#Local_News
Published_ 19 February 2024
ယခုအပတ်တွင် စားအုန်းဆီဈေး အတက်အကျမရှိဘဲ ဈေးနှုန်းတန့်နေပြီး တစ်ပိဿာကျပ် ၅၁၄၀ ပဲ သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ပြီးခဲ့တဲ့အပတ်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်ခဲ့ပြီး ယခုအပတ်၌လည်း စားအုန်းဆီတစ်ပိဿာလျှင် ၅၁၄၀ ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၅ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#Local_News #စားအုန်းဆီဈေး #ကျပ်၅၁၄၀ပဲသတ်မှတ် #tthl #Yangon_Times
#Local_News
Published 19 February 2024
ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဇာတ်အဖွဲ့မော်တော်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်ထံက သိရသည်။
ကရင်ဇာတ်သဘင်အဖွဲ့လိုက်ပါလာသော ဇာတ်သဘင်မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဖေဖော်ဝါရီ(၁၉)ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်မှောက်မှုဖြစ်စဉ်မှာ ဘားအံမြို့ရှောင်လမ်းသစ်၊ ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဘရိတ်ပေါက်၍ ချောက်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိ၍ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ် ၏ ရှာဖွေကယ်ဆယ်ရေး အဖွဲ့မှထွက်ခွာ၍ ဖြစ်စဥ်နေရာ၌ အနီရောင်အဆင့်လူနာ (၆) ဦး အဝါရောင်အဆင့် လူနာ (၄) ဦး အစိမ်းရောင်အဆင့်လူနာ (၁) ဦး အနက်ရောင်အဆင့် လူနာ (၁) ဦး အား လိုအပ်သည်များ ဆောက်ရွက်ကူညီ၍ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဇာတ်အဖွဲ့မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #ယာဉ်ပေါ်ပါသူ၁၄ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#Local_News
Published 19 February 2024
လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် ထပ်မံသတိပေးထားခြင်းကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာ ဥပဒေအရ အရေးယူခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #လျှပ်စစ်သုံးယာဉ်(EV) #Pre_Orderဖြင့်မရောင်းချရန်ထပ်မံသတိပေး #YMG/ NN #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁)မိုင် (၃)ဖာလုံတွင် ခရီးသည်တင်ယာဉ်နှင့်ဘောက်ကားတို့ တိုက်မိသဖြင့် အမျိုးသား ၂ဦး ေ-သဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီ ၁၉ရက် နံနက် ၆နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ေ-သဆုံးခဲ့သော အမျိုးသား ၂ဦးကို medical လူငယ်များအသင်း သူနာတင်ယာဉ်နှင့် ညာတိသင်္ဂဟအသင်းသူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-မန္တလေး #ခရီးသည်တင်ကားနှင့်ဘောက်ကားတို့တိုက်မိ #၂ဦးေ-သဆုံး #YMG/LW #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ သင်္ကြန်ကာလအမှီ ရေဂါလန် နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
သင်္ကြန်ကာလ ရေကစားရန်နှင့် ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုနိုင်ရန်အတွက် ပြည်သူ့ရင်ပြင်၌ မြေအောက်ရေလှောင်ကန်တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းသို့တည်ဆောက်ရေးဆောက်ရွက်မည့် မြေအောက်ရေလှောင်ကန် အကျယ်အဝန်းမှာ အလျား ပေ ၈၀၊ အနံ ပေ ၄၀ နှင့်အနက် ၁၁ ပေရှိကာ ရေတွန်းစက်ရုံမှာ အလျားပေ ၄၀၊ အနံ ၁၈ ပေရှိ 30 HP (22kW) စက် ၄ လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေကို သွယ်တန်းရယူ၍ ဖြည့်သွင်းသိုလှောင်သွားမည်ဖြစ်ကြောင်း၊ယင်းမြေအောက်ရေလှောင်ကန်ကို လာမည့်သင်္ကြန်ကာလအမီ တည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုနိုင်မည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ဖို့အတွက် တည်ဆောက်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #မြေအောက်ရေလှောင်ကန် #နှစ်သိန်းဆံ့တည်ဆောက် #YMG/NN #Yangon-Times
#Local_News
Published 19 February 2024
မန္တလေးအောင်မြေသာစံမြို့နယ်၁၂လမ်း(Sp)ပါတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် တန်းစီတိုးဝှေ့ ကြရာလူအုပ်ပိသဖြင့် အမျိုးသမီး ၂ဦးေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် လူမှုကူညီရေး အသင်းထံ က သိရသည်။
ဖေဖေါ်ဝါရီ ၁၉ ရက် နံနက် ၂နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂ဦး ေ-သဆုံးခဲ့သည့် အပြင် အမျိုးသမီး တစ်ဦး မှာ ထိခိုက်ဒဏ်ရာ ရရှိသဖြငိ့ ဆေးကုသမှု ခံနေရကြောင်း သိရသည်။
"လူအုပ်ပိပြီး အသက်ရှူကြပ်တာက ငါးယောက်လောက်ရှိတယ်။ အခုေ-သဆုံးသူ တွေက လူအုပ်ပိပြီး လမ်းဘေး မြောင်းထဲကျသွားတာ ကျွန်တော်တို့ သွားကူညီပေးတော့ အခုေ-သဆုံးသွားတဲ့ နှစ်ယောက်ကအသက်ငွေ့ငွေ့ပဲရှိတော့တယ်။ ဆေးရုံသွားတဲ့ လမ်းမှာတင် ဆုံးသွားတာ အမျိုးသမီးနောက်တစ်ယောက်က ခြေေထာက် ထိခိုက်ဒဏ်ရာရသွားတယ်. အခုဆေးရုံ တင်ထားရတယ် ကျန်တဲ့ အသက်ရှူကြပ်တဲ့သူတွေကတော့ အဲ့နေရာမှာပဲ ကုသပေးလိုက်တာ ပြန်ကောင်းသွားတယ်"ဟု သွားရောက်ကူညီပေးသည့် ပရဟိတအသင်းမှတာဝန်ရှိသူကပြောသည်။
သေဆုံးသေဆုံးသူများမှာ ဒေါ်ခင်မျိုးအေး ၅၂နှစ် နှင့် မခိုင်ဝေ ၃၉ နှစ်တို့ ဖြစ်ကာ မန္တလေးညောင်ကွဲ အကွက်(၆၇)နှင့် အကွက်(၇) တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
မန္တလေး ပတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လာရောက်တန်းစီသူများမှာ ယခုရက်ပိုင်းတွင် အလွန်များပြားလျက်ရှိကြောင်း သိရသည်။
#Local_News #မန္တလေးပတ်စပို့ရုံး #လူအုပ်ပိမိသဖြင့်အမျိုးသမီး၂ဦးေ-သဆုံး #YMG/LW #Yangon_Times
#Local_News
Published 18 February 2024
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖြင့် အမျိုးသား အလုပ်သမား များကို စေလွှတ်ခဲ့ ပြီး ယခု နှစ်တွင် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသမီး အလုပ်သမားများကိုပါ ခေါ်ယူသဖြင့် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ယခု၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရရှိသဖြင့် ပိုမိုခေါ်ယူထားကြောင်း သိရသည်။
#Local_News #EPSစနစ် #ကိုရီးယားသို့မြန်မာလုပ်သား #YMG/LW #Yangon_Times
Page 623 of 2041