#Local_News
Published_ 8 May 2023
မွေးရာပါနှလုံးသွေးကြော ဘယ်နှင့်ညာမှားနေလို တစ်ပတ်ပဲအသက်ရှင်နိုင်ခြေရှိတဲ့ မိဘမဲ့ကလေးငယ်လေးကို အိန္ဒိယမှာ ခွဲစိတ်ကုသပေးခဲ့ရာအောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ YGW ပရဟိတမိဘမဲ့ကျောင်းမှ သိရပါတယ်၊၊
#Local_News #မွေးရာပါနှလုံးသွေးကြောဘယ်နှင့်ညာမှားနေ #ခွဲစိတ်ကုသမှုအောင်မြင်
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
ပြင်ဦးလွင်မြို့ဓာတ်တော်ချိုင့်ရေတံခွန်တွင် မေလ ၇ ရက်နေ့ ညနေ ၄ နာရီလောက်က ဆယ်ကျော်သက် လူငယ်များ ရေဆင်းကူးကြရာမှ လူငယ်တစ်ယောက် ရေနစ်တစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်အခမဲ့ လူမူကူညီရေးအသင်းမှတာဝန်ရှိတစ်ဦးက YMG ကိုပြောပါတယ်။
#Local_News #ဓာတ်တော်ချိုင့်ရေတံခွန် #လူငယ်ဦး ရေနစ်သေဆုံး
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပျက်စီးမှုများ မဖြစ်စေရန် တောင်သူများအား ကူညီရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုတင်စီစဉ်နေတယ်လို့ သိရပါတယ်။
#Local_News #သဘာဝဘေးအန္တရာယ် #ဆန်စပါးအသင်းချုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
လတ်တလော မေလ(၈)ရက်ခန့်မှန်းချက်တွေအရ ရန်ကုန်တိုင်းနဲ့မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဝင်နိုင်ခြေ ရာခိုင်နှုန်းနည်းသွားပြီဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသကတော့ သတိထားရမယ့်အနေအထားရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ဧရာဝတီနှင့်ရန်ကုန်တိုင်း #ရခိုင်ကမ်းရိုးတန်းဒေသဘက်ဦးတည်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၈ရက်နေ့ မနက်ပိုင်းဈေးနူန်းများအရ တစ်အောင်စကို ၂၀၂၁ ဒေါ်လာ ပေါက်ဈေးနဲ့ဈေးဖွင့်လာပါတယ်။ ရန်ကုန်တိုင်းရွှေအသင်း ကတော့ ၂၃သိန်း ၈သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်တိုင်းရွှေအသင်း #ဒေါ်လာပေါက်ဈေး #Gold
#YMG #Yangon_Media_Group
#Local_News
Published-8 May 2023
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင် သဘာဝတရားရိပ်သာတွင် နေထိုင်သူ သီလရှင်ဆရာလေးတစ်ပါး အခန်းတွင်း အပုပ်နံ့များထွက်၍ သေဆုံးနေကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက သိရသည်။
သန်လျင် သဘာဝတရားရိပ်သာတွင် နေထိုင်သော သီလရှင်ဆရာလေးတစ်ပါးသည် အခန်းE-7 5လွှာတွင် တစ်ပါးတည်းနေထိုင်ပြီး ဘေးအခန်းများမှ အပုပ်နံ့များရ၍ သွားရောက်ကြည့်ရှူခဲ့ရာမှ မေလ၈ရက် နံနက်ပိုင်းကသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလူမှုကူညီရေးအသင်းက သိရသည်။
"သေဆုံးနေကြောင်းသိရလို့ အသင်းက သွားရောက်အကူအညီပေးခဲ့ပါတယ်။
ဘာကြောင့်သေဆုံးလဲဆိုတာ တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်"ဟု ယင်းအသင်းကသိရသည်။
သေဆုံးမှုဖြစ်စဉ်ကြောင့် ဒေသခံ သွေး ၂ လူမှုကူညီရေးအသင်းက ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းကိုအကူအညီတောင်းခံလာ၍သွားရောက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #သန်လျင်သဘာဝတရားရိပ်သာ
#Yangon-Media-Group
#Local_News
Published_ 8 May 2023
သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ၊ တောင်သူ လယ်သမားများ အချိန်မီကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ ညီနောင်အသင်းများနှင့် လုပ်ငန်းရှင်များမှ ကြိုတင်စီမံဆောင်ရွက်ထားဖို့ ကုန်သည်စက်မှုအသင်းချုပ်က သတိပေးချက်ထုတ်ပြန်လိုက်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ခုနှစ် ၊ မေလ (၈) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၁၀:၃၀) နာရီ အချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်၍ ထိုမှတဆင့် ပိုမိုအားကောင်းလာနိုင်ပြီး (၉.၅.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး (၁၀.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံရှိ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများ ကျရောက်၍ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၈၀) မိုင် (၉၀) ခန့် အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလ မှထုတ်ပြန်ထားခြင်းဖြစ်သည်။
အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လိုအပ်သော ကြိုတင်ပြင်ဆင်မှုများထားရှိနိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ကုန်သည်စက်မှုအသင်းချုပ်သို့ အချိန်နှင့် တပြေးညီ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အဆိုပါအသင်းချုပ်မှထုတ်ပြန်ထားပါသည်။
#ymg/ynzw
#Yangon-Media-Group
Page 1132 of 2054