#Local_News
Published-19 January 2024
သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် နိုင်ငံခြားငွေဈေးကွက်သို့ ထိုင်းဘတ် သန်း ၅၀ ယနေ့ ရောင်းချပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ပြည်တွင်း၌အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် မြန်မာငွေကျပ်နှင့် ထိုင်းငွေဘတ်တို့ကို တိုက်ရိုက်ပေးချေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။
ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်တွင် ထိုင်းဘတ်ငွေဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်မှစတင်၍ တစ်ဘတ်လျှင် ၁၀၀ ကျပ်အောက် ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်အပတ်မှစတင်၍ တစ်ဘတ်လျှင် ၉၉ ဒသမ ၅၀ ကျပ်၌ ငြိမ်လျှက်ရှိသည်။
ထို့အပြင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဇန်နဝါရီ ၂ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း ရောင်းပေးထားကာ ယနေ့တွင် ဒေါ်လာ ၁၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကာယနေ့ တွင် သုံးကြိမ်မြောက်အဖြစ်ရောင်းချပေးခြင်းဖြစ်ပြီး သုံးကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၄၃ ဒသမ ၉၃ သန်း ရောင်းချပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်ကြောင်း သိရသည်။
#Local_News #နိုင်ငံခြားငွေဈေးကွက် #ထိုင်းဘတ်သန်း၅၀ #ဗဟိုဘဏ်ယနေ့ထုတ်ရောင်း #YMG/ NN #Yangon_Times
"အစ်မတော်မြနန်းနွယ်ရဲ့ (၁၁၇)နှစ်မြောက်မွေးနေ့ပွဲကို ဇန်နဝါရီ(၂၀)ရက်မှ ဆက်လက်ကျင်းပဖို့ရှိပြီး အလှူရှင်တွေ၊ အစ်မတော်နဲ့ ပဌာန်းဆက်၊ သိုက်ဆက်ရှိသူတွေလာရောက်ပါဝင်ဆင်နွှဲလှူဒါန်းနိုင်တယ်"
ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့
#Local_News
Published_ 19 January 2024
#အစ်မတော်မြနန်းနွယ်မွေးနေ့ #အလှူပွဲများကျင်းပနေ
#tthl #Yangon_Times
#Local_News
Published 19 January 2024
မန္တလေးမြို့ ၃၉လမ်း၈၄/လမ်း၈၅ လမ်းကြား မန်းမြို့ဈေးအနီးရှိ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရမှု ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများထံက သိရသည်။
ဆယ်သန်းရွှေဆိုင်သို့ အမည်မသိလူငယ်သုံးဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
''သေနတ်နဲ့လာတိုက်တာလို့ကြားတယ်။ မန်းလေး ကရွှေဆိုင်တွေမကြာခဏတိုက်ခံနေရတာ ရွှေဆိုင်တွေလဲ လန့်နေပြီပေါ့ ရွှေတွေပိဿာနဲ့ချီပါသွားတယ်ကြားတယ် ပိုက်ဆံတွေကော ပိုင်ရှင်တွေ ကိုယ်စားစိတ်မကောင်း ဖြစ်ရတယ်"ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ဓါးပြတိုက်မှုကြောင့် ဆယ်သန်းရွှေဆိုင်မှ ရွှေ၂ပိဿာခန့်နှင့် ငွေသားကျပ်သိန်း ၂၀၀ခန့် ပါသွားကြောင်း ကနဦးသတင်းများအရ သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကလည်း မန္တလေးမြို့ရှိ အောင်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များယူဆောင်သွားမှု ဖြစ်ပွားခဲ့သေးသည်။
#Local_News #ဆယ်သန်းရွှေဆိုင် #ဓါးပြတိုက်ခံရ #YMG/LW #Yangon_Times
#Local_News
Published 19 January 2024
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ဆီဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း အင်းတကော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီ ၁၉ ရက် နံနက် ၂နာရီ ၅၀မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အင်းတကော်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် စက်သုံးဆီဆိုင် အမျိုးသားဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
"ဆီသိုလှောင်ကန်အတွင်းကို ဆီဘောက်ဆာကနေ ၉၂ ဓါတ်ဆီထည့်နေတဲ့ အချိန် အလုပ်သမားတစ်ဦးက တယ်လီဖုန်းအသုံးပြုလိုက်တဲ့အတွက် မီးလောင်တာလို့ပြောတယ်"ဟု အင်းကော်မြိုခံ တစ်ဦးကပြောသည်။
ေ-သဆုံး သူမှာ အသက် ၂၀ ဝန်းကျင်ရှိပြီး အင်းတကော်မြို့အနီးရှိ နိုင်သာယာကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
