#Local_News
Published 4 September 2024

▪️ ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်အတွက် အမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာများအတွက်အမြတ်ဝေစုများအား ယခုရက်ပိုင်းအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ  မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဩဂုတ် ၂၃ရက်နေ့တွင် ကျင်းပ သည့် (၅/၂၀၂၃-၂၀၂၄) ဒါရိုက်တာအဖွဲ့အစည်းအ‌ဝေးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်အတွက် အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု (Dividend) ၂၀၀ ကျပ်နှုန်း ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့မှ စတင်၍ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ရာ ဩဂုတ် (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှလည်း အစုရှယ်ယာရှင်များထံ အသိပေးကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင်  ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက် (YSX Record Date) ရှိ အစုရှယ်ယာရှင်စာရင်းအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌နှစ်အတွက် အမြတ်ဝေစု (Dividend) ခံစားခွင့်ရှိသော အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုများကို    ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားသော အစုရှယ်ယာရှင်များ ၊ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားသော အစုရှယ်ယာရှင်များအတွက် အစုရှယ်ယာရှင်များ စာရင်းဖွင့်လှစ်ထားသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ဘဏ်အကောင့်များသို့ တိုက်ရိုက်လွှဲပြောင်းပေးမည် ဖြစ်သည်။

 

▪️ အဆိုပါအစုရှယ်ယာရှင်များ ၀ယ်ယူထားသော 3rd Right Issue ရှယ်ယာများ DEMAT မလုပ်ရသေးပါကလည်း အဆိုပါ ရှယ်ယာများအတွက် ရရှိမည့် အမြတ်‌ဝေစုများကိုပါ တပေါင်းတည်း လွှဲပြောင်းပေးသွားမည် ဖြစ်သည်။

 

▪️ ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားခြင်းမရှိသော အစုရှယ်ယာရှင်များ ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ထားခြင်းမရှိသေးသော အစုရှယ်ယာရှင်များအနေဖြင့် အမြတ်‌ဝေစုထုတ်ပေးရန် အောက်ပါအချက်အလက်များ အပြည်အစုံကို ထင်ရှားစွာ ဓါတ်ပုံရိုက်၍ အစုရှယ်ယာရှင်၏ အီးမေး(သို့မဟုတ်)ဖုန်း Viber ဖြင့် MAEX ရှယ်ယာဌာနEmail  This email address is being protected from spambots. You need JavaScript enabled to view it. သို့မဟုတ် Viber ဖုန်းနံပါတ် 09889955485 နှင့် 09883016868 သို့ ပေးပို့တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းအပြင် အစုရှယ်ယာရှင်ပိုင်ဆိုင်မှတ်တမ်း Share Certificate (ရှေ့/နောက်) ၊ အစုရှယ်ယာရှင်၏ မှတ်ပုံတင် (ရှေ့/နောက်)၊ အမြတ်ဝေစုလွှဲပေးမည့် ဘဏ်စာရင်း(သို့) Pay နံပါတ်/အမည် အစုရှယ်ယာရှင်များ ပေးပို့သော ဘဏ်စာရင်းအမှတ် (သို့) Pay နံပါတ်သို့သာ အမြတ်‌ဝေစုများ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ အစုရှယ်ယာအနည်းစုပိုင်ဆိုင်သည့် အစုရှင်များအဆင်ပြေစေရန်အတွက် အစုရှယ်ယာ ၁ စု မှ ၁ဝဝဝဝ စုထိ ပိုင်ဆိုင်သော အစုရှယ်ယာရှင်များအနေဖြင့် ငွေသားထုတ်ယူလိုပါက MAEX ရုံးချုပ်တွင်လည်း ရှယ်ယာရှင်ပိုင်ဆိုင်မှု မှတ်တမ်း Share Certificate (မူရင်းနှင့် မိတ္တူ)၊ အစုရှယ်ယာရှင်၏ မှတ်ပုံတင် (မူရင်းနှင့် မိတ္တူ) တို့နှင့်အတူ ရုံးချိန်အတွင်း အစုရှယ်ယာရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times