#Local_News
Published_ 8 May 2023
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိတဲ့ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့များအနေဖြင့် မေ (၇) ရက် အထိ ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ်(၂)ခု နှင့် ကြေးတံဆိပ် (၁၈)ခု စုစုပေါင်း ဆုတံဆိပ် (၂၅)ခု ဆွတ်ခူးရရှိထားပြီးဖြစ်ပါတယ်။
ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး Same Stroke Chinlone Event-2 ပြိုင်ပွဲ ပွဲစဉ်တွင် (ကမ္ဘောဒီးယား၊ မြန်မာ နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအေးအေးသန့်(ခ)မစာဥ၊ မစုတွယ်တာ၊ မမေဖြိုးစံ၊ မသဲသဲ၊ မတင်နီလာဝင်း၊ မယဉ်မင်းသွယ်၊ အခိုင်သဇင်ဖြိုးနှင့် မခိုင်ခိုင် တို့အတွဲက ရမှတ် (၂၂၁) မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
အမျိုးသား/အမျိုးသမီး Event -2 (Mixed Team) ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ နှင့်လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ဝေယံဖြိုး၊ မောင်ခန့် ဝင်းဟိန်း၊ မောင်ဇော်လင်းမောင်၊ မောင်ရဝေအောင်၊ မမှုံနံ့သာ၊ မမေဖူးဟန်၊ မမေဖြိုးစံနှင့် မခိုင်သဇင်ဖြိုးတို့ အတွဲက ရမှတ် (၁၉၈) မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
အမျိုးသား Same Stroke Chinlone Event - 2 ပြိုင်ပွဲ ပွဲစဉ်တွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် မလေးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မင်း သစ္စာအောင်၊မောင်အောင်မြင့်မြတ်၊မောင်ရဝေအောင်၊ မောင်ဝေယံဖြိုး၊ မောင်သော်ဝေဇင်၊ မောင်ကောင်းမြတ်သီဟ၊ မောင်ပြည့်ဖြိုးကျော်၊ နှင့် မောင်သူရိန်လင်းတို့ အတွဲက ရမှတ် (၁၇၄) မှတ်ဖြင့် တတိယ(ကြေးတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
ဆက်လက်၍ ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုဗီနမ် အမျိုးသား (၂)ယောက်တွဲ အပြပြိုင်ပွဲတွင် ( ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ် နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မနားကွီး နှင့် မောင်တင်ထူးဇော်တို့ အတွဲက ပထမ(ရွှေတံဆိပ်ဆု) ရရှိခဲ့ပါတယ်။
ဗိုဗီနမ်အားကစားနည်း(အမျိုးသမီး) လက်သိုင်းအပြ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြင့်စန္ဒီကျော်က တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီး (၆၀) ကီလို ပြိုင်ပွဲတွင် မနှင်းနန္ဒာဦးက တတိယ ( ကြေးတံဆိပ်ဆု)၊ အမျိုးသား (၆၀) ကီလို ပြိုင်ပွဲတွင် မောင်အောင်ခန့်ဇော်က တတိယ ( ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ဓါးတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်က တတိယ ( ကြေးတံဆိပ်ဆု)၊ ဓါးအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်း နှင့် မောင်တင်ထူးဇော်တို့ အတွဲက တတိယ (ကြေးတံဆိပ်ဆု) အမျိုးသား (၃)ယောက်/ အမျိုးသမီး(၃)ယောက် အသင်းလိုက် အပြပြိုင်ပွဲတွင် မောင်ကျော်သူစိုးအောင်၊ မောင်နေလင်းထက်၊ မောင်ဟိန်းထက်အောင်၊ မခိုင်ဇာထွန်း၊ မဖြိုးအိကျော်နှင့် မသီတာမင်းတို့ အတွဲက တတိယ( ကြေးတံဆိပ်ဆု)၊ အမျိုးသမီး(၄)ယောက်တွဲ ဓါးတစ်လက်အပြပြိုင်ပွဲတွင် မချစ်နိုဒီဆောင်း၊ မစုဝတီဌေး၊ မဖြိုးအိကျော်နှင့် မမြင့်စန္ဒီကျော်တို့အတွဲက တတိယ ( ကြေးတံဆိပ်ဆု) များကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြပါတယ်။