#Local_News #စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် #အမျိုးသားတစ်ဦး ေ-သဆုံး #YMG/LW #Yangon_Times
#Local_News
Published_ 19 January 2024
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့မျက်နှာချင်းဆိုင် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့တယ်လို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါတယ်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်တွင် နေပြည်တော်ရှိ ဗဟိုဘဏ်၌ ကျင်းပစဉ် ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင်မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေတဲ့ အစီအမံ ၁၀ ချက်အပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အကဲဖြတ်သူများ အားလုံး ခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့မှုနှင့် သက်ဆိုင်ရာဌာနများ အနေဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါတယ်။
ထို့နောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Action Plan များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်တာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
#Local_News #အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့မျက်နှာချင်းဆိုင်အစည်းအဝေး #တိုးတက်ဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ #Ymg_mnn #Yangon_Media_Group
#Local_News
Published_ 19 January 2024
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံး ဗိုလ်လုပွဲနှင့်ဆု ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်ရှိ သိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ ပြိုင်ပွဲ ဝဏ္ဏသိဒ္ဓိ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လ မြိုင် ဇုန်အသင်း နှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်သည်။
နှစ်ဖက်အသင်းအနေဖြင့် ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ဒုတိယ ပိုင်း ပြီးဆုံးချိန် တွင်လည်း ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း ပြီးဆုံးခဲ့သောကြောင့်အချိန်ပို မိနစ် ၃၀ ကစားရာ ယင်းပွဲစဉ် တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နတီအဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားပြီး တံခွန် စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြိုင်ပွဲအတွင်း အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ် တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအ များ ဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကိုလည်းကောင်း၊ တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်း ၊ ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန် အသင်း၊ပထမ ဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ပညာရေးဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံ #ဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ် #Yangon_Times/PP
#Daily_News
Published_ 18 January 2024
၁။ ပျူမြို့သရေခေတ္တရာအကြောင်းနှင့် ပျူအနုပညာရှင်၏ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းအကြောင်း ဇာတ်လမ်းတွဲရိုက်ကူးရန်ရှိ
၂။ ကုန်ကြမ်းဈေးမြင့်တက်ခြင်းအပြင် စားအုန်းဆီနေရာ၌ အစားထိုးသုံးစွဲလာခြင်းကြောင့် အော်ဒါမှာယူမှုများပြီး မြေပဲဆီဈေးနှုန်းများမြင့်တက်လာ
၃။ ကုန်စည်သယ်ယူခနှုန်းထားများ ပိုမိုမြင့်လာပြီး လမ်းခရီးအခြေအနေကြောင့် အချိန်မီမရောက်ရှိတာမျိုးများ ဖြစ်ပေါ်သည့်အတွက် အရောင်းဝယ်ပြုလုပ်သူများ အခက်တွေ့နေ
၄။ အိုကီနာဝါစီရင်စုတွင် အမေရိကန်စစ်အခြေစိုက်စခန်းကြီး ပြောင်းရွှေ့ဆောက်လုပ်ရေးကို ဒေသခံများအပြင်းအထန်ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 619 of 1981