#Local_News
Published 04 September 2024


▪️ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှ ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်များ အနေဖြင့်ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းသို့လေ့လာရေးခရီးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

 

▪️ ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ပေကျင်း Yonghe Temple၊ Guanghua Temple၊ Buddhist Lodge၊ Tanzhe Temple၊ Youshengjiao Temple စသည်တို့မှ လာရောက်ခဲ့ကြပြီး စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် လေ့လာရေးခရီးသွားရောက်ကာဒေသခံ ဗုဒ္ဓဘာသာကျောင်းတိုက်နှင့် ပညာသင်ကောလိပ်များကြား ချစ်ကြည်ရင်းနှီးစွာ ကူလူးဖလှယ်သွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌနှင့် Yonghe Temple ကျောင်းထိုင်ဆရာတော် Lama Hu Xuefeng သည် ပေကျင်းဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်ဘာလ ၃ ရက်နေ့၌ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia မှကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့သည်။ 

 

▪️ တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက်မှ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအစဉ်အလာ တရားဓမ္မချစ်ကြည်မှု ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း စိတ်နှလုံးနီးစပ်မှုမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး သံမှူး Mr. Li Qianguo စသည့်သက်ဆိုင်သူများ အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times