#Local_News
Published 18 January 2024
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ စျေးဟောင်းအရှေ့နားတွင်ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသည့် ကားနှစ်စီးကို မောင်းနှင်လာသည့် ကားကအရှိန်မထိမ်းနိုင်ဘဲဝင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာမှ လူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
#Local_News #ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် #YMG/LW #Yangon_Times
စက်သုံးဆီဈေးနှုန်းများ မြင့်လာတဲ့အတွက် တနယ်မှ တနယ်သို့ ကုန်စည်ပို့ဆောင်ပေးရာမှာ ကုန်စည် သယ်ယူခနှုန်းထားတွေဟာ တစ်လနဲ့တစ်လပိုမိုမြင့်လာပြီး အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီ ကုန်စည်မရောက်တာတွေပါရှိတဲ့အတွက် အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ အခြေခံစားသောက်ကုန်ရောင်းဝယ်တဲ့ ပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 18 January 2024
#ကုန်စည်သယ်ယူခနှုန်းများပိုမိုမြင့် #အရောင်းအဝယ်ပြုလုပ်သူများအခက်တွေ့
#YMG/LW #Yangon_Times
'တရုတ်လိုင်းအတွက် အဝယ်များပြားတာကြောင့် မြေပဲဆံဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပြီး တစ်လခွဲ အတွင်းတစ်ပိဿာကို ကျပ်၁၀၀၀ အထိမြင့်တက်လာခဲ့တာကြောင့်ပဲဆီ ၁၀ ပိဿာတစ်ပုံးကို တစ်သိန်းခွဲအထိဖြစ်လာပြီး အရင်လကထက်ကျပ် ၁၅,၀၀၀ အထိမြင့်တက်လာတယ်၊ ပဲဆီအော်ဒါကြိုမှာထားသူတွေကို ပေးကာနီးအချိန်မှာတော့ ကုန်ကြမ်းဈေးကွာဟတာကြောင့် တွက်ခြေကိုက်မှုနည်းပါးပြီးအခက်အခဲတွေရှိနေတယ်'
#Local_News
Published_ 18 January 2024
#စားအုန်းဆီနေရာ၌အစားထိုးသုံးစွဲ #မြေပဲဆံဈေးနှုန်းတွေမြင့်တက်
#YMG/ NN #Yangon_Times
"ပျူဘုရင်ကို လက်ဆောင်ပဏ္ဍာပို့တဲ့ သံအဖွဲ့မှာ ပါလာတဲ့ ကုန်သည်လေးနဲ့ ပျူအနုပညာရှင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံထားပြီး ပျူခေတ်သရေခေတ္တရာမြို့ရဲ့ ကြီးကျယ်ခမ်းနားပုံကို ပေါ်လွင်အောင်ရိုက်ကူးဖို့ရှိနေတယ်"
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာဦးဇော်မြင့်ဦး
#Local_News
Published_ 18 January 2024
#ပျူ၊ သရေခေတ္တရာ #ဇာတ်လမ်းတွဲရိုက်
#tthl #Yangon_Times
#Local_News
Published 18 January 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်မှုအရ သိရသည်။
နံနက် ၁နာရီ ဝန်းကျင်ခန့်က လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဉီးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁နာရီ ၄၀ မိနစ်ခန့်က မီးငြှိမ်းခဲ့ကြောင်း သိရသည်။
"ရွှေတောင်ရိုးကားဂိတ်ကားခြံမှာ လောင်တာ မီးလောင်ချိန်ကကြာပြီး မီးများတယ် လူထိခိုက်မိတယ်တော့ မကြားဘူး တန်ဆာပို့ရမယ့်ကုန်ပစ္စည်းတွေ မီးထဲပါသွားတယ်တော့ကြားတယ် သေချာတော့မသိဘူး"ဟု မြို့ခံပြည်သူတစ်ဦးကပြောသည်။ မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရေအေးကွင်းရပ်ကွက် #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published_ 18 January 2024
တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ 'ရတနာပုံတက္ကသိုလ်အသင်း' တံခွန်စိုက် ဒိုင်းဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတိုက ပူးတွဲတတိယရရှိကြသည်။
တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူကိုလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင်ကိုလည်းကောင်း၊ အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #'ရတနာပုံတက္ကသိုလ်အသင်း'တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times
#Local_News
Published 18 January 2024
ရှေးဟောင်း Classic မော်တော်ယာဉ်များ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မှတ်ပုံတင်ခြင်းများပြန်လည် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။
မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၄င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကဲ့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကာ ယခင် မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
အဆိုပါ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ၆ လကာလအတွင်း ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား www.motc.gov.mm နှင့် www.myanmarrtad.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Local_News #ရှေးဟောင်းClassicမော်တော်ယာဉ် #မှတ်ပုံတင်ခြင်းများပြန်လည်ဆောင်ရွက် #YMG/ NN #Yangon-Times
Page 620 of 1981