#LocalNews
Published_9 January 2023

 

ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအပါအဝင် မြို့နယ်အချို့တွင် လျှပ်စစ်မီးယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်သည်။

 

ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၃ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ် ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြုပြင်နေစဉ်တွင် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group