#Local_News
Published - 17 August 2022
ပို့ကုန်မူဝါဒသတ်မှတ်ချက်တွေကြောင့် ပြည်ပ ပြောင်းတင်ပို့မှုအခြေအနေမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ပြောင်းကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_17 August 2022
ရန်ကုန်တိုင်းမှာ ရေကြီးရေလျှံတွေဖြစ်ပွားနေပြီး မင်္ဂလာဒုံမြို့နယ်အတွင်း ရေနစ်မြုပ်နေတဲ့နေအိမ်တွေက ပြည်သူတွေကိုဘေးကင်းရာကိုရွေ့ပြောင်းပေးနေတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 17 August 2022
၁။ ရန်ကုန်တိုင်းတွင် ရေကြီးရေလျှံဖြစ်နေ၊ မင်္ဂလာဒုံမြို့နယ်အတွင်းရေနစ်မြုပ်၍ စားရေးခက်ခဲသူရာချီရှိ
၂။ ပို့ကုန်မူဝါဒ သတ်မှတ်ချက်ကြောင့် ပြောင်းတင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ
၃။ ယွမ်ငွေတန်ဖိုးတက်သည့်အတွက် တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့သူများ တွက်ခြေကိုက်နေ
၄။ ယောဂသင်တန်းများကို လူတန်းစားမရွေးတက်ရောက်နိုင်စေရန် ယူကေမှယောဂဆရာမများ ကြိုးပမ်းလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_17 August 2022
သြဂုတ်လ(၁၇)ကရက် ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ရန်ကုန်(ကမ္ဘာအေး) နဲ့ရခိုင်ပြည်နယ်၊ ကျောက်ဖြူတို့မှာ မိုးရေချိန်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _17 August 2022
ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်ခန်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးများအပါအဝင် ၁၇၃ဦးကို ယနေ့မွန်းလွှဲပိုင်း၌ နေရပ်သို့ပြန်ပို့ပေးခဲ့သည်။
ရနောင်းမြို့မှတဆင့် စက်လှေများဖြင့် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မြန်မာအမျိုးသမီး ၅၂ဦး ပါဝင်ခဲ့ကြောင်း သိရသည်၊၊
ယခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း ထိုင်းအချုပ်များမှ ကော့သောင်းမြို့သို့ မြန်မာရွှေ့ပြောင်းလုပ်သား ၈၄၅ဦးအထိ ပြန်လည်လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ သုံးလအတွင်း ငါးကြိမ်မြောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂၉၁ဦး ပါဝင်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံရဲ့ လဝက အချုပ်ခန်းတွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပြည့်နေပါတယ်၊ တစ်ချို့ဆိုရင် ၃လကနေ ၄လ နေရတဲ့ လူတွေရှိပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ နယ်စပ်ဒေသအားလုံးဖွင့်ပြီး ထိုင်းနိုင်ငံက အချုပ်ခန်းတွေထဲမှာ လွတ်ရက်စေ့ပြီ မြန်မာပြည်ပြန်ဖို စောင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပုံမှန်ပြန်ပြီးလက်ခံဖို့ စီစဉ်သင့်ပါတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
ကော့သောင်းမြို့ဘက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးမှုများ၊ အသိပညာပေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်စစ်ဆေးမှုများလည်း ပြုလုပ်ပေးခဲ့သည်။
ယခုတစ်ခေါက်မှာ ယခင်အချုပ်လွှတ်တွေနှင့်မတူဘဲ ပြန်လည်ရောက်ရှိလာသူအားလုံးကို RTDဖြင့် ကိုဗစ်စစ်ဆေးမည်ဖြစ်ပြီး ထိုင်းဘက်ခြမ်းမှာ ကိုဗစ်၂ကြိမ်နှင့် အထက် ထိုးပြီးသူများလည်း ကွာရန်တင်း ဝင်ရမည်ဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ် ကာကွယ်ဆေးမထိုးနှံရသေးသူများ
ကွာရန်တင်းဝင်ရမှာ ဖြစ်သည်။
ကွာရန်တင်းကာလကို (၇)ရက်သတ်မှတ်စောင့်ကြည့်မှာဖြစ်ပြီး ကွာရန်တင်း ပြီးလျင် ထိုးနှံပြီးကြောင်း အထောက်အထားစာရွက်ပေးမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/NN
#Yangon_Media_Group
#Local_News
Published_17 August 2022
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ကောင်စစ်ဌာနဝန်ထမ်း ၄ဦးတွင် ကိုဗစ်ပိုးတွေ့၍ သံရုံးတံဆိပ်တုံး ထုတ်ပေးမှု(၆)ရက် နားမည်ဖြစ်ကြောင်း အဆိုပါ သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ၄ ဦးတွင် ကိုဗစ်ပိုးအတည်ပြုချက် ထွက်လာသောကြောင့် ဝန်ထမ်းအင်အား မလုံလောက်သောကြောင့် သံရုံးတံဆိပ်တုံး ပြန်လည်ထုတ်ယူမည့်သူများအနေဖြင့် ယနေ့ ဩဂုတ်လ ၁၇ရက်(ဗုဒ္ဓဟူးနေ့)မှ ဩဂုတ်လ၂၂ရက်(တနင်္လာနေ့)အထိ သံရုံးတံဆိပ်တုံး ထုတ်ပေးနိုင်မည် မဟုတ်ကြောင်း အသိပေးကြေငြာထားခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Publidhed_ 17 Aug 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဘောကျင်း၌ ဒီကနေ့ ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ မီးလောင်ရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်း၊ စက်ဆန်းနယ်မြေမီးသတ်စခန်း၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းနှင့် ဆိတ်ကြီးခနောင်တို မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုအား နံနက် ၁၀ နာရီ ၃၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ymg_mnn
#Yangon_Media_Group
Page 1857 of 2257