Published 9 Nov 2022
အိန္ဒိယလေတပ်နှင့် ပြင်သစ်လေနှင့်အာကာတပ်တို့ ဟာ နိုဝင်ဘာ (၈)ရက်က ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ်က သဲကန္တာရအတွင်းမှာ 'Ex Garuda-VII' ဆိုတဲ့ အမည်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြ တာဖြစ်ပါတယ်။
လေ့ကျင့်ကြရာမှာ ပြင်သစ်တိုက်ခိုက်ရေးလေယာဉ် Rafale fighters ၊ A-330 Multi Role Tanker Transport aircraft (MRTT) Sukhoi Su-30MKI တို့ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။
Source AFP
#India_France_Joint_Airforce_exercise
#Ex_Garuda-VII
#India_France_Military_Ties
Published 8 Nov 2022
အမေရိကန်နိုင်ငံသားတွေဟာ နိုဝင်ဘာ(၈)ရက် အင်္ဂါနေ့မှာ သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ စတင်မဲပေးနေကြပြီဖြစ်ပါတယ်၊
ရီပတ်ဘလီကန်တွေဟာ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ လာမယ့်(၂)နှစ်အစီအစဉ်တွေ တုံ့ဆိုင်းသွားစေနိုင်ပြီး ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်ပြန်လာဖို့ လမ်းဖွင့်ပေးမယ့် ကွန်ဂရက်မှာ အများစုကို အနိုင်ရဖို့ သဲကြီးမဲကြီးကြိုးပမ်းနေကြပါတယ်။
အရှေ့ဖက်ကမ်းခြေဘက်က မဲရုံတွေဟာ အင်္ဂါနေ့ မနက် ၆ နာရီမှာ စတင်ဖွင့်လိုက်ကြပါတယ်။
မဲဆန္ဒရှင် သန်း၄၀ကျော်က တစ်နိုင်ငံလုံးမှာ ကြိုတင်ဆန္ဒမဲတွေပေးထားခဲ့ကြပြီးဖြစ်ပါတယ်။
Source AFP
#US_Midterm_Election
#Polling_Stations_opened
#US_Politics
Published 7 November 2022
အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဗလီကန်တွေကို မဲပေးကြဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲကို လက်ထရော့ဘ်မြို့မှာ နိုဝင်ဘာ (၆)ရက်က ကျင်းပခဲ့ပါတယ်။
ကွန်ဂရက်မှာ အနီရောင်းလှိုင်းလွှမ်းသွားရမယ်လို့ သူတို့ကယုံကြည်မျှော်လင့်ထားကြနေတဲ့အလျောက် ထရမ့်ဟာ လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲပေးရမယ့်သူတွေအထဲ မပါသည့်တိုင် ပင်ဆဲလ်ဗေးနီးယားက ရီပတ်ဗလီကန်တွေအတွက် အဓိကဆွဲဆောင်သူဖြစ်နေပါတယ်။
“ အင်မတန့် အင်မတန် တိုတောင်းတဲ့ကာလကလေးမှာ ခင်ဗျားတို့ပျော်လာလိမ့်မယ်လို့ ကျွန်တော်ကတိပေးတယ်” လို့ ထရမ့်ကပြောပါတယ်။
သမ္မတရွေးပွဲအပြီး(၂)နှစ်အကြာမှာ ပုံမှန်ကျင်းပရတဲ့ သက်တမ်းဝက်ရွေးကောက်ပွဲဟာ လက်ရှိအိမ်ဖြူတော်မှာရှိနေတဲ့ သူတွေအတွက် ပြည်သူ့ဆန္ဒခံယူတဲ့ပွဲတစ်ခုလို အများကမြင်ထားကြပါတယ်။
ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနှင့် အခြားအရာရှိနေရာ တွေကို ဘယ်သူတွေက ထိန်းချုပ်မလဲ ဆိုတာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
အင်္ဂါနေ့ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေ အနိုင်ရလျှင် ဒါဟာ ထရမ့်ကို ပြန်ပြီး အာဏာရရှိစေဖို့ လမ်းပွင့်သွားမယ်လို့ ထရမ့်ကိုထောက်ခံသူတွေက ယုံကြည်ထားကြပါတယ်။
“ သမ္မတရာထူးနှင့်ထိုက်တန်တာ သူတစ်ဦးတည်းရှိတယ်” လို့ အသက် ၃၉ နှစ်အရွယ် ဘော့စ်ဝဲလ်ကပြောပါတယ်။
Source: AFP
#Trump_Rally
#Save_America
#Republicans_Rally
Published 7 Nov 2022
