၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူတက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟာ အခမ်းအနားမစတင်ခင်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်အပါအဝင် အခြားသော နိုင်ငံ့အကြီးအကဲဟောင်း များနှင့် ခေါင်းဆောင်တွေကို တစ်ဦးချင်းနှုတ်ဆက်ခဲ့ပါတယ်။
Source CCTV+
#Local_News
Published_ 26 June 2024
▪️ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့သို့သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
▪️ သံအမတ်ကြီး Mr. Chen Hai သည် မော်လမြိုင်ရှိ တရုတ်နွယ်ဖွားများနှင့်လည်း တွေ့ဆုံခဲ့ပြီး မော်လမြိုင်မြို့သည် တရုတ်နွယ်ဖွားအများအပြား ခရီးဝေးနှင်ကာ မြန်မာနိုင်ငံသို့လာရောက်သည့် ပထမဆုံးနေရာဖြစ်ကြောင်း၊ မျိုးဆက်သစ် တရုတ်နွယ်ဖွားလောကမှ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို လက်ဆင့်ကမ်းကာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
▪️ သံရုံး အနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဖြစ်သည့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မြို့နှင့် တရုတ်နွယ်ဖွားများက ထူထောင်ထားသည့် စိုက်ပျိုးရေးသင်တန်းကျောင်းသစ်ထံသို့ စာရေးကိရိယာနှင့် ပညာသင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
▪️ ခရီးစဉ်အတွင်း သံအမတ်ကြီး Mr. Chen Hai သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံခဲ့ပြီး နုကျန်းမြစ်-သံလွင်မြစ်၏ ပင်လယ်ထွက်ပေါက်ဖြစ်သည့် မော်လမြိုင်မြို့သည် တရုတ်-မြန်မာနှစ်နိုင်ငံက တစ်မြစ်တွင်းရေ အတူသောက်သုံးကာ ကံကြမ္မာချင်းချိတ်ဆက်သည့် အရေးပါပြယုဂ်ဖြစ်ကြောင်း၊
▪️ ဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၆၁ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်၍ မော်လမြိုင်မြို့သို့ လာရောက်ခဲ့ဖူးကြောင်း၊
▪️ ယခုအကြိမ် သံရုံးအဖွဲ့က ဝန်ကြီးချုပ် ချူအင်လိုင်း၏ခြေရာအတိုင်း မော်လမြိုင်မြို့သို့လာရောက်ရာတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို လက်ဆင့်ကမ်း၍ သမ္မတရှီကျင့်ဖျင်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို စဉ်ဆက်မပြတ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊
▪️ မွန်ပြည်နယ်နှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်သည့်ရလဒ်များဖြင့် မြန်မာပြည်သူများအား ပိုမိုများပြားစွာနှင့်ကောင်းမွန်စွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


#tthl #Yangon_Times
၂၃ ဇွန် ၂၀၂၄
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးက တရုတ်နိုင်ငံ တောင်ပိုင်း ဒေါင်ဂွမ်မြို့မှာကျင်းပတဲ့ ယင်းရဲ့ နှစ်ပတ်လည် developer ဒက်ဗလိုပါ ကွန်ဖရင့်မှာ နယ်ပယ်စုံသုံးလို့ရမယ့် ဉာဏ်ရည်တုနည်းပညာ အသုံးချမှု အသစ်တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။
Source CCTV+
၂၆ မေ ၂၀၂၄
ပြုလုပ်နေဆဲဖြစ်တဲ့ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ ရွှေနဂါး ၂၀၂၄ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ စက်ရုပ်ခွေး တွေနှင့် ဒရုန်းတွေဟာ ထင်ရှားပေါ်လွင်နေပါတယ်။ ရွှေနဂါးဟာ အဲဒီနှစ်နိုင်ငံရဲ့ ပုံမှန် တစ်နှစ်တစ်ကြိမ်လုပ် နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး နှစ်နိုင်ငံအကြား အလုံးခြုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲတိုးတက်ရေးအတွက်ကျင်းပတာဖြစ်ပါတယ်။
Source CCTV+
၂၀ မေ ၂၀၂၄
မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်
၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။
၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။
၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။
၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
@ymg/knl
၁၆ မေ ၂၀၂၄
မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပြီးထောက်ခံအားပေးကူညီမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ မေလ ၁၆ ရက်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
၁၂ မေ ၂၀၂၄
ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့ ဝင်ရောက်ခြယ်လှယ်စွက်ဖက်မှုတွေကြောင့် ကမ္ဘာ့ ပြဿနာဖြစ်လာခဲ့ရတဲ့ ယူကရိန်းအကျပ်အတည်းထဲ ဝင်ပါမိနေသည့်အတွက် ဥရောပသည် စီးပွားရေး ဆုံးရှုံးမှုများစွာခံစားနေရတယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားလိုက်ပါတယ်။
Source CCTV+
Page 15 of 46