် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အကျိုးမရှိနိုင်လို့ မြန်မာနိုင်ငံအမြန်ဆုံးတည်ငြိမ်အေးချမ်းရေးကိုလိုလားတယ်’ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr.Zheng Zhihong
#Local_News
Published_ 26 November 2023
#တရုတ်နိုင်ငံ #သံမှူးကြီးDr.Zheng Zhihong
#tthl #Yangon_Times
Published_ 20 November 2023
မြန်မာနယ်စပ်ဒေသသို့ တရားမဝင်ရောက်နေသော တရုတ်နိုင်ငံသား တစ်ထောင်လေးဆယ်ကျော်ကို သက်ဆိုင်ရာသို့ ဆက်လက် လွှဲပြောင်း ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးတို့အား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အောက်တို ဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့ကို ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန် ရှိသူ များ ထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင် လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 20 November 2023
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၃၂၉ မဂ္ဂါဝပ်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် စွမ်းအင်အမျိုးအစားပါဝင်မှုမှာ ရေအားလျှပ်စစ်မှ ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း၊ ဆိုလာမှ ၂ ရာခိုင်နှုန်းနှင့် ဒီဇယ်မှ ၁ ရာခိုင်နှုန်းဖြစ်တို့ ဖြစ်ကြပါတယ်။
(၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ် တက်ရောက် ရန်နှင့် လေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှု များကို လေ့လာနိုင်ရန် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန်းမြို့နှင့် ကူမင်းမြို့တို့သို့ သွားရောက်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် တွင် တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် ကွမ်တုံး ပြည်နယ် ရှန်းကျန်းမြို့ မြူနီစီပယ် အစိုးရတို့ကကြီးမှူးကျင်းပသော (၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဖိုရမ်တွင် ဝန်ကြီး ဦးဉာဏ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် (၆)ကြိမ် မြောက်အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်၏ ရည်ရွယ်ချက်မှာ “စွမ်းအင်ဈေးကွက် တည်ထောင်ခြင်းနှင့် အစိမ်းရောင်စီးပွားရေးသို့ ကူးပြောင်းခြင်း” ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာ့ နိုင်ငံတိုင်းကြုံတွေ့နေရသည့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရရှိကြမည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်၌ ပြန်ပြည့်မြဲစွမ်းအင်ကို ပင်မစွမ်းအင်အရင်း အမြစ်အတွက် ၂၃ ရာခိုင်နှုန်းနှင့် ဓာတ်အားထုတ်လုပ်မှုအတွက် တပ်ဆင်စက်အင်အား၏ ၃၅ ရာခိုင်နှုန်းပါဝင်ရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဟု အဖွဲ့ဝင်နိုင်ငံများက သဘောတူထား သော်လည်း ရည်မှန်းချက်ပြည့်မီရန် စိန်ခေါ်မှု အချို့ရှိနေပါကြောင်း၊ ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မစ္စတာကျန်း ကျင့်ဟွားနှင့်အဖွဲ့အားတွေ့ဆုံပြီး လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးကြပါတယ်။
နိုဝင်ဘာ ၁၇ ရက်တွင် ရှန်းကျန်းမြို့ Huawei Digital Power Edison Exhibition Hall နှင့် Optical Storage and Charging & Vehicle -Grid Interaction EV ကားများ အားသွင်းရာနေရာသို့လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ် ချီကျင့်မြို့ရှိ State Power Investment Corporation မှ တည်ဆောက်ထားသော တပ်ဆင်အား ၈၀၀ မဂ္ဂါဝပ် ရှိသည့် ဖူးရန်းရှီး လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
နယ်စပ်ဒေသများတွင် နိုဝင်ဘာလ ၁၉ ရက်ထိ တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့သောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းရာတွင်တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး ဖြစ်ကြောင်း၊အလားတူအချို့သော ပြည်ပနိုင်ငံသားများ အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိ၍ စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 21 of 42