Published_ 01 November 2023
နှစ်သက်တမ်း(၁၁၃)နှစ်ရှိပြီဖြစ်သည့် အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှ တရုတ်အင်ဂျင်နီယာအဖွဲ့ဝင်များမြန်မာနိုင်ငံသို့လာရောက်လေ့လာခဲ့ပြီး လုပ်ငန်းဆောင်ရွက် မှုများရှိခဲ့ကြောင်းအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။
အောက်တိုဘာလ(၃၁)ရက်တွင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့သည်ဟုဆိုသည်။
ယင်းကဲ့သို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူး Mr.OUYANG Daobing က မိတ်ဆက်စကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးအတွက် လာရောက်လေ့လာသည့် အင်ဂျင်နီယာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
အောင်ဆန်းအားကစားကွင်း(ခေါ်)ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ၁၉၀၈ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ကာ ၁၉၁၀ခုနှစ်တွင်ပြီးစီးခဲ့ပြီး ယခုဆိုလျှင် နှစ်သက်တမ်း (၁၁၃)နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published-30 October 2023
မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက် ရန်အပါ အဝင်အချက် ၁၁ ကို ထိရောက်စွာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၃၀ ရက် တွင် နေပြည်တော်သို့ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံ ရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သော ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့အကြား ပြုလုပ်သော (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးက သိရသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက်နိုင်ရေး ၊ လန်ချန်း-မဲခေါင်ပူး ပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူ မှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက် ရေး၊လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံ ကိန်းကြီး များလုံခြုံရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆက် သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေ သနလုပ် ငန်းများပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်း အချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေး၊လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊အနာဂတ်တွင် နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာ ချွန်လွှာလက်မှတ် ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သ တင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ် ဆက်ဆံ ရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များကို ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အတွက်အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရ သည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
၃၀ အောက်တိုဘာ၊၂၀၂၃
နယ်စပ်ဒေသတွေ လုံခြုံတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှားက မြန်မာအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဘေဂျင်းမြို့မှာ ပြောကြားလိုက်ပါတယ်။
Source CCTV+
၂၀၂၃ခုနှစ်အတွက် တရုတ်ယွမ်ငွေ နိုင်ငံတကာငွေကြေးပြုမှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို တရုတ်ဗဟိုဘဏ်ဖြစ်တဲ့ တရုတ်ပြည်သူ့ဘဏ်က အောက်တိုဘာ ၂၇ ရက်နေ့ သောကြာနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအစီရင်ခံစာအရ တရုတ်ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာအသုံးပြုမှုတွေ သိသိသာသာတိုးတက်လာပြီး နိုင်ငံတကာကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးတွေမှာ လည်း ဖွံ့ဖြိုးကြီးထွားလာနေတယ်လို့လည်းဖော်ပြထားပါတယ်။
Source CCTV+
တရုတ်နိုင်ငံဟာ e commerce ကဏ္ဍတိုးချဲ့ရန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရှန်ဟိုင်းမှာ ပိုးသားလမ်းမကြီး e commerce ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးဇုန်တစ်ခု တည်ဆောက်သွားမှာဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှ ပြောကြားလိုက်ပါတယ်။
#Asia_Business
Published_ 28 October 2023
#ပိုးသားလမ်းမကြီး #Ecommerce #ရှေ့ပြေးဇုန်တစ်ခု
တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး စီမံအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံရပ်ခြားမှာ ဖြစ်ပွားနေတဲ့ လောင်းကစားများနဲ့ လိမ်လည်လှည့်ဖျားမှုများ တားဆီးနိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းများကို အရှိန်မြှင့်နှိမ်နင်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
#Asia_Government
Published_ 27 October 2023
#တရားမဝင်လောင်းကစား #တရုတ်အရှိန်မြှင့်တိုက်ဖျက်
‘တရုတ်ကုမ္ပဏီတွေအနေနဲ့ ဈေးကွက်အခြေခံမူတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် ဓာတ်အားလိုင်းကွန်ရက်စီမံကိန်းတည်ဆောက်ရေးမှာ ပါဝင်လာဖို့ထောက်ခံ အားပေးသွားဖို့ရှိပြီး အိမ်တိုင်းအိမ်တိုင်း အစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ ဘဝထဲဝင်ရောက်လာစေမှာဖြစ်တယ်’ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်
#Local_News
Published_ 27 October 2023
#တရုတ်မှလေစွမ်းအင် #နေရောင်ခြည်စွမ်းအင်
#tthl #Yangon_Times
Page 22 of 40