►ဖေ့စ်ဘုတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ပလက်ဖောင်းဟာ ဒီတစ်ပတ်ထဲမှာ ဝန်ထမ်းတွေ အကြီးအကျယ်လျှော့ချဖို့ရှိလို့ ဝန်ထမ်း ထောင်ပေါင်းများစွာထိခိုက်နိုင်ဟု ဝေါစထရိဂျာနယ်ကရေးသား
►အဲဒီကြေညာချက်ကို ဗုဒ္ဓဟူးနေ့မှာ ခပ်စောစောကြေညာဖို့ စီစဉ်နေတယ်လို့ အတွင်းသိတစ်ဦးက ဝေါစထရိကို သတင်းပေး
►ဖေ့စ်ဘုတ်ခ်ဟာ ပြီးခဲ့တဲ့နှစ်က တန်ဖိုး ဒေါ်လာ (၁)ထရီလီယံဝက်ကျော် (ဒေါ်လာ ၅၀၀ဘီလျံကျော်) ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
►Meta ဟာ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုနှင့် ရင်ဆိုင်ရတာရယ်၊ တစ်တော့ခ် TikTok နှင့် ပြိုင်ဆိုင်မှုတွေကြောင့် စီးပွားရေး ရလာဒ်တွေဟာ စိတ်ပျက်စရာဖြစ်နေခဲ့ရ
►Metaverse ရင်းနှီးမြှပ်နှံမှုကနေ အကျိုးအမြတ်ဖြစ်ထွန်းဖို့က နောက်ထပ် ဆယ်နှစ်စောင့်ရမှာဖြစ်တယ်လို့ အမှုဆောင် ချုပ် မတ်ခ် ဇူကာဘတ်က ပြော
►ဇွန်လက ဖေ့စ်ဘုတ်ခ်ဟာ အင်ဂျင်နီယာတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျှော့ချဖို့ စီစဉ်ခဲ့ပြီး စီးပွားရေးအကျမှာ တောင့်ထားကြဖို့ သူ့ဝန်ထမ်းတွေကို ဇူကာဘတ်က ပြောခဲ့
►မိုက်ခရိုဆော့၊ တွစ်တာနှင့် Snap ဆနက်ပ်တို့အပါအဝင် နည်းပညာကုမ္ပဏီတော်တော်များမျာဟာ အတိုးနှုန်းမြင့်မားလာမှု၊ ငွေကြေးဖောင်းပွမှုတွေနှင့် ဥရောပ လောင်စာအကျပ်အတည်းတွေကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုတွေ ကြောင့် ဝန်ထမ်းတွေ လျှော့ချနေရပြီး အလုပ်တွေဖြုတ်ပစ်နေရ
Source Reuters
#Meta_Platforms_cut_jobs
#Facebook_business
Published 6 Nov 2022
ဂျပန်နိုင်ငံက ဂျပန်ရေတပ်ဖွဲ့စည်းခြင်း (၇၀)နှစ်မြောက်အခမ်းအနားအဖြစ် နိုင်ငံတကာ ရေတပ်သင်္ဘောစုများ တပ်စစ်ဆေးမှု"International Fleet Review (IFR)" ကို နိုဝင်ဘာ ၆ရက်က ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲကို ဂျပန်နိုင်ငံ ဆာဂါမီပင်လယ်အော်မှာ ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၃နိုင်ငံမှာ ရေတပ်သင်္ဘောပေါင်း ၄၀က အဲဒီပွဲမှာ စစ်ရေးလေ့ကျင့်မှုတွေပြသခဲ့ကြပါတယ်။
နိုင်ငံတွေထဲမှာ တောင်ကိုးရီးယားနှင့် အိန္ဒိယအပါအဝင် ဩစတေးလျ၊ကနေဒါ၊ အမေရိကန်ပြည်ထောင်စုတို့အပါအဝင် ပြင်ပနိုင်ငံ ၁၂နိုင်ငံမှ သင်္ဘော ၁၈စီးနှင့် ပြင်သစ်နှင့်အမေရိကန်စစ်လေယာဉ် ခြောက်စီးတို့ပါဝင်စမ်းသပ်ခဲ့ကြပါတယ်။
အဆိုပါအခမ်းနားကိုဂျပန် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက တက်ရောက်ပြီး ရေတပ်သင်္ဘောစုတွေကို စစ်ဆေးခဲ့ပါတယ်။
မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးကျည်တွေဆက်တိုက်ပစ်ခတ်နေတဲ့အချိန်မှာ ယခုနိုင်ငံတကာရေတပ်သင်္ဘောများ တပ်စစ်ဆေးမှု(၂၀၂၂)ကိုကျင်းပခဲ့ကြတာဖြစ်ပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#International_Fleet_Review_(IFR)
#Japan_hosts_IFR
#North_Korea_tension
Published 6 Nov 2022
တရုတ်နိုင်ငံက အမှီအခိုကင်းစွာ တည်ဆောက်ခဲ့တဲ့ အကြီးစား ယူအေဗွီ ဒရုန်း ဝင်းလွန်း ဝမ်း အီး Wing Loong-1E ကို တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျူးဟိုင်းမြို့မှာ အင်္ဂါနေ့ ကျင်းပမယ့် တရုတ်လေကြောင်းပြပွဲ ၂၀၂၂ မှာ ပြသတော့မှာ ဖြစ်ပါတယ်။
