Published 15 Oct 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုတိုင်းမှာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ရလာဒ်တွေရရှိခဲ့တယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားပါတယ်။
အောက်တိုဘာ ၁၅ ရက်နံနက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA )ချုပ်ဆိုခြင်း (၇)နှစ်မြောက်အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Source: Local Channels
#NCA_EAO_Myanmar
#SG_Min_Aung_Hlaing
#Myanmar_Politics
#Local_News
Published _ 15 october 2022
တောင်ကိုရီးယားနိုင်ငံသို့ လာမည့် တပတ်ကျော်အတွင်း၌ မြန်မာလုပ်သား ၃၀၀ ကျော်ထပ်ပြီး စေလွှတ်သွားရန်ရှိနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ထုတ်ပြန်ထားသည်။
စေလွှတ်မယ့်လုပ်သားများမှာ အောက်တိုဘာလ ၂၄ရက်တွင် ကုန်ထုတ်လုပ်ငန်းအတွက် ၁၃၀ ဦး၊ စိုက်ပျိုးရေးလာပ်ငန်းအတွက် ၁၉ဦးတို့ဖြစ်ကြောင်း POEAရဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအပြင် အောက်တိုဘာလ ၂၆ရက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ၃ဦး၊ ကုန်ထုတ်လုပ်ငန်းအတွက် ၁၅၉ဦးတို့အား စေလွှတ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သွားရောက်လုပ်ကိုင်ခွင့်ရှိသူများရဲ့ အမည်စာရင်းတွေပါ POEA မှ ထုတ်ပြန်ထားပြီး စာရင်းပါသူများအနေနှင့် ကြိုတင်အာမခံကြေး၊ လေယာဉ်လက်မှတ်ခနှင့် ဝန်ဆောင်ခပေးသွင်းရန် လာမည့် အောက်တိုဘာလ ၁၈ရက်မတိုင်မီ ရုံးသို့လာရောက်ဆက်သွယ်ရန်လည်း အသိပေးထားရှိသညိ။
ယခုစေလွှတ်မည့် အလုပ်သမားများဟာ အလုပ်သမားအသစ်များဖြစ်ကြပြီး လုပ်သားဟောင်းတွေ ပါဝင်ခြင်းမရှိပါဘူး။
တောင်ကိုရီးယားနိုင်ငံဟာ ဒီနှစ်ဆန်းကစပြီး မြန်မာလုပ်သားများ ဆက်တိုက်ပြန်လည်ခေါ်ယူနေပြီး လက်ရှိ အဆိုပါနိုင်ငံတွင် မြန်မာလုပ်သား ၄၅,၀၀၀ လောက် တရားဝင်ရောက်ရှိ လုပ်ကိုင်လျှက်ရှိနေကြောင်း မှတ်တမ်းတွေအရ သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published – 15 October 2022
ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိကျဆင်းလာကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
ယင်းအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၃၈၈၀ ကျပ် သတ်မှတ်ထုတ်ပြန်ပေးထားသည်။
အောက်တိုဘာလ ပထမပတ်အတွင်း ပြည်ပမှ စားအုန်းဆီတန်ချိန်ပေါင်း၂၇၉၃၈ တန် တင်သွင်းခဲ့ပြီး ဈေးကွက်အတွင်း၌လည်း အခြေခံစားသောက်ကုန်အချို့မှာ ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published-15 October 2022
ပြီးခဲ့သည့် အောက်တိုဘာ (၁၂) ရက်ကနေစပြီး တစ်ကျပ်သားကို ကျပ် ၂၅ သိန်းဖြင့် ရောင်းချပေးနေသည့် မီးလင်းရွှေအတုံးအခဲ (၁၃) ပိဿာကျော်ကို ရောင်းချပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေအတုံးအခဲတွေကို ထုတ်ရောင်းပေးနေခြင်းကြောင့် ပြီးခဲ့သည့် ရက်တွေက ဝယ်လိုအားများခဲ့ပြီး နောက်ပိုင်းတွင် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၅ ရက်) ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်ကို အမေရိကန်ဒေါ်လာ ၁၆၄၃ ထိကျဆင်းလာပြီး ပြင်ပရွှေဈေးကွက်အတွင်းမှာလည်း ရွှေဈေးနှုန်းသည် ၂၆ သိန်းကျော်ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။ ယနေ့အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေးနှုန်းမှာ ၁၉၃၇၀၀၀ ဖြစ်ပြီး အဆိုပါ ဈေးနှုန်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားတာဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် ရောင်းချပေးနေသည့် ရွှေတုံး/ရွှေခဲတွေကို နေ့စဉ် ရွှေပေါက်ဈေးထက် လျှော့ချရောင်းချပေးတာဖြစ်ပြီး ရွှေလုပ်ငန်းရှင်များအသင်းက ရောင်းချပေးသည့်ရွှေကို သက်ဆိုင်ရာ တံဆိပ်အတိုင်း ရွှေဆိုင်များတွင် ပြန်လည်ရောင်းချနိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 14 Oct 2022
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁၄ရက်က ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါရွေးချယ်ပွဲမှာ နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက် ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် ၎င်းတို့စိတ်ပါဝင်စားမှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြတာဖြစ်ကြောင် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးနှင့် အဖွဲ့ဝင်တွေဟာ ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးဟာ ပြင်ဦးလွင်မှာရောက်ရှိနေပြီး တပ်မတော်အတွက် စစ်လက်ရုံးရွေးချယ်ပွဲတွေကို တက်ရောက်နေလျက်ရှိရာမှာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၅)ရဲ့ စစ်လက်ရုံးရွေးချယ်ပွဲတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေက တက်ရောက်ရွေးချယ်ပေးခဲ့ပါတယ်။
-ymg/knl

#Local_News
Publidhed_14 October 2022
ဒေသတွင်းငြိမ်းချမ်းမှုမရှိတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ဒေသတို့ကို ပြည်ပခရီးသည်ဝင်ရောက်ခွင့်မပြုထားဘူးလို့ Myanmar Voyages International Tourism ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 14 October 2022
ဆိပ်ဖြူမြို့ ကြက်သွန်နီ ကုန်စည်ဒိုင်ဆီ စက်တင်ဘာလ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်တွေဟာ ဆိပ်ဖြူမြို့နယ်ဒေသ နေရာအနှံအပြားကနေ နေ့စဉ်ဝင်ရောက်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1762 of 2288