#Local_News
Published_26 August 2022
မြန်မာ့လက်ဝှေ့က အနားမယူခင် နိုင်ငံတကာက ဖိုက်တာကောင်းတွေနဲ့ ပွဲတည်ပေးခဲ့တာတွေရှိရင် မြန်မာ့လက်ဝှေ့အစွမ်းကိုပြချင်တယ်လို့ မြန်မာအလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 August 2022
မြန်မာ့သစ်ကို မူလအတိုင်း အမေရိကန်ဒေါ်လာနဲ့ပဲ ပြန်ပြီးတော့ ရောင်းချတော့မှာပါ။
#Yangon_Media_Group
#DailyNews
Published - 26 August 2022
၁။ မြန်မာ့သစ်ကို မူလအတိုင်း ကန်ဒေါ်လာဖြင့် ပြန်လည်ရောင်းချမှု ယခုလကုန်ပိုင်းစမည်
၂။ နိုင်ငံတကာဖိုက်တာကောင်းများနှင့် မြန်မာ့လက်ဝှေ့အစွမ်းကို ပြသလိုဟု ချန်ပီယံထွန်းထွန်းမင်းပြော
၃။ ဒီဇယ်မျိုးစုံ ၁ လီတာ ၁၇၀ ကျပ် ထပ်မံမြင့်တက်လာ
၄။ စက္ကူလုံးမျက်လှည့်ပြကွက်ဖြင့် နာမည်ကြီးလာသည့် ဘယ်လ်ဂျီယမ်မျက်လှည့်ဆရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 26 August 2022
အခုဘဏ္ဍာနှစ် ၄ လကျော်ကာလအတွင်းမှာ ရေထွက်ပို့ကုန် ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၂၇ သန်းကျော် ပို့ကုန်ဝင်ငွေရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 26 August 2022
တရားမဝင်မြန်မာလုပ်သား ၁၀ဦး လိုက်ပါလာသည့် ကားတစ်စီးကို ထိုင်းအာဏာပိုင်များမှ ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှာ ဖမ်းမိခဲ့ပြီး နောက်ထပ်ကားနှစ်စီးမှာ မောင်းပြေးသွားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရန် တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများလိုက်ပါလာသည့် ကားသုံးစီးဟာ ခရီးသည်တင်ကားပုံစံဖြင့် မယ်ဟောင်ဆောင်-ဘန့်ရတ်ထိုင်လမ်းမှာ မောင်းနှင်လာတုန်း မယ်ဟောင်ဆောင်အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြချက်အရ သိရသည်။
ကြိုတင်သတင်းအရ ထိုကားသုံးစီးကို ထိုင်းအာဏာပိုင်များက စစ်ဆေးခံရန် ရပ်တန့်ခိုင်းသော်လည်း မောင်းပြေးခဲ့ခြင်းဖြစ်သည်။
မယ်ဟောင်ဆောင်ခရိုင်လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များမှ လိုက်လံဖမ်းဆီးခဲ့ရာ ဘန့်ဟွေ့ခမ်ရွာတံတားနားမှာ ကားမတော်တဆမှုတစ်ခုကြောင့် လမ်းပိတ်ထားသောကြောင့် ရှေ့ဆက်မောင်းနှင်ခြင်းမပြုနိုင်သည့် မြန်မာလုပ်သားများ တင်လာသည့် ကားတစ်စီးကို ဖမ်းမိခဲ့မိကြောင်း သိရသည်။
တခြားနှစ်စီးက မောင်းပြေးသွားခဲ့သောကြောင့် အနီးအနားရွာများ၌ ထိုင်းအာဏာပိုင်များမှ ဆက်လက်ရှာဖွေနေလျှက်ရှိသည်။
အဖမ်းခံရသည့် ကားပေါ်၌ တရားမဝင်မြန်မာလုပ်သား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၇ ဦးလိုက်ပါလာပြီး မယ်ဟောင်ဆောင်ဒေသခံ ထိုင်းလူမျိုးက ယင်းကားကိုမောင်းနှင်ခြင်းဖြစ်ကြောင်း သိရသည်။
ကားသုံးစီးနှင့် လိုက်ပါလာသည့် တရားမဝင်မြန်မာလုပ်သားများဟာ မြန်မာနယ်စပ်မှ ပွဲစားအချိတ်အဆက်ဖြင့် ထိုင်းနိုင်ငံတွင်းသို့ ရောက်လာခြင်းဖြစ်ပြီး ဘန့်ရတ်ထိုင်မှ ချင်းမိုင်နှင့် လမ်ဖွန်ခရိုင်မှ ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားပို့နေစဉ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကားသမား၏ ထွက်ဆိုပြောကြားချက်အရ သိရသည်။
အဖမ်းခံရသည့် မြန်မာလုပ်သား ၁၀ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် ပွဲစားခ တစ်ဦးလျှင် ဘတ်သုံးသောင်းခွဲ ပေးခဲ့ရကြောင်း သိရသည်။
အဖမ်းခံရသူတွေကို အရေးယူရန် မယ်ဟောင်ဆောင်မြို့၊ မောက်ကျန်ပဲ ရဲစခန်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_26 August 2022
အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on)သည်နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်း (Low-Pressure Cell) အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on)၏ အရှိန်ကြောင့် သြဂုတ်လ(၂၆ )ရက်မှ (၂၈)အတွင်း ဒေသတော်တော်များများတွင် မိုးသည်းထန်မည်ဖြစ်သည်၊၊
အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်(၁၂) နာရီအတွင်းလာအိုနိုင်ငံမြောက်ပိုင်းသို့ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ်လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်း (Low-Pressure Cell) အဖြစ် လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ထားသည်၊၊
အဆိုပါ အပူပိုင်းမုန်တိုင်း “မ-အွန်” (Ma-on)၏ အရှိန်ကြောင့် သြဂုတ်လ(၂၆ )ရက်မှ (၂၈)အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published-26 August 2022
ပြည်ပပို့ကုန်ပဲများ၊ ပြည်တွင်းသုံးကုလားပဲများနှင့် မြေပဲဆံဈေးများမှာ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပဲကုန်သည်များထံမှ သိရသည်။
ပြည်ပသို့တင်ပို့သည့် ပို့ကုန်ပဲများမှာ အတတ်ဈေးဖြင့် ရပ်နေသော်လည်း ဈေးငြိမ်ပြီးအရောင်းအဝယ်သွက်နေပြီး မတ်ပဲတစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ ပဲစင်းငုံတစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်၊ ပဲတီစိမ်းတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ရှိကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းသုံးကုလားပဲနှင့် မြေပဲဆံဈေးနှုန်းမှာ ယခင်ထက်ဈေးမြင့်တက်လာကြောင်း၊ အချို့ဈေးကွက်များတွင် ပဲလက်ကျန်မရှိသလောက်ဖြစ်နေပြီး ဈေးကွက်အနေအထားကိုစောင့်ကြည့်၍ ရောင်းချနေကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ဒေါ်လာဈေးအပြောင်းအလဲနှင့် လက်ကျန်ပဲမရှိသလောက်နည်းပါးခြင်းကြောင့် ပဲဈေးနှုန်းမြင့်တက်နေပြီး မန္တလေးပဲဈေးကွက်နှင့် ရန်ကုန်ပဲဈေးကွက်မှာ အရောင်းအဝယ်သွက်နေကြောင်းသိရသည်။
Ymg/STH
#Yangon_Media_Group
Page 1747 of 2167