#Local_News
Published_ 17 October 2022
ရန်ကုန်တိုင်းထဲက နွမ်းပါးတဲ့စာသင်ကျောင်းတွေကို ရွေးချယ်ပြီး ကျန်းမာရေးအသိပညာပေးတာ၊ သွားရောဂါအခမဲ့ ကုသပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_17 October 2022
ဒီဘဏ္ဍာနှစ်ရဲ့ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၃ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_17 October 2022
ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှုတွေနှင့်ဆက်စပ်သည့် သံသယဖြစ်ဖွယ် ငွေစာရင်းများကို ပိတ်သိမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံ ဘဏ်များအသင်းဝင်ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှတစ်ဆင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးက တောင်းခံလာသည့် ငွေကြေးခဝါချမှု/ အကြမ်းဖက်မှုများကို ထောက်ပံ့ကြောင်း
သံသယဖြစ်ဖွယ် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရကြောင်း ဖော်ပြထားသည်။
အဆိုပါ သတင်းပေးပို့ချက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ငွေစာရင်းတွေကို ယာယီငွေသွင်း/ငွေထုတ် တားမြစ်ခြင်း၊ အပြီးတိုင်ငွေစာရင်းပိတ်သိမ်းခြင်းစသည်တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဘဏ်များအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် တရားရုံးဆုံးဖြတ်ချက်အရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရေး ညွှန်ကြားချက်များအတိုင်း စာရင်းများပိတ်သိမ်းဆည်းကာ နိုင်ငံတော်ကို အပ်နှံခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 17 October 2022
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၁၄၈)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားပါတယ်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီဖြစ်သည့် Lovely World Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Sino –Thai Engine- ering & Construction Public Co,Ltd သို့ အမျိုးသားအလုပ်သမား(၁၀၀)ဦး နှင့် Champace Co,Ltd သို့ အမျိုးသားအလုပ်သမား(၄၈)ဦး စုစုပေါင်းအလုပ်သမား(၁၄၈)ဦးကို (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
အလုပ်သမားများကို ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။
သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင်မှ တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်တဲ့ စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံ ရှိ အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီသို့စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။

#ymg_mnn
#Yangon_Media_Group
#Local_News
Published_17 October 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် ၎င်းတို့အသင်းနှင့်ပတ်သက်ပြီး ထိခိုက်ပြောဆိုရေးသားမှုတွေကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
လူမှုကွန်ရက်တွင် “ အခေါက်ရွှေ ရောင်းသူဝယ်သူ တိုက်ရိုက်” ဖေ့ဘုတ်ပေ့ချ်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းအသင်း (YGEA) နှင့် ပတ်သက်သည့် သတင်းအမှားတွေကို ရေးသားဖော်ပြနေကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
ယင်းအပြင် မဟုတ်မမှန်ဖော်ပြရေးသားမှုမျိုးကို ထပ်မံမပြုလုပ်ရန်နှင့် အသင်းကို ထိခိုက်စေသည့် မည်သည့်ရေးသားမှုမျိုးကိုမဆို တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
လက်ရှိတွင်လည်း ဗဟိုဘဏ်မှ တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်သူများကို အရေးယူမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _17 October 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို စွဲချက် တင်သင့်မတင်သင့် မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့အောက်တိုဘာလ ၁၇ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ မျက်မြင်သက်သေနှစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ပြီး အပြီးသတ် လျှောက်လဲချက်များ ပေးခဲ့ကြရကြောင်းလည်း သိရသည်။
"ဒီနေ့ ရှာဖွေသက်သေ နှစ်ယောက်ဖြစ်တဲ့ ရာအိမ်မှူးတွေကို စစ်ဆေးတယ်။ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးခဲ့တယ်။ ၅ မှုလုံးအတွက်၊ စွဲချက်မတင်သင့်ဘူးဆိုတာတွေကို ပြောခဲ့တာပေါ့။မနက်ဖြန်ကျရင် စွဲချက်တင်သင့် မတင်သင့်ကို အမိန့်ချမယ်"ဟု အဆိုပါ နီးစပ်သူက ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ်နှစ်ထောင်ဒဏ်၂၆ နှစ်ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 17 october 2022
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ အောက်တိုဘာ ၁၇ရက်မှ ၂၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ်ပိဿာလျင် ကျပ် ၃၉၆၀ သတ်မှတ်ထားရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အပတ်တွင် တစ်ပိဿာလျင် ကျပ် ၃၈၈၀ ရှိသည့်အတွက် ယခုအပတ်နှင့်နှိုင်းယှဉ်လျင် ကျပ် ၈၀ နီးပါးဈေးပြန်တက်သွားခဲ့တာပါ။
စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းတွေကို အဓိကတင်ပို့နေသည့် နိုင်ငံများရဲ့ ဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များနှင့် အခွန်အခများပါ ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်းဆီကို ဈေးကစားရန် ရည်ရွယ်ချက်များဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကိုလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#ymg/NN
#Yangon_Media_Group
Page 1758 of 2288