#LocalNews
Published_1 April 2022
ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော ဘုရာဖူးအမျိုးသမီးငယ်တစ်ဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) က သိရသည်။
အဆိုပါ အမျိုးသမီး မှာ မတ်လ ၃၀ ရက်နေ့မွန်းလွဲ ၂ နာရီခန့်က ဘုရားဖူးလာရောက်သူဖြစ်ပြီး အဆိုပါအမျိုးသမီးငယ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ဧပြီလ ၁ ရက် နံနက် ၈ နာရီခွဲခန့်က အထက်ရေတံခွန်ဘုရားလေးအနီး မရမ်းပင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာများရရှိထားကာ သစ်ရွက်သစ်ခက်များဖြင့် ဖုံးအုပ်ထားကြောင်းလည်း သိရသည်။
"အခုက ဒဏ်ရာတွေနဲ့ဆိုတော့ အလောင်းကို ဖျောက်ပစ်လိုက်တဲ့သဘောတွေ့ရတယ်လို့ ပြောနေကြတယ်။မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးနေတုန်းပါပဲ။အသတ်ခံရတာလားဆိုတာမျိုးကို စစ်ဆေးနေတာ၊ဆေးရုံမှာပဲ စစ်ဆေးနေကြတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) ၏ တာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 31 March 2022
နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ် လိုက်ကြောင်း နစက ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန် လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်ဖြစ်တယ်လို့ ဖော်ပြပါထားပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြင်ဆင်သတ်မှတ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ် ပြည့်သည့်နေဟု နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#LocalNews
Published -31 Mar 2022
ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော ဘုရာဖူးအမျိုးသမီးတစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(နောင်လုံ)ကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 31 March 2022
ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်ရှိလာပြီး လက်ရှိမှာ ၎င်းစစ် ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_31 March 2022
နစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ဖိတ်ကြားချက်အရ ဒီကနေ့ မနက် ၇ နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထွက်ခွာသွားပါတယ်။
#Yangon_Media_Group
#LocalNews
Published - 31 Mar 2022
မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးတွင် (၃)မိုင်ဘက်မှ ကြိမ်ချောင်းဘက်သို့ လှထွန်းစိန် မောင်းနှင်ပြီး ဦးသန်းနု၊ ထွန်းအောင်သိန်း တိုလိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ ပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ မွန်းလွဲ ၁ နာရီအချိန် မောင်တောမြို့နယ်၊ သရေကုန်းဘောင်ကျေးရွာနေ မတင်ကြည်၏နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ ခင်မောင်ဦး၊ ခိုင်မိုးလင်း၊ မောင်ထွေးတင်၊ လေးမြင့်ဦး၊ မာမာတ်ရှော်ဟီးတို့ ၆ ဦးအား တွေ့ရပြီး သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း၊ မြန်မာငွေကျပ် ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းကျော် သိမ်းဆည်းရမိခဲ့တာကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_31 March 2022
ရခိုင်ပြည်နယ်တွင် ကျောင်းသားကျောင်းသူ ၃,၈၀၀ ကျော် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
စာမေးပွဲ ဖြေဆိုရန်စာရင်းပေးထားသူ ၄၅,၆၀၀ ဦးရှိသည့်အနက် ၄၁,၇၅၃ ဦး ဖြေဆိုခဲ့သည့်အတွက် ၃,၈၄၇ ဦး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းကြောင့် အဆိုပါစာရင်းများကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁ ဒသမ ၅၆ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ ၈ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း ၊ လက်ရှိတွင် စာမေးပွဲ ဖြေဆိုရာတွင် မသန်စွမ်း ၆ ဦးနှင့် ဆေးရုံတွင်ဖြေဆိုမည့်သူ ၁ ဦးပါကြောင်းလည်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ လာမည့် ဧပြီလ ၉ ရက်အထိ ကျင်းပနေခြင်းဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၈ ခုရှိပြီး လုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1861 of 1970