ထို့နောက် Olympic Petanque Complex ၌ ကျင်းပသည့် ပီတန်းအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မေ(၆)ရက်နေ့က အပစ် - Women Single Shooting ပြိုင်ပွဲ၌ ပထမ(ရွှေတံဆိပ်ဆု) ရရှိခဲ့တဲ့ မြန်မာနိုင်ငံမှ မခင်ချယ်ရီသက်နှင့် ဒုတိယ (ငွေတံဆိပ်ဆု)၊ တတိယ(ကြေးတံဆိပ်ဆု)ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဆက်လက်ပြီး OLYMPIC STADIUM, PRINCE STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မေ (၇)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တင်းနစ်၊ ဘိလိယက်၊ ခွန်ခမာ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီဘော အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၈)ခု ထပ်မံရရှိခဲ့ကြပါတယ်။
မေ (၈) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘိလိယက်၊ ပြေးခုန်ပစ်၊ ခွန်ခမာ၊ ဘော်လီဘောနှင့် လက်ဝှေ့ အားကစား ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
#ygm_mnn #Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစားနည်း #ရွှေတံဆိပ်ဆု (၁) ခု
#YMG #Yangon_Media_Group
Published 7 May 2023
ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်နေပြီး နာဂစ်မုန်တိုင်းလို ပြင်းထန်မယ်လို့ ဆိုရှယ်မီဒီယာများတွင် ပြောဆိုနေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းခဲ့ပါတယ်။ ဗိုလ်ချူပ်ဇော်မင်းထွန်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှုတွေကိုလည်းပြောဆိုခဲ့ပါတယ်။
#ymg/knl
#YangonMediaGroup
#ဆိုင်ကလုန်းမုန်တိုင်း
#မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး
#TV Yangon Times Matters အစီအစဉ်
Published_ 7 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဆန်း (ဂီတမြို့)နှင့်အတူ
ညီအစ်ကိုတွေစုပြီး"ဂီတမြို့"ထူထောင်ဖြစ်တဲ့အကြောင်း
ဂီတမြို့မှာ ပန်းချီသင်တန်း၊ တူရိယာသင်တန်း၊ အဆိုသင်တန်း စသဖြင့် သင်ကြားပေးနေတဲ့အကြောင်း
ကိုဓီရာမိုရ်က မြန်မာသီချင်းတွေကိုစီးရီးလိုက်ရေးထားမယ်လို့ တစ်ခါမှမတွေးထားမိဖူးဘူး။ အခုဆို "ကျွန်မရုပ်ရည်ကိုယ်ပိုင်သံစဉ်သီချင်းများ" အခွေကိုသူဇာအောင်က သီဆိုပြီး မြန်မာနိုင်ငံတွင်မကဘဲ ဂျပန်နိုင်ငံတွင်ပါ ဖြန့်ချီပေးသွားမှာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ကိုဆန်း(ဂီတမြို့)
#YMG #Yangon_Media_Group
#Local_News
Published_ 7 May 2023
ရန်ကုန်တိုင်းမှာ ရေဘေး၊ မုန်တိုင်းအရှိန်သက်ရောက်မှုဘေးစတဲ့ သဘာဝဘေးတွေကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ရှိတယ်လို့ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်တိုင်း #သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 7 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဆန်း (ဂီတမြို့)နှင့်အတူ
