ပုဂံဒေသ၊မြင်းကပါကျေးရွာက နေရှေးဟောင်းယွန်းပညာအပြင် မံယွန်းပညာတွေနဲ့ အနုစိတ်လက်ရာအဖြစ် ပြုလုပ်ထားတဲ့ ရွှေတိဂုံ စေတီတော်နဲ့ ပုဂံဘုရားပုံစံငယ်တွေကို ပြည်တွင်း၊ပြည်ပဝယ်လက်အချို့တွေ ကြိုက်နှစ်သက်လို့ အွန်လိုင်းကပါ ရောင်းချလာတယ်လို့ မြင်းကပါကျေးရွာက ဘုရားပုံစံငယ်တွေဖန်တီးသူ ယွန်းအတတ်ပညာရှင်ဆီကနေသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ရထားပိုင်း ပြင်ဆင်ထားပြီဖြစ်လို့ ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို မတ်လ(၂၄) ရက် မနက် ၆နာရီခွဲမှာ စတင်ထွက်ခွာဖို့ လက်မှတ်တွေ ရောင်းခိုင်းထားပြီဖြစ်တယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိ။ ရန်ကုန်ကနေပုဂံကို သောကြာနေ့ ညနေ၄နာရီ ၁၅ မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်ပဝယ်လိုအား နည်းနေတဲ့အတွက် ယခုမတ်လကုန် ပြီးတဲ့အထိ ပဲစဉ်းငုံဈေးကွက်ဟာ အကျဈေးဘက်ကိုသာ ဦးတည်နေတယ်လို့
ကုန်သည်တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုလအတွင်း မိုးအုံ၍ ဆားအထွက်နည်းပါးနေသော်လည်း ထွက်ရှိသမျှကုန်နေတယ်လို့ မွန်ပြည်နယ်က နေလှမ်းဆားထုတ်လုပ်သူတွေဆီက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာအသင်းဟာ ဆီးရီးယားနဲ့ မတ်လ ၂၆ ရက်၊ ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့မှာ အဝေးကွင်းပွဲစဉ်ထပ်ကစားဖို့ မတ်လ(၂၂) ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး မတ်လ ၂၃ ရက်မှာ ဒါမန်းသို့ ရောက်ရှိမှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၃၈ လမ်း(၉၁x၉၂)ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၂၃ရက် နေ့လည် ၁၂နာရီ ခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၁၂နာရီ ၄၃ မိနစ် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
"" ဘယ်လို လောင်တယ်တော့မသိဘူး လူနေအိမ် မီးလောင်တာ နေ့ခင်းအပူများတဲ့ အချိန်ဆိုတော့ မီးကများတယ် အိမ်၂လုံး၃လုံးလောက် မီးထဲပါသွားတယ်""ဟု ဒေသခံတစ်ဦးကပြောသည်။
မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုး များကိုသက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Photo - Than Htay
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် ယခုရက်ပိုင်း၌ စတင်ဖွင့်လှစ် ခဲ့ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည် ။
ထိုသို့ဖွင့်လှစ်ရာတွင် မတ်လ ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဘူမိဥယျာဉ်သည် မြန်မာ နိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိဥယျာဉ်လည်း ဖြစ်ပြီးဘူမိနယ်မြေ ၁၅ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အပြင် သယံဇာတပေါကြွယ်ဝကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိသည့် နေရာများကိုလည်း ဘူမိဥယျာဉ်များ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေတွေအဖြစ် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်း လက်ရှိအချိန်ထိ သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီး ဖြစ်ကြောင်းသိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 499 of 1977