ဥရောပနိုင်ငံ စျေးကွက်တချို့ကို တင်ပို့နိုင်ဖို့အတွက် အဝယ်လိုက်နေတာကြောင့် ပဲတီစိမ်စျေးကွက် ပြန်ကောင်းလာတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။
#Local_News
Published_8 January 2024
#ပဲတီစိမ်းဈေးပြန်တက်
#YMG/LW #Yangon_Times
#Local_News
Published 8 January 2024
ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် စီးတီးတက္ကစီအငှားယာဉ်များနှင့် နယ်တက္ကစီအငှားယာဉ်များတွင်ဘေးအဝါရောင်လိုင်း စတေကာများ မတပ်ဆင်ပါက ပညာပေးကာလကျော်လွန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ဒဏ်ကြေးငွေသတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။
အဆိုပါ တက္ကစီအငှားယာဉ်များတွင် ဘေးနှစ်ဖက်အဝါရောင်စတေကာများ တပ်ဆင်ရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ပေးထားသည်။
လက်ရှိစီးတီးတက္ကစီယာဉ်များ နည်းတူရန်ကုန်မြိုတွင်း၌ ပဲခူးနှင့် ဧရာဝတီ၊ တိုင်းဒေသကြီး မွန်နှင့် ကရင်ပြည်နယ်တို့မှ နယ်တက္ကစီအငှား ယာဉ်များမောင်းနှင်မှုများကို တွေ့ရှိနေရသောကြောင့် ၎င်းတို့ကိုလည်းဘေးနှစ်ဖက်ဘေးအဝါရောင်စတေကာ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။
အထက်ပါ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီယာဉ်များအနေဖြင့် ပညာပေးကာလကျော်လွန်ပြီး အဝါရောင်လိုင်း စတေကာမတပ် ဆင်ထားပါက ဒဏ်ကြေးငွေအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဘီးခွန်ပါ ကောက်ခံသွား မည်ဖြစ်သည်။
YRTC အနေဖြင့်၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့အထိစာရင်းများအရ ဘေး အဝါရောင် လိုင်းစတေကာတပ်ဆင် ပြီးစီးမှု ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းအစီး ရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးကြောင်းသိရပြီး လက်ရှိတွင် စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၅၈,၄၈၁ စီးရှိရာ YRTC တွင် မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီ ၅၅,၂၂၇ စီးရှိကြောင်း သိရသည်။
#Local_News #အဝါရောင်လိုင်းစတေကာ #ဒဏ်ကြေးကောက်မည် #YMG/LW #Yangon_Times
#Local_News
Published-7 January 2024
မြဝတီနယ်စပ်မှ တင်ပို့ခြင်းနှင့်တင်သွင်းခြင်းပြုလုပ်မည့် ကုန်သွယ်ရေးလုပ်ငန်းအားလုံးကို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ယနေ့ကြေညာချက်အရသိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေး စခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် မတိုင်မီ မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ကုန်ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ကွန်တိန်နာဖြင့် သယ်ဆောင်ရသည့် စက်မှုကုန်ကြမ်းပစ္စည်းများကို ကိစ္စရပ်တစ်ခုချင်း အပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
#Local_News #စခန်းပြောင်းလဲတင်ပို့ခွင့်ပြု #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
မြန်မာနိုင်ငံအတွင်းပြုလုပ်မည့် အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းတွင် ပါဝင်သည့် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်း အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရက ကျေးရွာသုံးရွာ ရွေးချယ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ဒေသခံပြည်သူများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၄ ရက်က ပြုလုပ်ခဲ့ပြီး ရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းဖော်ဆောင်ရာတွင် ကျေးရွာ ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တာဝန်များ၊ စီမံကိန်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး စီမံကိန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းတွင်မြင်းကပါကျေးရွာအပြင် နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာကို ဒစ်ဂျစ်တယ် ကျေးရွာ လုပ်ငန်းအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာကို ဒေသတစ်ခု ထုတ်ကုန်တစ်ခုလုပ်ငန်းအဖြစ်လည်းကောင်းသတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်း #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးသို့ နိုင်ငံခြားသားဘုရားဖူးဧည့်သည် ရှစ် သောင်းကျော် ဝင်ရောက်ခဲ့ပြီးအာရှနိုင်ငံများမှအများဆုံးလာရောက်ဖူးမြှော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ထိုသို့ဝင်ရောက်ရာတွင် ထိုင်း၊ တရုတ်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ အများဆုံးဖြစ်ပြီး အခြားဥရောပနိုင်ငံများမှ လည်း လာရောက်ဖူးမြော်ခဲ့ကြပြီး ဇန်နဝါရီလတွင် ၅၃၀၉ ဦး၊ဖေဖော်ဝါရီလတွင် ၆၁၆၂ ဦး၊ မတ်လတွင် ၉၄၁၄ ဦး၊ ဧပြီလတွင် ၅၃၉၅ဦး ၊ မေလတွင် ၆၃၁၅ဦး ၊ ဇွန်လတွင် ၅၈၅၀ဦး ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ဇူလိုင်လ၌၆၆၈၁ဦး ၊ ဩဂုတ်လ၌ ၆၄၄၂ဦး ၊ စက်တင်ဘာလ၌ ၆၁၁၅ဦး ၊ အောက် တိုဘာလ၌ ၇၀၈၀ ဦး၊ နိုဝင်ဘာလ၌ ၈၂၁၈ဦး နှင့်ဒီဇင်ဘာလ၌ ၇၃၉၉ဦး စုစုပေါင်း ၈၀၃၈၀ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်၊၊
ပြည်တွင်းဘုရားဖူးဝင်ရောက်မှုအနေဖြင့်မူ သံဃာတော် တစ်သိန်းခွဲကျော် ၊ သာသနာနွယ်ဝင်သီလရှင် ခုနှစ်သောင်း ၊ အမျိုးသား ၄၇ သိန်းကျော်နှင့် အမျိုးသမီး ၅၅ သိန်းကျော်ရှိကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ကာလများ၌ ဖူးမြော်ခွင့်ခေတ္တပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ရက်နေ့ မနက် ၆ နာရီမှည ၆ နာရီအထိ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူတွေအဆင်ပြေစေရန်ဘုရားဖူးချိန်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ထို့ နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး မနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊
#ပြည်ပဘုရားဖူး ရှစ်သောင်းကျော်ဝင်ရောက်ခဲ့ #Local_News #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ရန်ကုန်မြို့ဒဂုံဆိပ်ကမ်း၌ယမန်နေ့ညနေကဆောင်းခို လဒငှက်ကြီး များအုပ်စုဖွဲ့လာရောက်ခိုနားရာလူအချို့မှ နမိတ်မကောင်းဟုယူဆပြီးရို-က်သ-တ် မှုကြောင့်အုပ်စုကွဲသွားကြောင်းဒေသခံများဆီကသိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ဇန်နဝါရီ ၆ရက် ညနေ (၆)နာရီခန့်က လာရောက်ခိုနားကြခြင်းဖြစ်ကြောင်းသိရသည်။
'ဒဂုံဆိပ်ကမ်းမှာ မြင်ရခဲတဲ့လဒငှက်ကြီးအုပ်စု လာရောက်ခိုနားသွားကြတာပါ၊ အတောင်ပံ ဖြန့်ပျံရင် အလျား၇ပေ လောက်ရှိတဲ့အကောင်ကြီးမျိုးစိတ်တွေပါ 'ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လဒငှက်များသည် တရုတ်၊တိဘတ်၊ဟိမဝန္တာ၊မွန်ဂိုလီယား၊အိန္ဒိယစသည့် နိုင်ငံများဘက်မှ မြန်မာနိုင်ငံသို့ဆောင်းခိုလာကြသည့် ဆောင်းခိုငှက်များဖြစ်ကြောင်း Responsible animal keeping page ၌ ရေးသားထားသည်။
'ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံကို တရုတ်၊ တိဘတ်၊ ဟိမဝန္တာ၊ မွန်ဂိုလီယား၊ အိန္ဒိယ ဘက်ကနေ အလည်လာပြီးဆောင်းခိုကြတဲ့ကောင်တွေပါ စိတ်မကောင်းစရာက ဒါကို နိမိတ်မကောင်းဘူးတို့ဘာတို့နဲ့ အတွေးမှားတွေကြောင့် ရို-က်သတ်လိုက်ကြတာ ၃ကောင်သေပြီလို့သိရပါတယ် အကောင်ရေ ၅၀ ဝန်းကျင် မှာ လူတွေပရောဂကြောင့်အုပ်စုကွဲသွားပါတယ် အဲ့လိုတွေမလုပ်ကြပါနဲ့ဗျာ ငှက်တွေမှာ ဘာအပြစ်မှမရှိပါဘူး ပါတ်ဝန်းကျင်အကျိုးပြုငှက်တွေပါ ဒဂုံဆိပ်ကမ်းဘက်မှာ တွေ့လိုက်ရပါတယ်။'ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် လင်းတငှက်မျိုးစိတ်များသည်Old World Vulture အုပ်စု နှင့် New World Vulture အုပ်စုဟူ၍ အုပ်စု (၂) မျိုးဖွဲ့ပြီး နေထိုင်ကျက်စားကြလေ့ရှိကြောင်း၊Old World Vulture အုပ်စုတွင် လင်းတငှက်မျိုးစိတ်ပေါင်း - ၁၆ မျိုးရှိပြီး New World Vulture အုပ်စုမှာမူ လင်းတငှက်မျိုးစိတ်ပေါင်း - ၅ မျိုး ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လင်းတမျိုးစိတ် (၆) မျိုး ကျက်စားပြီး အရှေ့ တောင်အာရှထဲ၌ လင်းတမျိုးစိတ် အများဆုံးကျက်စားကြောင်း၊ ဟိမဝန္တာလင်းတ (Himalayan Griffon) နှင့် လင်းတမည်း (Cinereous Vulture) တို့မှာ မြန်မာနိုင်ငံကို နှစ်စဉ်ဆောင်းခိုရန် ရောက်လာတက်ကြကြောင်းသိရသည်။
#Local_News #ဆောင်းခိုလဒငှက်ကြီးအုပ်စုဖွဲ့လာရောက် #YMG/NN #Yangon_Times
"တရုတ်နိုင်ငံရဲ့လန်ချန်း-မဲခေါင်ရုပ်ရှင်ပွဲတော်မှာ 'မှောင်တိုက်'နဲ့'တိမ်တွေပေါ်ကပန်း'ဇာတ်ကားအတွက် Out Stadingfilmဆုအဖြစ်ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုတံဆိပ်တွေချီးမြှင့်ခဲ့တာဖြစ်တယ်"
#Local_News
Published_7 January 2024
#'မှောင်တိုက်' #တိမ်တွေပေါ်ကပန်း #လန်ချန်း-မဲခေါင်ရုပ်ရှင်ပွဲတော်၌ဆုရ
#tthl #Yangon_Times
Page 779 of 2121