#LocalNews
Published- 15 Mar 2022
မြန်မာ-ထိုင်းနယ်စပ်ကိုပို့ဆောင်မယ့် ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကိုကျိုက်ထိုမြို့ နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ပဲခူးမှ မော်လမြိုင်ဘက်သို့ ဘိုဘို(၃၇)နှစ် မောင်းနှင်လာသည့် ISUZU ၆ ဘီး ကွန်တိန်နာဘောက်ယာဉ် အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလိုနှင့် ကတ်တမင်း ၇၉၈ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်(မြောက်ပိုင်း)မှ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
Published 15 March 2022
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှုဒါန်းပွဲ မတ်၁၄ရက် နံနက်က နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန် တော်ကြီးမှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြတယ်လို့ MOI ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအခမ်းအနားမှာ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊နစကအဖွဲ့ဝင်တွေနှင့် နစကအစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်ဆက်ကပ်အပူဇော်ခံကြမယ့် ဆရာတော်၊သံဃာတော်များနှင့် သီလရှင်ဆရာကြီးတွေကို လှူဖွယ်ပစ္စည်းတွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ပြည်တွင်း/ ပြည်ပမှ ရဟန်း ၂၈၄ ပါး၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၈ ဦးတို့အနက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ရလူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၂ ဦး၊ စုစုပေါင်း ၁၁၁ ပါး/ဦးတို့ အား သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်(၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။
#LocalNews
Published_14 March 2022
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်၊ တောနော် ရေတံခွန်အနီးမှာရှိတဲ့ တံတားကိုပြုပြင်ဖို့အတွက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ၃ ရက်ပိတ်မယ်လို့ ဒေသခံလူမှုကယ် ဆယ်ရေးအသင်းတွေက သိရပါတယ်။
#Yangon_Media_Group
Published 14 March 2022
ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါဘေးနှင့် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် လူနေမှုစရိတ်တွေမြင့်တက်လာပြီး ငွေကြေး ဖောင်းပွမှုတွေမြင့်တက်လာနေတာကို ဒီလပိုင်းအတွင်းမှာ ပြည်သူတွေ ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလှုပ်ရှားဆောင်ရွက်မှုတွေဟာ နိမ့်ကျနေဦးမယ်လို့ ဇန်နဝါရီလတုန်းက ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၆ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုနှစ်မှာ ၉ရာခိုင်နှုန်းအထိမြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်ရဲ့ဈေးတစ်ဈေးမှာ အစားအသောက်နှင့် လောင်စာဆီအပါအဝင် ကုန်ပစ္စည်းမျိုးစုံဈေးနှုန်းဟာ မြင့်တက်လာနေတာကို တွေ့ရှိခဲ့ပါတယ်။
Source: CMG
#LocalNews
Published -14 Mar 2022
ရန်ကုန်တိုင်းဒေသကြီး မြိုနယ်အသီးသီးမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေတာကြောင့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ ဟိုတယ်နှင့် တည်းခိုခန်းတွေအနေနဲ့ လုပ်ငန်းရပ်တည်ရေး အခက်အခဲဖြစ်လာနေတယ်လို သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published- 14 Mar 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး Home Isolation ထားရှိသူနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသူ(၁၂)ဦးတို့ ရောဂါပျောက်ကင်းသွာတာကြောင့်ဆေးရုံဆင်းလက်မှတ်များပေးအပ်ကာ နေအိမ်အသီးသီးတွင် Home Quarantine (၇)ရက် အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ရောဂါပိုးတွေ့ရှိသူများမှာ လေယာဉ်စီးနင်းလိုက်ပါကြမည့်ခရီးသည်များ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူများဖြစ်ပြီး ကျန်းမာရေးဌာန၏လမ်းညွှန်ချက်ဖြင့် Home Isolation ထားရှိသူ(၈)ဦးနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ(၄)တို့မှာ ယခုအခါ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်သဖြင့် ၎င်းတို့၏နေအိမ်အသီးသီးတွင် Home Quarantine (၇) ရက် အသွားအလာကန့်သတ်၍ နေထိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
"အားလုံးကို နေအိမ်မှာ ၇ ရက်နေထိုင်ဖို့ ကန့်သတ်ထားပါတယ် ရခိုင်ပြည်နယ်အနေနဲ့က ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုစတင်တာကြောင့် ယခုလို အိုမီခရွန်ဖြစ်ပွားနေတဲ့ကာလမှာ ကျန်းမာရေးအရ စစ်ဆေးမှုကိုတင်းကြပ်ထားပါတယ်"လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ၂၈ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၅၃)ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသူပေါင်း(၄၄)ဦးရှိကာ လက်ရှိတွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ (၆)ဦးနှင့် Home Isolation ထားရှိသူ (၃)ဦး၊ စုစုပေါင်း(၉)ဦးသာကျန်ရှိကာ သေဆုံးသူမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_14 March 2022
လျှပ်စစ် သုံးစွဲသူတွေအနေနဲ့ မီးပြတ်ချိန် ၊ မီးလာချိန်ကို တိတိကျကျ မသိရတာကြောင့် အခက်အခဲ ဖြစ်နေကြပါတယ်။
#Yangon_Media_Group
Page 1869 of 1946