၁၄ ဇူလိုင် ၂၀၂၄
တရုတ်နှင့်ရုရှားရေတပ်များရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု Joint Sea-2024 ကို ဇူလိုင် ၁၂ရက်က ကွမ်တုန်းပြည်နယ်တောင်ပိုင်း ကျန့် ကျောင်မြို့ ရေတပ်စခန်းတွင် ကျင်းပခဲ့ပါတယ်။
Source CCTV+
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ၏ နယ်စပ်ကာကွယ်ရေးခေါင်းဆောင်များအစည်းအဝေးကျင်းပ
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(SCO) အဖွဲ့ဝင်နိုင်ငံများရဲ့ နယ်ခြားကာကွယ်ရေး ခေါင်းဆောင်များ ၁၀ ကြိမ်မြောက်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမှာကျင်းပခဲ့ပါတယ်။
#Asia_News
Published 13 July 2024
#SCO #နယ်စပ်ကာကွယ်ရေးခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီးကြောင့် တရုတ်ပြည်ရှိ 'ရန်နေကျောင်း'သန္တာကျောက်တန်း၏ ဂေဟစနစ်ပျက်သုဉ်းလာ
'ရန်နေကျောင်း'ကျောက်တန်း ဂေဟစနစ်စစ်တမ်း လေ့လာချက်နဲ့ ပတ်သက်ပြီး ပထမဆုံးမှတ်တမ်းတစ်ခုကို တောင်တရုတ်ပင်လယ်ဆိုင်ရာ CMG မီဒီယာက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
#World_Ecology
Published 12 July 2024
#ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီး #'ရန်နေကျောင်း'ကျောက်တန်း
#YMG #Yangon_Times #Yangon_Media_Group
ဇူလိုင်၈- ၂၀၂၄
နေတိုးအဖွဲ့ကြီးအနေနှင့် အာရှပစိဖိတ်ဒေသမှာ တင်းမာမှုတွေလုပ်နေတာကို ရပ်တန့်ဖို့ တရုတ် နိုင်ငံကတောင်းဆိုလိုက်ပါတယ်။ အဲဒီအပြင် စစ်အေးကာလစိတ်သဘောထားတွေကို လျှောက်ဖြန့်နေတာ နှင့် အဖွဲ့ရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးတွေကိုပါရပ်တန်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ လင် ကျန်းက ဇူလိုင် ၈ရက်ကပြောဆိုလိုက်ပါတယ်။
Source CCTV+
တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတန်ဖိုးအား ဆက်လက်ထိန်းသိမ်းသွားရန် ရှီကျင့်ဖင်ပြော
တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ထူးခြားတဲ့တန်ဖိုး အနှစ်သာရကို ဆက်လက်ထိန်းသိမ်းသင့်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း တွန်းအားတွေကို အသုံးချသင့်တယ်လို့ ကာဇက်စတန်မြို့တော် အက်စ်တာနာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
#World_Politics
Published 05 July 2024
#တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေး #ရှီကျင့်ဖင်
#YMG #Yangon_Times #Yangon_Media_Group
၅ ဇူလိုင် ၂၀၂၄
SCO အဖွဲ့ကြီးသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို လုံးဝဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံပညာရှင်တစ်ဦးက SCO မီဒီယာများ စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိ SCO နိုင်ငံတကာဖလှယ်ရေးနှင့် တရားဥပဒေပူးပေါင်းဆောင်ရွက်ရေး တရုတ်အမျိုးသား သိပ္ပံ ( CNISCO: China National Institute for SCO International Exchange and Judicial Cooperation) ၌ ကျင်းပခဲ့တဲ့ ရှန်န်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာများ စကားဝိုင်းဆွေးနွေးပွဲတွင် ရှန်ဟိုင်း လူမှုရေးသိပ္ပံ အကယ်ဒမီမှပါမောက္ခ Pan Guang က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ရှန်န်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာ စကားဝိုင်းဆွေးနွေးပွဲMedia Delegations Round Table Meeting ကို SCO ၏ အောင်မြင်မှုများနှင့် မျှော်လင့်ချက်များကို မီဒီယာရှုထောင့်အမြင် ( SCO: Achievements and Prospects from the perspective of Media)ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် SCO အဖွဲ့နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်ပညာရှင်များက SCO သည် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာကောင်းများရှိနေတယ်လို့ ပြောကြားပါတယ်။ ယင်းအပြင် SCO အနေဖြင့် ကန့်သတ်ပိတ်ဆို့မှု sanctions များကို ဆန့်ကျင်ပြီး ယင်းကန့်သတ်ပိတ်ဆို့မှုများကြောင့် ကမ္ဘာပေါ်တွင် ကလေးငယ်များ၊အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ သေဆုံးနေကြရတယ်လို့လည်း ပညာရှင်တွေကထောက်ပြပါတယ်။ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုတွေကို SCO နိုင်ငံတွေမှာ တိုးမြှင့်လုပ်သွားမှာဖြစ်ပြီး လေ့ကျင့်သင်တန်းတွေ ပညာရပ်ဆိုင်ရာဖိုရမ်တွေကိုလည်း တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ Ms Zheng Weiက ပြောပါတယ်၊
