#Local_News
Published_10 Dec 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ရေးနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေး ကာလအတွင်း သီးခြားဆွေး နွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန် မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီ ကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်း တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ဆက် လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
ယခုအခါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက် တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။
#Local_News #မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး #နယ်စပ်တစ်လျှောက်လုံခြုံရေး
#Yangon_Times/PP
တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့
အာကာသပတ်လမ်းရှိ တရုတ်နိုင်ငံရဲ့ ရှန်ကျိုး-၁၇ မှ အာကာသယာဥ်မှူးတွေဟာ တီယန်ဂေါင် အာကာသစခန်းမစ်ရှင်အဖြစ် အာကာသအခြေစိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးယန္တရားဖြစ်တဲ့ အာကာသဥယျာဥ်ကနေ ဟင်းသီးဟင်းရွက်များကို မကြာသေးမီက နောက်ထပ်တစ်ကြိမ် ရိတ်သိမ်းခဲ့ပါတယ်။
#Asia_Development
Published 09 December 2023
#အာကာသဥယျာဥ် #ဒုတိယမျိုးဆက်မစ်ရှင်
#Yangon_Times #YMG_News #Yangon_Media_Group
ဒီဇင်ဘာ ၇၊၂၀၂၃
လတ်တလောတွင် တရုတ်-မြန်မာပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှုများတိုက်ဖျက်ရေးနှင့် ပိတ်မိနေသူများအားကယ်ဆယ်ရာတွင် ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့ပြီး ရာဇဝတ်အဖွဲ့အစည်းများကို ထိရောက်စွာ ဟန့်တားလိုက်နိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို နှစ်ဖက်ပူးပေါင်း၍အမြတ်ပြတ်ချေမှုန်းရမည်ဟုတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ Mr. Wang Yi ကပြောသည်။
Video:CCTV+
၃ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံထုတ် လျှပ်စစ်အီးဗွီကားတွေကို အပြင်းအထန်ယာဉ်တိုက်မှုခံနိုင်ရည်စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မော်တော်ယာဉ်နည်းပညာနှင့်သုတေသနစင်တာမှာ မော်တော်ယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးစိတ်ချရအောင်အတွက် အဆိုပါ ယာဉ်တိုက်ခံနိုင်ရည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေမှာ ယာဉ်အရှေ့-အနောက်တိုက်မှု၊ ဘေးမှစောင့်တိုက်မှု၊တိမ်းမှောက်တိုက်မှုတွေကို ပြုလုပ်ခဲ့ပြီး ယာဉ်တည်ဆောက်ဖွဲ့စည်းမှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုတွေကို အကဲဖြတ်ခဲ့ကြပါတယ်။
Source CCYV+
၃၀ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ရှေ့သို့တက်လှမ်းနိုင်ဖို့အတွက် တရုတ်နိုင်ငံက ခိုင်မာစွာထောက်ခံအားပေးပြီး တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား စိတ်ဝမ်းကွဲပြားအောင် ဆောင်ရွက်တဲ့ မည်သည့်လုပ်ဆောင်မှုတွေဖြစ်စေ အသေအချာ ကျရှုံးလိမ့်မယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကဘေဂျင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ပင်က ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနှင့်ပတ်သက်လို့ မေးခွန်းများမေးမြန်းမှုအပေါ် ဝမ်ကဖြေကြားခဲ့တာပါ။
“ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေဖြစ်ကြပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံခိုင်မြဲမှုကို အမြဲလေးစားပါတယ်။ မြန်မာနိုင်ငံအနေနှင့် တည်ငြိမ်မှုနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုတွေကို ရယူခံစားနိုင်ဖို့ လှိုက်လှိုက်လှဲလှဲဆန္ဒပြုပါတယ်။ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတိုးတက်ဖို့ လည်း ခိုင်မာစွာထောက်ခံအားပေးပါတယ်။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအကြားမှာရှိတဲ့ ပေါက်ဖော်ချစ်ကြည်ရေးကို ဖဲကြဉ် အောင် ပြီးတော့ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို အဟန့်အတားဖြစ်အောင်ဆောင်ရွက်တဲ့ မည်သည့် လုပ်ဆောင်မှုမျိုး မဆို ရေပန်းစားမှာမဟုတ်တဲ့အပြင် အဆုံးမှာ ကျရှုံးသွားမှာပဲဖြစ်တယ်Ó လို့ ဝမ်ကပြောကြားခဲ့ပါတယ်။
Source CCTV_
Published 29 November 2023
တရုတ်နိုင်ငံကျန်းရှီပြည်နယ်၊နန်ချန်းမြို့တွင် ‘တိုင်းရင်းဆေးဖိုရမ်’ကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်တွင်
တိုင်းရင်းဆေးဝါး အရည်အသွေးကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊တိုင်းရင်းဆေးဝါးထုတ်လုပ်မှုဆန်းသစ် တီထွင်ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ခြင်းကိစ္စရပ်များ ကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းမှကြီးမှူးပြီးတိုင်းရင်းဆေးဖိုရမ်ကို
‘တိုင်းရင်းဆေးပညာ၏ အမွေအနှစ်နှင့် ဆန်းသစ်တီထွင်မှု၊ တိုင်းရင်းဆေးပညာ၏ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် တိုင်းရင်း ဆေးပညာဆိုင်ရာ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ခြင်း ‘(Inheritance and Innovation of Traditional Medicine, Globalization of Traditional Medicine, and Protection of Traditional Medicine Intellectual Property Rights)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။
ယင်းအစည်းအဝေးသို့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်၊ ကစ္စတန်စသည့် နိုင်ငံများပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုးလီးယား စသည့်နိုင်ငံများ ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်တိုင်းရင်းဆေးကုမ္ပဏီများမှ တာဝန်ရှိသူများတက် ရောက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံမှလည်း တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏တိုင်းရင်း ဆေးဖိုရမ်သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ၂၈ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ် နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_28 nov 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် အထင်ကရနေရာများသို့ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် လေ့လာရေးခရီးသွားရောက် ခဲ့ကြ ကြောင်း သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေး ဆိုင် ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ယင်းအပြင် သန်လျင်တပ်နယ်ရှိ အခြေခံပညာအ ထက်တန်း ကျောင်း(ဆိပ်ကြီး)တွင် ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား စာရေးကိရိယာ များ လှူဒါန်းခဲ့ကာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက် လည်ပတ်ခဲ့ကြ ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group
Page 20 of 42