ရန်ကုန်တိုင်းမှာ စိုက်ပျိုးတဲ့ပဲတီစိမ်း ခူးဆွပ်ချိန်ရောက်တဲ့အခါ ဈေးတဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် အချို့တောင်သူတွေကတော့ မရောင်းချသေးဘဲ ဈေးမြင့်မယ့်အချိန်ကို စောင့်ကြည့်နေပါတယ်။ စားဝတ်နေရေးနဲ့ အခြား အခက်ခဲတွေကြောင့် မနေနိုင်တဲ့ တောင်သူတွေကတော့ ရတဲ့ဈေးနဲ့ပဲ ရောင်းချရတာပါဘဲ၊ ဈေး အတတ်ကျကလည်း မှန်းမရဘူး။
Yangon Times/LW
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
စိုက်စရိတ်တက်ပြီး ရောင်းသူဈေးကွက်ဖြစ်နေသောကြောင့် ဖရဲစိုက်တောင်သူများအမြတ်ရရှိမှုနည်းပါးနေ
' မနှစ်ကထက် ၁၀သိန်းလောက်အထိ စိုက်စရိတ်တက်သွားတယ်၊ ပလပ်စတစ်၊ လုပ်အားခတက်သွားတယ်၊ မြေဆီလည်း တက်သွားတယ်၊ မနှစ်ကတော့ လယ်ထဲကို အတင်းလိုက်ဝယ်ကြတယ်၊ ဒီနှစ်ကကျတော့ ပွဲစားကို မနည်းလိုက်ရှာရတယ်၊ 'ခရမ်းမြို့နယ်မှ ဖရဲစိုက်ပျိုးသူ စိုင်းကျော်မိုး
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
လာမယ့်နွေမှာ ရန်ကုန်ရေပြတ်နိုင်လို့ ရေလှူဒါန်းရန် အသင့်ပြင်ထားတယ်။ "ပုံမှန်တစ်ရက်ကို ရေဂါလံ(၁)သောင်းခန့်သာ လှူဒါန်းပေးရလေ့ ရှိပေမယ့် လာမယ့်နွေရာသီမှာတော့ ရေဘောက်ဆာကားတွေ ထပ်ဖြည့်ပြီး တစ်ရက်ကို ရေဂါလံ(၃)သောင်းမှ (၅)သောင်းအထိ လှူဒါန်းပေးနိုင်ဖို့ ပြင်ဆင်ထားတယ်" ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 February 2024
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ရေကျော်နားတွင် ယနေ့ နံနက်ပိုင်းကရထားနှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ကာ လူကူးခုံးကျော်တံတား တစ်စင်းကျိုးကျပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများထံ က သိရသည်။
အဆိုပါရထားနှစ်စီး တိုက်မိသဖြင့်ရေကျော်ဝတ်ကျောင်းလမ်းနှင့်ဘင်္ဂါလီစု ကို ကူးသော လမ်းကူးခုံးကျော်တံတားတစ်စင်း ကျိုးခဲ့ကြောင်းသိရသည်။
"'ဒီကနေ့ မနက် (၄) နာရီခွဲလောက်က ဖြစ်တာ ကုန်တင်ရထားတစ်စီး ကမီးနီကိုစောင့်နေတဲ့ အချိန် အနောက်က လာတဲ့ ရထားကအရှိန်မထိန်းနိုင်ဘဲ တိုက် မိ တယ်လို့ ကြားတယ် သေချာတော့ မသိရဘူး ထိခိုက်ဘာညာရတယ်လို တော့ မကြားမိဘူး ခုံးကျော်တံတားက တော့ ကျိုးကျသွားတယ်""ဟု ပုဇွန်တောင်မြို့နယ် နေသူတစ်ဦးက ပြောသည်။
ယခုရထားတိုက်မိခဲ့သည့် ဖြစ်စဉ်နှင့် ပက်သက်၍ သက်ဆိုင်ရာ မှ ဖြစ်စဉ်အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 February 2024
ဟိန္ဒူဘာသာတွင် သိုက် အယူအဆမရှိသည့်အတွက် ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးကပ်သယောင် လုပ်သူများသည် လူလိမ်များသာဖြစ်ကြောင်းဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ သတိပေးထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးမှ သိုက်ချော့သည်ဟုဆိုကာ ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားအား ဝတ်ဆင်ကာ ပူးနေသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီးနောက် ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ဟိန္ဒူသာသနာပုံရိပ်ကို ညှိုးနွမ်းစေသည့် အချင်းအရာများအား ရှုံချကြောင်းဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ ထပ်မံအသိပေးကြေညာ တားမြစ်ချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဟိန္ဒူဘာသာတွင် သိုက်ဟူသော အယူအဆလည်း အလျဉ်းမရှိပါ၊ ထို့အတွက် ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးသယောင် ကပ်သယောင်လုပ်သူများဟာ လူလိမ်စစ်စစ်များသာဖြစ်ပါကြောင်း အမှန်တကယ်သာ ပူးကပ်လျှင်လည်း ဘုရားမဟုတ်ဘဲ မကျွတ်မလွတ် သရဲတစ္ဆေ၊ လမိုင်းများသာ ဖြစ်ကြောင်းဖော်ပြထားသည်။
ထို့အပြင် ဟိန္ဒူဘုရားများအား မေတ္တာပို့ခြင်းကို လုံး၀လက်မခံသလို ဟိန္ဒူသာသနာအကြောင်းပြု၍ ပူးကပ်ခြင်းဖြစ်စဉ်များကိုလည်း အပြင်းအထန်ဆုံး ရှုတ်ချကြောင်း၊ထိုအပြုအမူပြုသူတစ်ဦးတစ်ယောက်ချင်းဆီကို မှတ်တမ်းယူထား၍ အမည်ပျက်စာရင်းသွင်းသွားမည်လည်းဖြစ်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 February 2024
၁။ ဂျပန်ရောက်မြန်မာများ သံရုံးသို့ ငွေပိုသွင်းနေ၍ ပမာဏအတိအကျသာ လွှဲကြရန် အသိပေး
၂။ ရှမ်းတောင်ရှိ အရှူးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
၃။ အခုရက်ပိုင်းတွင် တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင်ကျွမ်းသည့်အထိကြုံလာ၊ မနှစ်ကထက်တော့ မီးလောင်ကျွမ်းမှုနည်းပါး
၄။ မော်ရိုကိုမှ တရုတ်ပေကျင်းအထိ ကီလိုမီတာတစ်သောင်းခွဲကွာဝေးသည့်ခရီးစဥ်ကို စက်ဘီးစီးလည်ပတ်မည့် မော်ရိုကိုစွန့်စားခရီးသည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
22 February 2024
ပြည်တွင်းစက္ကူလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူများထုတ်လုပ်ရန်ဆောင်ရွက်ရန်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။
စပါး၏ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကမြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက "မိမိတို့နိုင်ငံ၌ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ၍ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ထပ်မံလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူ များထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်"ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် အခက်အခဲများစွာရှိသလို အခွင့်အလမ်းလည်း များစွာရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 776 of 2201