အဆိုပါအကြီးစားလူမဲ့ ဒရုန်လေယာဉ်ကို AVIC(ချန်ဒူး) UAVစနစ်ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပါတယ်။ Wing Loong-1E ဟာ ဝင်းလွန်း ယူအေဗွီ မိုဒယ်အတွဲထဲမှာ နောက်ဆုံးထုတ်ပုစံဖြစ်ပြီး ယူအေဗွီပလက်ဖောင်းကို အဆင့်မြှင့် တင်ထားပါတယ်။
“ ဝင်လွန်း ယူအေဗွီမိသားစုအတွက် ပျံသန်းချိန်ပေါင်း တစ်သိန်းလေးသောင်းကျော်နှင့် နည်းပညာဖွံဖြိုးတိုးတက်မှု နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို စုစည်းထားပါတယ်။ ဒီအတွေ့အကြုံတွေအားလုံးကို မိုဒယ်လ်အသစ်နှင့် ပလက်ဖောင်းအသစ် တည်ဆောက်ရာမှာ အသုံးချထားပါတယ်။ ဝန်အား တစ်တန်မှ နှစ်တန်ထိ သယ်ဆောင်နိုင်တဲ့ အခြားသော ကမ္ဘာ့ ဒရုန်းတွေအကြား ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်တည်ဆောက်ထားပါတယ်” လို့ ဒရုန်းအသစ်ရဲ့ ဒီဇိုင်း အင်ဂျင်နီယာချုပ် တန်ယောင်းက ပြောပါတယ်။
ဒရုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကနဦးပျံသန်းမှု ပြီးဆုံးခဲ့ပါတယ်။ အဲဒီအပြင် မြေပြန့်လွင်ပြင်တွေ၊ ကုန်းမြေမြင့်တွေနှင့် ဝန်သုံးပျံသန်းမှုတွေအပါအဝင်စမ်းသပ်ပျံသန်းမှုများစွာလည်းပြီးဆုံးခဲ့ပါတယ်။
ဝင်လွန်း-၁ နှင့် ဝင်းလွန်း-၂ အပါအဝင် အခြားသော ဝင်လွန်း ယူအေဗွီမိသားစုဝင် ဒရုန်းတွေကိုလည်း နိုဝင်ဘာ ၁ရက်မှ ၈ရက်အထိ ပြုလုပ်မယ့် အဲဒီပြပွဲမှာ ပြသမယ်လို့လည်း တန်က ပြောပါတယ်။
“ ဝင်လွန်း၁ နှင့် ဝင်းလွန်း ၁- အီး တို့ကို ကင်းထောက်ရာနှင့် တိုက်ခိုက်ရာမှာ အဓိက အာရုံစိုက်ထားပါတယ်။ ဝင်းလွန်း-၂ ကို ကင်းထောက်ရာ၊တိုက်ခိုက်ရာနှင့် အီလက်ထရိုမဂ္ဂနက်တစ်စွက်ဖက်မှု၊အီလက်ထရွန်းနစ် ကင်းထောက်မှုနှင့် ရေဒါ ကင်းထောက်မှုတို့လိုမျိုး အထူးစစ်ဆင်ရေးတွေအတွက် လုပ်ဆောင်မှုတွေ ထည့်သွင်းထားပါတယ်။ အနာဂတ်မှာ လာမယ့် မိုဒယ်အသစ်တွေမှာ ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်တာတွေပါဝင်လာမှာပါ” လို့လည်း တန်ကပြောပါတယ်။
Source CCTV+
Published 5 Nov 2022
မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအတွက် မဲဆယ်ပွဲတွေ စတင်နေတဲ့အလျောက် ယခုဆို အသက်(၁၀၀)နီးပါးဖြစ်နေတဲ့ နိုင်ငံရေးသမားကြီး မဟာသီဟာ မိုဟာမက်ဟာ နိုဝင်ဘာ ၅ ရက်နေစနေနေ့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်လိုက်ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးယှဉ်ပြိုင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။
ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့်ဟာ ရွေးကောက်ပွဲကို သတ်မှတ်ချိန်ထက် ၁၀ လစောပြီး ခေါ်လိုက်ပါတယ်။ အကျဉ်းစံ ခေါင်းဆောင်ဟောင်း နာဂျစ် ရာဇက်ရဲ့ အကျင့်ပျက်ခြစားမှုတွေရှိနေတဲ့ အာဏာရပါတီဟာ ဒရာမာဆန်ဆန် မဲဖြင့်ပထုတ်ခံရပြီး လေးနှစ်အကြာမှာ နိုင်ငံရေးအရ ပြန်လည်ရှင်သန်နိုင်ရေး ခိုင်မြဲအောင်ကြိုးစားနေပါတယ်။
၂၀၁၈ခုနှစ်က မဟာသီယာဟာ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ ကမ္ဘာ့ ဂင်းနက်မှတ်တမ်းက “ ကမ္ဘာ့ အသက်အကြီးဆုံး လက်ရှိဝန်ကြီးချုပ်”အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အခု အသက် ၉၇ နှစ်ရှိနေပြီဖြစ်တဲ့သူဟာ နိုဝင်ဘာ ၁၉ ရက်ရွေးကောက်ပွဲမှာ အပန်းဖြေကျွန်း လန်ကာဝီကနေ ပါလီမန် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။
Page 134 of 221