#Local_News
Published-26 September 2022
ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ သကြားကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တင်ပြထားတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 September 2022
သွားလာစရိတ်တွေတိုးလာတဲ့အတွက် ရန်ကုန်မြို့အတွင်းမှာ စက်ဘီးနဲ့ရုံးသွားရုံးပြန်လုပ်မယ့်သူတွေ တိုးလာနိုင်ပြီး ဘေးအန္တရာယ်ကင်းကင်းစီးနှင်းနိုင်ဖို့ သိသင့်သိထိုက်တာတွေသိထားဖို့ လိုအပ်တယ်လို့ Bicycle Network မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 26 September 2022
ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် အကယ်ဒမီ မီးလင်းရွှေေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၉ သိန်း ၃သောင်း လေးထောင် ကျပ်ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ မနက်ပိုင်းအဖွင့်ဈေးအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 26 September 2022
၁။ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားလျှင် ၂၉သိန်းကျော်ဖြင့် ဈေးငြိမ်နေပြီး ပြင်ပဈေးကွက်တွင် ဈေးကစားမှုများရှိနေ
၂။ စက်ဘီးဖြင့် ရုံးသွားရုံးပြန်လုပ်မည့်သူများတိုးလာနိုင်၊ ဘေးကင်းစွာစီးနင်းရန်လိုဟုဆို
၃။ တရုတ်နိုင်ငံသို့ သကြားတင်ပို့နိုင်ရန် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တင်ပြထား
၄။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရထားဖြင့် သွားလာရခက်ခဲနေသူတွေအတွက် ဆိုလာစွမ်းအင်သုံးရထားအား တောင်အာဖရိကဆယ်ကျော်သက်များ တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Pubblished- 26 September 2022
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၆၆၀ ကျပ် ထုတ်ပြန်ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published-26 Setember 2022
ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်သစ်ပေါ်လာချိန်နီးလာသော်လည်း ဆန်ဟောင်းဈေးနှုန်းမှာ ကျဆင်းလာခြင်းမရှိပဲ အမြင့်ဈေးတွင်ဆက်ရှိနေကြောင်း ဆန်ရောင်းချသူ ဦးဝင်းနိုင်က ပြောသည်။
ဆန်ဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ဟောင်းများမှာ အမြင့်ဈေးတန်းတွင်တည်ငြိမ်နေပြီး အရောင်းအဝယ်ထိုင်းနေကြောင်း၊ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆန်ဈေးကွက်တွင် ဆန်သစ်များပေါ်လာမည်ဖြစ်၍ ဆန်ဟောင်းများ အရောင်းအဝယ် ပြန်သွက်လာနိုင်ပြီး ဈေးမြင့်တက်လျှင်လည်း အနည်းငယ်သာမြင့်တက်နိုင်ကြောင်း ယင်းက ပြောသည်။
“ဆန်ဈေးက ကျလည်းမကျဘူး။ အမြင့်ဈေးမှာပဲရှိနေတယ်။ အဟောင်းကလည်း ၉ လနဲ့ ၁၀ လပိုင်းဆိုကုန်ပြီ။ ဆန်ဟောင်းရောင်းကောင်းမယ်။ ဈေးတက်ရင်လည်း ပါးပါးပဲဖြစ်နိုင်တယ်” ဟု ယင်းက ပြောသည်။
လာမည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်အသစ် ပေါ်လာမည်ဖြစ်ရာ ယင်းမတိုင်ခင်အထိ လက်ရှိ ဆန်ဈေးနှုန်း အလားအလာသည် ခန့်မှန်းရခက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်တွင်း စားသုံးမှု အများဆုံးဖြစ်သော ဆန်ချော အမျိုးအစားများမှာ ရွှေဘိုဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ရန်ကုန် ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတော၊ ဧရာပဒေသာ၊ မနောသုခ၊ ရွှေသွယ်၊ နွေဇီယာ စသည်တို့ ဖြစ်ပြီး ယင်းတို့အနက် ရွှေဘိုဘေးကြား ဆန်အမျိုးအစားသည် ဝယ်လိုအား အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ယခင်ကနယ်စပ်ကနေ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် တရုတ်ကိုတင်ပို့သည့်ဆန်မှာ လျော့ကျသွားခဲ့ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published - 26 September 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲမှ ရဟတ်ယာဉ်အမှုများကို ယနေ့ စက်တင်ဘာလ ၂၆ ရက်က နေပြည်တော်အကျဉ်းထောင် အထူးတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲ ဖြစ်သော ရဟာတ်ယာဉ်အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမှတ် ၄၇ နှင့် ၄၈ တို့အတွက် တရားလိုပြသက်သော ယခင်လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းအား စစ်ဆေးခဲ့ကာ ယနေ့တွင်လည်း ဦးနေဝင်းအားထပ်မံ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့က ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အမှုအမှတ် ၄၉ နဲ့ ၅၀ ကို စစ်တယ်။လိုပြသက်သေ ဦးနေဝင်း ကို စစ်တယ်။ မနက်ဖြန်မှာတော့ လိုပြသက်သေ နောက်တစ်ယောက်ကို စစ်မှာပါ။ ဦးနေဝင်းကို စစ်တာပြီးသွားပြီ"ဟု တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။
လာမည့် စက်တင်ဘာလ ၂၉ ရက်တွင် သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်နှင့် ပူးတွဲအမှုဖြစ်သည့် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) နှင့် ပတ်သက်၍လည်းအမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကို ချမှတ်ခံထားရပြီး ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1868 of 2354