GNFCCSCO ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ရန်ကုန်မီဒီယာအုပ်စုဥက္ကဋ္ဌ ဦးကိုကိုသည် အဆိုပါ မီဒီယာကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲတွင် ရှန်ဟိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်( Shanghai University of Political Science and Law)မှပါမောက္ခ ဝမ်ဝေ (Prof. Wang Wei) က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး မီဒီယာ ဆွေးနွေးပွဲသို့ SCO အိမ်နီးချင်းကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization)အတွင်းရေးမှူးချုပ် Secretary General နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပ-အလယ်အာရှရေးရာဌာန Department of European-Central Asian Affairs of MOFA သံမှူးကြီး (Minister-Counselor) မစ္စ ကျန်ဝေ Ms Zheng Weiနှင့်ပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
မီဒီယာစကားဝိုင်းဆွေးနွေးပွဲသို့ SCO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊အီရန်၊ကာဇက်စတန်၊ တရုတ်၊ ကာဂျစ္စတန်၊ပါကစ္စတန်၊ရုရှား၊တာဂျစ်ကစ္စတန်၊ဥဇဘက်ကစ္စတန် လေ့လာသူ Observers အဆင့်နိုင်ငံများ ဖြစ်သည့် အာဖဂန်နစ္စတန်၊ဘီလာရုဇ်၊ဆွေးနွေးဖက် Dialogue Partners နိုင်ငံများဖြစ်သည့် အာဇာဘိုင်ဂျန်၊ အာမေးနီးယား၊ဘာရိန်း၊အီဂျစ်၊ကမ္ဘောဒီးယား၊ကာတာ၊ကူဝိတ်၊မော်လဒိုက်၊မြန်မာ၊နီပေါ၊တူရကီနှင့်သီရိလင်္ကာတို့ မှ မီဒီယာကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးသည် ပညာရှင်များနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
SCO မီဒီယာအဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီ Food delivery Ele.me ၊NETA အမှတ်တံဆိပ် လျှပ်စစ်ကားထုတ်လုပ်သည့် Hozon New Energy Auto ကုမ္ပဏီ၊ကမ္ဘာ့အကြီးဆုံးပင်လယ်ရေနက်ဆိပ်ကမ်း Yangshan Port၊ ဥမင်လှိုဏ်ခေါင်းတူးဖော်သည့် ယန္တယားများထုတ်လုပ်သည့် Shanghai Tunnel Enginneeringကုမ္ပဏီ တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါတယ်။
SCO မီဒီယာအဖွဲ့ဝင်များသည် ၂၀၂၄ခုနှစ် ဇူလိုင်၁ရက်မှ ဇူလိုင်၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်း၊ ဘေဂျင်းနှင့် ချင်းတောင်မြို့များတွင် လေ့လာရေးခရီးစဉ်များ ၊ဆွေးနွေးပွဲများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့်ဖိုရမ်ခွဲများ Green Development Forum and Sub forums ကို တက်ရောက်ကြမှာဖြစ်ပါတယ်။
@ymg/knl
\
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် ယနေ့ ဇွန်လ ၂၉ရက်နေ့က ဘေဂျင်းမြို့တော်တွင် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှု အသစ်များ လုပ်ဆောင်သွားမယ်လို့ မစ္စတာဝမ်ယီကပြောကြားခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မစ္စတာဝမ်ယီက သမ္မတ(ငြိမ်း)ဦးသိန်းစိန်ကိုဆက်လက်ပြောကြားရာမှာ အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရှေးဦးစွာရရှိခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အား တိုက်မြှင့်တင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်နှင့် နိုင်ငံတကာ ဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ်အလွန်ကာလ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှ ုအတွက် အရေးပါအကျိုးထမ်းဆောင်မှု ပေး ကာ အရေးကြီး public goods များ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။
ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတ ရှီကျင့်ဖျင်က အဆိုပြုသည့် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆကို အလွန်ချီးကျူးကာ ထောက်ခံအားပေးကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ဆက်လက် လက်ဆင့်ကမ်း၍ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်စွာတည်ဆောက်သွားလိုတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး အလွန်ဝမ်းမြောက် ဂုဏ်ယူ မိတယ်လို့လည်း ဦးသိန်းစိန်ကဆက်လက်ပြောကြားခဲ့ပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခင်မျိုးဆက်ခေါင်းဆောင်များက ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံက မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် အရေးပါသဘောတူညီချက်များ ရရှိခဲ့တာဖြစ်တယ်လို့ ဦးသိန်းစိန်ကပြောဆိုခဲ့ကြောင်း တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
Page 10 of 42