#Local_News
Published-6 January 2024

စင်ကာပူနိုင်ငံ၏ အမြန်ရထားလိုင်း လုပ်ငန်းခွင်၌ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦးပြုတ်ကျသေဆုံးမှုတစ်ခုဇန်နဝါရီ၄ရက်နေ့ကဖြစ်ပွားခဲ့ရာလက်ရှိတွင် ၄ လုပ်သားအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ရန် ကန်ထရိုက်တာများနှင့် လက်တွဲဆောင်ရွက်နေကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခု၏ ဖော်ပြချက် အရသိရသည်။

 

အဆိုပါ စင်ကာပူနိုင်ငံJurong ဒေသရှိ အမြန်ရထားလိုင်း လုပ်ငန်းခွင်၌ မပြီးစီးသေးသည့် ပလပ်ဖောင်းအစွန်း ၇ မီတာခွဲ (၂၄ ဒသမ ၇ ပေ) အမြင့်မှ ဇန်နဝါရီ ၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားပြုတ်ကျခဲ့ရာ အန်တန်ဖောင်အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့‌သော်လည်း ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

Jurong ဒေသ မီးရထားလိုင်းသည် စင်္ကာပူနိုင်ငံ၏ သတ္တမမြောက် အမြန်ရထားလိုင်းအဖြစ် ၂၀၂၇ ခုနှစ်မှာ အဆင့်သုံးဆင့်ဖြင့်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ မြန်မာနိုင်ငံသားသည်ဂျန်ရှီ ဆောက်လုပ်ဖွံ့ဖြိုးတိုးတက်ရေးအုပ်စုမှ အလုပ်သမားဖြစ်ကြောင်းသိရသည်။

 

ယင်းမတော်တဆမှုဖြစ်ပြီးနောက် အမြန်ရထားဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်ငန်းများအားလုံးကို ချက်ချင်းရပ်တန့်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) ကို စနေနေ့ (ဇန်နဝါရီ ၆ ရက်) က မေးမြန်းခဲ့ရာမှာတော့ ဘေးကင်းရေးဖြစ်ရပ်တွေကို လေးနက်စွာရှုမြင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ရှိတွင် မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်‌ဆောင်ရန် ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ လူ့စွမ်းအားဝန်ကြီးဌာနနှင့် ပူပေါင်းဆောင်ရွက်နေကာ သေဆုံးသူ၏ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ထောက်ပံ့ကူညီမှုများပေးရန် ကန်ထရိုက်တာများနှင့် လက်တွဲဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

 

#Local_News #မြန်မာဆောက်လုပ်ရေးလုပ်သား #လုပ်ငန်းခွင်၌သေဆုံးခဲ့ #YMG/NN #Yangon-Times