ညီအစ်ကိုတွေစုပြီး"ဂီတမြို့"ထူထောင်ဖြစ်တဲ့အကြောင်း
ဂီတမြို့မှာ ပန်းချီသင်တန်း၊ တူရိယာသင်တန်း၊ အဆိုသင်တန်း စသဖြင့် သင်ကြားပေးနေတဲ့အကြောင်း
ကိုဓီရာမိုရ်က မြန်မာသီချင်းတွေကိုစီးရီးလိုက်ရေးထားမယ်လို့ တစ်ခါမှမတွေးထားမိဖူးဘူး။ အခုဆို "ကျွန်မရုပ်ရည်ကိုယ်ပိုင်သံစဉ်သီချင်းများ" အခွေကိုသူဇာအောင်က သီဆိုပြီး မြန်မာနိုင်ငံတွင်မကဘဲ ဂျပန်နိုင်ငံတွင်ပါ ဖြန့်ချီပေးသွားမှာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ကိုဆန်း(ဂီတမြို့)
#YMG #Yangon_Media_Group
#Local_News
Published_ 7 May 2023
ရန်ကုန်မှာ လျှပ်စစ်မီးခဏခဏပျက်တဲ့အတွက် မီးစက်အသုံးပြုသူတွေများလာပြီး မီးစက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အလုပ်တွင်ကျယ်လာတယ်လို့ သိရပါတယ်။
#Local_News #ရန်ကုန် # မီးစက်ပြုပြင်ရေး
#YMG #Yangon_Media_Group
#Local_News
Published _7 April 2023
မြန်မာ- ထိုင်း- တရုတ်(၃)နိုင်ငံပူးပေါင်း၍တရားဥပဒေစိုးမိုးရေးလုစစ်ဆင်ရေးကာလအတွင်း ရန်ကုန်မှလားရှိုးသို့ လေကြောင်းလိုင်းဖြင့်သွားရောက်မည့် နိုင်ငံခြားသားများအား ခွင့်မပြုထားကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာပြီး Online Scam နှင့် Online Gambling တို့တွင် ပါဝင်ကျူးလွန်နေကြသဖြင့် ပုံရိပ်မထိခိုက်စေရေးကာကွယ်နိုင်ရန် မြန်မာ- ထိုင်း- တရုတ်(၃)နိုင်ငံပေါင်းစပ်ညှိနှိုင်း၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စစ်ဆင်ရေးကာလ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ထားသည်။
ယင်းလုပ်ငန်းစဉ်များ စစ်ဆင်ရေးဆောင်ရွက်နေစဉ်ကာလအတွင်း မေလ ၆ ရက်ကစ၍ ရန်ကုန်မှ လားရှိုးသို့ လေကြောင်းလိုင်းဖြင့်သွားရောက်မည့် နိုင်ငံခြားသားများ (UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGQ ဝန်ထမ်းများမပါ )အား သွားခွင့်မပြုဘဲ စိစစ်ဟန့်တားသွားရန်နှင့် ရန်ကုန်-လားရှိုး လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် နိုင်ငံခြားသား UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGO ၀န်ထမ်းများရှိပါက ၎င်းတို့၏အမည်စာရင်းအား တင်ပြသွားရန် ညွှန်ကြားထားကြောင်း သိရသည်။
လားရှိုး လေဆိပ်သို့ မေလ ၆ ရက်မှ စတင်၍ လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် နိုင်ငံခြားသား (UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGO ဝန်ထမ်းများမပါ )တို့အား သွားခွင့်မပြုဘဲ စိစစ်ဟန့်တားသွားရန်နှင့် နိုင်ငံခြားသား UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ၊ INGO ဝန်ထမ်းများ ရှိပါက၎င်းတို့၏ အမည်စာရင်းအား အချိန်နှင့်တစ်ပြေးညီတင်ပြသွားရန်တင်ပြသွားရန် အကြောင်းကြားထားကြောင်း သိရသည်။
#ymg/pl #Local_News #မြန်မာ- ထိုင်း- တရုတ် #လေကြောင်းလိုင်း #ရန်ကုန်မှလားရှိုး
#YMG #Yangon_Media_Group
Page 1134 of 2054